KIAနှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ


Friday, 17 June 2011 21:48 KNG

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်း၊ မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲတွင် ယနေ့သောကြာနေ့တိုက်ပွဲတွင် မြန်မာစစ်သား ၁၇ ဦးကျဆုံးသွားသည်ဟု ဆင်ဘိုဒေသခံများပြောသည်။

မြန်မာစစ်သား ၅ ဦးမှာ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံးပြီး ကျန် ၁၂ ဦးမှာ နေ့လည်ပိုင်းတိုက်ပွဲတွင် ကျဆုံးသွားသည်ဟု လိုင်ဇာ KIO ဌာနချုပ်မှ အတည်ပြုပြောဆိုသည်။

ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ နှင့် ဆင်ဘိုဒေသမှ KIA တပ်ရင်း ၅ တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။

၎င်းမြန်မာတပ်သည် KIA တပ်ရင်း ၅ အနီးသို့တပ်ချလာသည့်တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၅ ရက် KIA တပ်ရင်းအနီးမှ တမိုင် နောက်ဆုတ်ပေးသည့်တပ်ဖြစ်သည်။

ဇွန် ၈ ရက်၊ မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ် တာပိန်မြစ်အနီး ဆန်ဂန်ဒေသတွင် KIA တပ်ရင်း ၁၅ နှင့် တိုက်ပွဲဖြစ်ရာမှ တဟုန်ထိုး ပြည်တွင်းစစ်သို့ပြောင်းလဲလာသည်။

စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် တရုတ်နယ်စပ်သို့ရောက်ရှိလာသည်။ အထူးသဖြင့် နယ်စပ်မြို့များဖြစ်သော လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျေ၊ အူရာဘွမ်၊ မန်ဝိန်းကြီးဒေသများသို့ဖြစ်သည်ဟု KIO အရပ်ဖက်အုပ်ချုပ်ရေးဌာန က ပြောသည်။

ဒုက္ခသည်အများစု မြန်မာအစိုးရအုပ်ချုပ်ရာဒေသများမှဖြစ်ကာ မြန်မာစစ်တပ်ကို ပေါ်တာဆွဲမည်ကို ကြောက်ရွံ့သဖြင့် နယ်စပ်သို့ထွက်ပြေးလာခြင်းဖြစ်သည်ဟု လိုင်ဇာဒုက္ခသည်များပြောသည်။

KIO လိုင်ဇာဌာနချုပ်တွင် ဒုက္ခသည်စခန်း ၆ ခုထားရှိပြီး အစားအစာအသုံးအဆောင်များကို KIO ကထောက်ပံပေးနေသည်။

ယခု သောကြာနေ့အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တ၀န်း မြန်မာ-KIA ကြား ၉ ရက်မြောက်တိုက်ပွဲများ ဖြစ်ပွားနေသည်။

KIAနှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ

ဇွန် ၁၇၊ ၂၀၁၁

KNG

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်း၊ မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲတွင် ယနေ့သောကြာနေ့တိုက်ပွဲတွင် မြန်မာစစ်သား ၁၇ ဦးကျဆုံးသွားသည်ဟု ဆင်ဘိုဒေသခံများပြောသည်။

မြန်မာစစ်သား ၅ ဦးမှာ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံးပြီး ကျန် ၁၂ ဦးမှာ နေ့လည်ပိုင်းတိုက်ပွဲတွင် ကျဆုံးသွားသည်ဟု လိုင်ဇာ KIO ဌာနချုပ်မှ အတည်ပြုပြောဆိုသည်။

ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ နှင့် ဆင်ဘိုဒေသမှ KIA တပ်ရင်း ၅ တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။

၎င်းမြန်မာတပ်သည် KIA တပ်ရင်း ၅ အနီးသို့တပ်ချလာသည့်တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၅ ရက် KIA တပ်ရင်းအနီးမှ တမိုင် နောက်ဆုတ်ပေးသည့်တပ်ဖြစ်သည်။

ဇွန် ၈ ရက်၊ မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ် တာပိန်မြစ်အနီး ဆန်ဂန်ဒေသတွင် KIA တပ်ရင်း ၁၅ နှင့် တိုက်ပွဲဖြစ်ရာမှ တဟုန်ထိုး ပြည်တွင်းစစ်သို့ပြောင်းလဲလာသည်။

စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် တရုတ်နယ်စပ်သို့ရောက်ရှိလာသည်။ အထူးသဖြင့် နယ်စပ်မြို့များဖြစ်သော လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျေ၊ အူရာဘွမ်၊ မန်ဝိန်းကြီးဒေသများသို့ဖြစ်သည်ဟု KIO အရပ်ဖက်အုပ်ချုပ်ရေးဌာန က ပြောသည်။

ဒုက္ခသည်အများစု မြန်မာအစိုးရအုပ်ချုပ်ရာဒေသများမှဖြစ်ကာ မြန်မာစစ်တပ်ကို ပေါ်တာဆွဲမည်ကို ကြောက်ရွံ့သဖြင့် နယ်စပ်သို့ထွက်ပြေးလာခြင်းဖြစ်သည်ဟု လိုင်ဇာဒုက္ခသည်များပြောသည်။

KIO လိုင်ဇာဌာနချုပ်တွင် ဒုက္ခသည်စခန်း ၆ ခုထားရှိပြီး အစားအစာအသုံးအဆောင်များကို KIO ကထောက်ပံပေးနေသည်။

ယခု သောကြာနေ့အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တ၀န်း မြန်မာ-KIA ကြား ၉ ရက်မြောက်တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ပြေးဒုက္ခသည်တချို့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ


Thursday, 16 June 2011 21:13 KNG
E-mail Print PDF
ဝိုင်းမော်-လိုင်ဇာ လမ်းမ ကဇူးယန် ကျေးရွာတွင် KIAနှင့် မြန်မာစစ်တပ်တို့၏ စစ်ပွဲငယ်ကြောင့် တရုတ်ပြည်နယ်စပ် မသွားနိုင်သော ဒုက္ခသည်များသည် ဝိုင်းမော်မြို့တွင်းရှိ ဘုန်းကြီးကျောင်းများသို့ လာရောက် ခိုလှုံနေသည်။

ကဇူးယန် ကျေးရွာတွင် ယမန်နေ့ နံနက် ၃နာရီမှ ၅နာရီထိ စစ်ပွဲငယ် ဖြစ်ခဲ့သည်။ အဆိုပါ အနီးအနားရှိ ဂါးရာယန်၊ ဂန်ဒေါင်ယန် စသည့်ကျေးရွာများမှ  ဒုက္ခသည် (၃၀၀)ကျော်သည်  ဝိုင်းမော်မြို့သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

“စစ်ပြေး ဒုက္ခသည်တွေပေါ့၊ ဝိုင်းမော် ဘုန်းကြီးကျောင်းမှာ လာခိုနားနေတာ။ လူကမနည်းဘူး ဘုန်ကြီးကျောင်းမှာ လာနားတာ” ဟု ဝိုင်းမော်မြို့မှ မြို့ခံတစ်ဦးပြောသည်။





တရုတ်နယ်စပ် KIO လိုင်ဇာသို့ ခိုလှုံလာကြသော် စစ်ပြေးဒုက္ခသည်များ။
KIAနှင့် မြန်မာစစ်တပ်တို့၏ (၇) ရက်ကြာ စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များသည် တရုတ်နယ်စပ်တစ်လျှောက် သွားရောက် တိမ်းရှောင်လာသူများလည်း အယောက် (၁၀၀၀၀)ကျော်ရှိနေပြီ ဖြစ်ကြောင်း KIOမှ သိရသည်။

ယမန်နေ့ညအထိ KIA ကောက်ခံထားရှိသည့် ဒုက္ခသည် စာရင်းအရ လိုင်ဇာတွင် (၂၂၉၁)၊ တပ်မဟာ (၃) အူရာဘွမ် ဖျင်ရှန် ကျေးရွာတွင် (၃၀၀)ကျော်၊ လွယ်ဂျေတွင် (၄၂၃၈)၊ မန်ဝင်းကျေးရွာတွင်မူ (၂၀၀၀)ကျော်နှင့် မိုင်ဂျာယန်တွင် (၃၀၀)ကျော် ရှိသွားပြီ ဖြစ်ကြောင်း KIOအရပ်ဖက် အုပ်ချုပ်ရေးအရာရှိ ဆလန်ကဘ ဒွဲပီဆာ ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ မြို့များတွင် အစိုးရတပ်မှ လုံခြုံရေးတပ်များ တင်းကြပ်စွာ ချထားကြောင်း သိရသည်။

“အခုဆို ယာဉ်ထိန်းရဲတွေလည်း သေနတ်နဲ့ပဲ၊ သေနတ်ကိုယ်စီ ကိုင်ထားကြတယ်၊ လမ်း၊ တံတား၊ ဂိတ်တွေမှာဆို ရဲ၊ စစ်သားတွေ စုပြီး လုံခြုံရေး ယူနေကြတယ်။” ဟု မြစ်ကြီးနား မြို့ခံ ဆိုသည်။

အစိုးရတပ်များ၏ စစ်ဝတ်စုံနှင့် အတူ လက်နက်များကိုင်ဆောင်ကာ ရပ်ကွက်တိုင်း ကင်းလှည့်လည်မှုများကြောင့် ဒေသခံများ ည (၆)နာရီ ကျော်လျင် ညမထွက်ရဲပဲ တစ်မြို့လုံး တိတ်ဆိတ်နေသည်။

ယခုလို KIAနှင့် မြန်မာစစ်တပ်ကြား စစ်ပွဲမစမည် ၃ ရက်အလိုတွင် ဝိုင်းမော်မြို့နယ်ရှိ တစ်ရပ်ကွက်လျင် လူငယ် (၁၀)ဦးစီ ပြည်သူ့စစ် သင်တန်း တက်ရန် ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်မှ ခေါ်ယူခဲ့ကြောင်း ဝိုင်းမော် ရပ်ကွက် လူကြီးမှ ပြောသည်။

“ကျတော်တို့က လူစုပေးတာပေါ့။ လူမရတဲ့အဆုံးက ငှားရတာပေါ့။ ဥက္ကဋ္ဌတွေ ရပ်ကွက်လူကြီးတွေ က ငှားပေးရတာ။ မြန်မာနှစ်ယောက်၊ ကုလားနှစ်ယောက်၊ ရှမ်းပိုင်းနှစ်ယောက် အဲ့လိုမျိုးလေးတွေ ထုတ်ပြီး ပေးလိုက်တယ်။ ဘယ်ရွာမှ မလွတ်ဘူးလေ။ လူငယ်ပိုင်းတွေ ကောက်တာ။”

မြန်မာစစ်တပ်မှ လူငယ်များကို ပြည်သူ့စစ်သင်တန်းပေးမည်ဟု ခေါ်ယူသွားပြီး ယခုထိ ယင်းလူငယ်များ အကြောင်း တစုံတရာ မကြားကြောင်း ရပ်ကွက်လူကြီးမှ ဆက်ဆိုသည်။

“စစ်တိုက်ဖို့လား သင်တန်းပေးဖို့လားတော့ မသိဘူး။ ဘယ်မှာ သင်တန်းပေးမှန်းလည်း မသိပါဘူး။ တစ်ချို့ကြတော့ ဝါသနာပါကြတယ်။ ကပ်ဖားယပ်ဖားတွေလည်း ရှိတယ် ဆိုတော့ သွားကြတာပေါ့။ ပြန်တော့မလာကြသေးဘူး။”

တရုတ်နယ်စပ်သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရောက်၊ ဆက်ရောက်လာနေဆဲ


Thursday, 16 June 2011 12:37 KNG
E-mail Print PDF
ပြီးခဲ့အပတ်မှစတင်သည့် မြန်မာစစ်တပ်နှင့် KIA ကြား စစ်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးလာသူများမှာ တရုတ်နယ်စပ်တစ်လျှောက် လူဦးရေ ၁၀၀၀၀ ကျော်ပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေးအရာရှိ ဆလန်ကဘာ ဒွဲပီဆာပြောသည်။

“မနေ့ညစာရင်းအရ လိုင်ဇာမှာ ၂၂၉၁ ၊ တပ်မဟာ ၃ အူရာဘွမ် ဖျင်ရှန်အနားမှာ ၃၀၀ ကျော်၊ လွယ်ဂျေက ၄၂၃၈၊ မန်ဝိန်းဘက် က ၂၀၀၀ ကျော်၊ မိုင်ဂျာယန်ဘက် ၃၀၀ ကျော်မယ်။”






ကချင်ဒုက္ခသည်
စစ်ပြေးဒုက္ခသည်များ ၀င်လာဆဲဖြစ်ကာ မိမိရဲ့အိမ် မိမိနေရပ် မလုံခြုံဟုယူဆကာ မိမိရဲ့ရွာ မိမိအိမ်ကိုစွန့်ပြီး ဖယ်ခွာတဲ့လူများကို စစ်ပြေးဟုသတ်မှတ်ထားပြီး ယခုအခါ စစ်ပြေးဒုက္ခသည် ၁၀၀၀၀ အထက်ရှိမည်ဟု အရာရှိက ပြောသည်။

ဝိုင်းမော်-ကန်ပိုင်တီ လီဒိုလမ်းမကြား တံတားတခု KIA ဖျက်ဆီး



Wednesday, 15 June 2011 16:50 KNG
E-mail Print PDF
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် အရှေ့ဘက် ဝိုင်းမော်-ကန်ပိုင်တီ လီဒိုလမ်းကြား လန်နုချောင်း (Lant Nu stream) တံတားအား ယမန်နေ့ည (၉)နာရီတွင် KIAမှ ဗုံးဖေါက်ခွဲ ဖျက်ဆီးခဲ့သည်။

ယင်း ဗုံးဖေါက်ကွဲမှုကြောင့် ၁ပေခန့်စီရှိ အပေါက် နှစ်ခု ပေါက်သွားခဲ့ကာ တံတားအောက်၌ မပေါက်သေးသည့် ဗုံးနှစ်လုံးမှာ ရှိနေသေးသည်ဟု မျက်မြင် ဆဒုံ ဒေသခံ ပြောသည်။ ကျန်ရှိနေသေးသည့် ဗုံးကြောင့် မြန်မာအစိုးရမှ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်အား ပိတ်ပင်ထားသည်။

“အပေါက်နှစ်ပေါက်တော့ ပေါက်နေတယ်။ အခုဆို ဒေသခံတွေ အားလုံး အကုန် သတိနဲ့ နေနေရတယ်။ သေနတ်သံတွေ တော့ မကြားရသေးဘူး။”





ဇွန် ၁၄၊ အင်္ဂါနေ့ည KIAမှ ဗုံးခွဲတိုက်ခိုက်ခဲ့သော ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ တံတားတချို့။
ယင်း ပေ (၁၀၀)ကျော် ကွန်ကရစ်တံတားတွင် မော်တော်ယာဉ်ကြီးအား ပိတ်ပင်ထားသော်လည်း ဆိုင်ကယ်နှင့် သုံးဘီး ဆိုင်ကယ်များကိုမူ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

ဇွန်လ (၁၄) ရက် တစ်ရက်တည်းတွင် ဗုံးပေါက်ကွဲခြင်းကြောင့် ကချင်ပြည်နယ်ရှိ တံတား (၄) စင်း ပျက်စီးခံရသည်။ အဆိုပါ တံတားများမှာ ၀ိုင်းမော်မြို့ရှိ တန် ၆၀ ခံ နန့်မြစ် (N-Myen Hka)ချောင်းကူးတံတား၊ KIO ရေအားလျှပ်စစ်ထုတ်လုပ်သည့် မလီ(Mali Hka)ချောင်းကူးတံတား၊ လန်နုတံတား တို့ဖြစ်ကာ တစ်စင်းကိုမူ အတိအကျ မသိရသေးပေ။

ထို့ပြင် ရှမ်းပြည်နယ် KIA တပ်မဟာ (၄) အနီးရှိ မန္တလေး-မူဆယ် ကားလမ်းမှ နမ်ဖတ်ကာတံတားနှင့် တာမိုးညဲ-မုန်းစီကားလမ်းရှိ နမ်ဆာခမြစ်တံတား၊ (၂)စင်းလည်း ပျက်စီးခဲ့ရသည်။

တာခေါခ(တာပိန်မြစ်) ရေကာတာ ၂ ခုရှိရာသို့ အဓိက ဆက်သွယ်ပေးနေသည့် နမ်ဖတ်ခ ချောင်း တံတားလည်း ဇွန်လ (၁၃)ရက်နေ့တွင် KIAမှ ဗုံးခွဲဖျက်ဆီးလိုက်သည်။

ဖေါက်ခွဲမှု ခံရသည့် ဝိုင်းမော်မြို့ရှိ နန့်မြစ် ချောင်းကူးတံတားကိုမူ မြန်မာစစ်တပ်မှ လျင်မြန်စွာ ပြင်ဆင်လိုက်ပြီး စစ် မော်တော်ယာဉ်တန်းများ ပြန်လည် ဖြတ်ကျော်နေပြီ ဖြစ်ကြောင်း ဝိုင်းမော် ဒေသခံများ ဆိုသည်။

တာပိန်ရေကာတာသို့ ဆက်သွယ်ပေးသော အဓိကတံတား KIA ဖျက်ဆီး

တာပိန်ရေကာတာသို့ ဆက်သွယ်ပေးသော အဓိကတံတား KIA ဖျက်ဆီး

Tuesday, 14 June 2011 10:04 KNG
E-mail Print PDF
မန်မာစစ်တပ်နှင့် KIA တပ်ရင်း ၁၅ ကြား စစ်ဖြစ်ပွားနေသည့် အင်မောက်မြို့နယ် တာခေါခ (တာပိန်မြစ်) ရေကာတာ ၂ခုရှိရာသို့ အဓိကဆက်သွယ်ပေးသော နမ်ဖတ်ခချောင်း တံတားအား ဇွန် ၁၃၊ ယမန်နေ့ တနင်္လာညက KIA ဗုံးခွဲဖျက်ဆီးလိုက်သည်။

ဤ တံတားသည် မန်မော် (ဗန်းမော်) နှင့် အင်မောက် (မိုးမောက်) ကြားတွင် ရှိပါတယ်။


“တောင်ကျချောင်းဖြစ်တဲ့အတွက် ခုချိန် မှာ ရေတအားကြီးနေတယ်။ ခြေကျင်ဖြတ်လို့မရဘူး။ ၀ါးဖောင်နဲ့လည်းဖြတ်လို့မရဘူး။ တာပိန်မြစ်ရေအားလျှပ်စစ်ဆောက်တုန်းက ကုမ္ပဏီတွေလုပ်ထားတဲ့တံတား ကားဖြတ်လို့ရတဲ့တံတား ယာယီတံတားမျိုးဖြစ်တယ်” ဟု လိုင်ဇာမှ KIO အရပ်ဘက်အုပ်ချုပ်ရေးအရာရှိတစ်ဦး ကချင်သတင်းဌာနသို့ အတည်ပြုပြောသည်။

တံတားကျိုးပြတ်သွားကြောင့် အစိုးရတပ်များ၏ သယ်ယူပို့ဆောင်ရေး ခက်ခဲနေကြောင် သိရသည်။
Last Updated ( Tuesday, 14 June 2011 10:07 )

KIA Bum Sen စခန်း မြန်မာစစ်တပ် လက်ထဲကျ

KIA Bum Sen စခန်း မြန်မာစစ်တပ် လက်ထဲကျ


Monday, 13 June 2011 18:02 KNG
E-mail Print PDF
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ အခိုင်အမာ တပ်စခန်း ဖြစ်သည့် ဘွမ်ဆဲန် (Bum Sen Post) တောင်အား မြန်မာစစ်တပ်မှ သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

မြှေက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အင်အား (၉၀၀)ခန့်ရှိ တပ်ရင်း (၈)ရင်း၏ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေခြင်းကြောင့် KIA သည် ယမန်နေ့ည ၇နာရီခွဲတွင် ဘွမ်ဆဲန် တောင်မှ နောက်ဆုတ်ပေးခဲ့ရခြင်း ဖြစ်သည်။



ဝိုင်းမော်မြို့နယ်ထဲ ရှေ့တန်းတစ်နေရာတွင် ရောက်ရှိနေသော KIA စစ်သားများ။
ယင်း ဘွမ်ဆဲန် သိမ်းလိုက်ခြင်းသည် KIA အဖွဲ့ကြားရှိ ဆက်သွယ်ရေးအား ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု KIA အရာရှိ တစ်ဦးပြောသည်။

“တော်တော်ခက်တယ်။ ဘယ်လိုဖြစ်နေလဲ မသိဘူး။ အဲ့တောင် ရောက်မှတော့ KIA ကို နှစ်ခြမ်း ခွဲလိုက်လို့ရပြီ။ ဘွမ်ဆဲန်က KIA ဗဟိုဌာနချုပ်နဲ့ တပ်မဟာ (၃)ကို ဆက်သွယ်တာ။ အဲ့မှာရောက်တော့ KIA ကို ဝိုင်းလိုက်သလို ဖြစ်ပြီလေ။ ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်လိုက်တာပဲ။ တပ်မဟာ (၅)နှင့် (၃)ကို ဆက်သွယ်ဖို့လည်း ခက်ပြီလေ။ သူတို့ကို လူလဲတာလည်း မရှိဘူး။ ပစ်တဲ့ သူက ပစ်နေတယ်။ အစိုးရကို ပစ်တာ လက်အသားမာတောင် တက်တယ်လို့ ပြောတယ်။”

မြန်မာစစ်တပ်သည် ဘွမ်ဆဲန် တောင်ရှိ KIA တပ်ရင်းအား ဇွန် (၁၁)ရက် မွန်းလွဲ ၁၂နာရီ နောက်ပိုင်း ရုပ်သိမ်းပေးရန် ရာဇသံပေးခဲ့သည်။ KIAမှ ရုပ်သိမ်းခြင်း မရှိသဖြင့် မြန်မာစစ်တပ်မှ အဆက်အပြတ် ပစ်ခတ်လာခြင်း ဖြစ်သည်။

ယမန်နေ့ မြန်မာစစ်တပ်မှ KIA ဘွမ်ဆဲန်တောင်ဘက်သို့ အမြောက်ကြီး ၇၅ မမ ပစ်ခတ်ရာ အမြောက်ဆံ ၁၀၀၀ ကျော် ရှိသည်ဟု KIAမှ ဆိုသည်။

ဇွန်လ (၁၁)ရက်နေ့တွင်လည်း မြန်မာစစ်တပ်မှ ဆန်ဂန်ကျေးရွာရှိ KIO ဆက်ဆံရေးရုံးအား သိမ်းပိုက်ခဲ့သည်။

မြန်မာစစ်တပ်ဖက်မှ KIA တပ်စခန်းများရှိရာ သို့ စစ်အင်အား ထပ်ဖြည့်မှုများ ရှိနေကြောင်း သိရသည်။ KIA တပ်ရင်း (၃)ရှိ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲသို့လည်း စစ်ယဉ်တန်း (၁၀)စီး ခန့် ဦးတည်ဝင်ရောက် သွားကြောင်း မျက်မြင် ဝိုင်းမော် ဒေသခံ တစ်ဦးပြောသည်။

ရှမ်းပြည်နယ်ရှိ KIA တပ်မဟာ (၄) အနီး လားရှိုး-မူဆယ်လမ်းတစ်ဖက်တွင်လည်း တပ်ရင်း (၃)ရင်း စစ်အင်အား တိုးမြင့်ထားကြောင်း၊ ဗန်းမော်မြို့တွင်းတွင်လည်း မြန်မာစစ်တပ် အင်အား ထပ်ဖြည့်နေသည်ဟု KIAအရာရှိ တစ်ဦး ဆိုသည်။

ဇွန် (၉)ရက်မှ စတင် ပစ်ခတ်လာသည့် စစ်ရေးကြောင့် အသေအပျောက် တိတိကျကျ မသိရှိသေးသော်လည်း ဆန်ဂန်ကျေးရွာတွင် မြန်မာစစ်တပ်အလာလမ်း၌ ဗုံးထောင်ရန် သွားခဲ့သည့် KIA တပ်သား (၃)ဦးအား မြန်မာစစ်တပ်မှ ပစ်သတ်ခဲ့သည်ဟု သိရသည်။
Last Updated ( Tuesday, 14 June 2011 08:03 ) 

ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော်သို့ပို့ဆောင်

ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော်သို့ပို့ဆောင်

Sunday, 12 June 2011 20:44 KNG
E-mail Print PDF
ဇွန် ၁၂၊ ၂၀၁၁ တိုက်ပွဲဖြစ်ပွားရာ ဆန်ဂန်မှ ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော် (ဗန်းမော်)သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်လိုက်သည်ဟု သိရသည်။

မန်မော်စစ်ဆေးရုံတွင် ဒဏ်ရာရစစ်သားများနှင့် ပြည့်နေသည်။ ထို့အပြင် မန်မော်ပြည်သူ့ဆေးရုံတွင်လည်း ဒဏ်ရာရမြန်မာစစ်သား ၃၀ ခန့်ဆေးဝါးကုသခံယူနေသည်ဟု ဆေးရုံနှင့်နီးစပ်သူများဆိုသည်။

သေကြေဒဏ်ရာရ KIA စစ်သားအရေအတွက် မြန်မာစစ်သားအရေအတွက်ထက် ပိုမိုခြင်းမရှိဟု KIA အရာရှိများပြောသည်။

မြန်မာစစ်တပ်နှင့် KIA ကြား တစ်ညလုံး စစ်ဖြစ်နေ

မြန်မာစစ်တပ်နှင့် KIA ကြား တစ်ညလုံး စစ်ဖြစ်နေ

Saturday, 11 June 2011 22:09 KNG
E-mail Print PDF
ဇွန် ၁၁၊ ၂၀၁၁၊ ည ၁၁ နာရီ - မန်မော်(ဗန်းမော်ခရိုင်)၊ အင်မောက်(မိုးမောက်)မြို့နယ်၊ ဆန်ဂန် KIA တပ်ရင်း ၁၅ နယ်မြေတွင် KIAနှင့် မြန်မာစစ်တပ်များ ယနေ့ညနေ ၃ နာရီခွဲကတည်းက ယခုချိန်ထိ (တစ်ညလုံး) ဆက်တိုက် စစ်ဖြစ်ပွားနေသည်။


ဆန်ဂန် KIA Bum Sen အမာခံစခန်းသို့ ချီတက်လာသော မြန်မာစစ်တပ် အင်အား ၅၀၀ ကျော်နှင့် KIA တပ်များ ပြင်းပြင်းထန်ထန် စစ်ပွဲဖြစ်နေသည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။
Last Updated ( Sunday, 12 June 2011 12:30 )

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့် KIA စစ်ပွဲပြန်စ

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့် KIA စစ်ပွဲပြန်စ

Saturday, 11 June 2011 16:28 KNG
E-mail Print PDF
ဇန် ၁၁ ရက်၊ ယနေ့ မွန်းလွဲ ၄း၀၀ နာရီကျော်ကစပြီး မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲပြန်စနေသည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။

မြန်မာနှင့် ကချင်တပ်များကြား ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် တာခေါ်ခမြစ် (တာပိန်မြစ်) အနီး ဆန်ဂန်ဒေသတွင် ဖြစ်ပွားခြင်းဖြစ်သည်။

၎င်းနယ်မြေအတွင်း ပြီးခဲ့ကြာသပတေးနေ့ ကလည်း သုံးနာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆန်ဂန်ဒေသ KIA ဘွမ်ဆဲန် (Bum Sen) အခိုင်အမာတပ်စခန်းအား ဇွန် ၁၁၊ ယနေ့ ၁၂ နာရီ နောက်ဆုံးထားပြီး လုံးဝ တပ်ရုပ်သိမ်းပေးရန် ဆန်ဂန်တွင် တပ်ချထားသော အစိုးရစစ်တပ်က ရာဇသံပေးထားကြောင်း KIA က ဆိုသည်။

ထိုရာဇတံအား KIA က လိုက်နာခြင်း မရှိသောကြောင့် ဇွန် ၁၁၊ စနေနေ့ စစ်ပွဲ ပြန်စလာပါသည်။

တိုက်ပွဲတွင် လက်နက်ကြီး လက်နက်ငယ် အသံများကြားနေရကြောင်း ဒေသခံ များပြောသည်။

ယခုချိန် ဆန်ဂန်မှာ မြန်မာစစ်အင်အား ၅၀၀ ကျော်ရှိပြီး ၎င်းတို့အများစုသည် မန်မော် (ဗန်းမော်) စခက နှင့် မိုးမိတ်စစ်ဗျူဟာ ထိန်းချုပ်မှုအောက်မှဖြစ်ကြောင်း သိရတယ်။

အတည်ပြုနိုင်သော တပ်များတွင် အင်မောက်အခြေစိုက် ခမရ ၄၃၇၊ မန်မော်အခြေစိုက် ခလရ ၂၃ရ နှင့် ဒေါ့ဖုန်းယန် အခြေစိုက် ခလရ ၁၄၂ တို့ ပါ ပါသည်။
Last Updated ( Saturday, 11 June 2011 16:48 )

အဖမ်းခံရသော စစ်သားချင်း လဲလှယ်ပြီး မြန်မာနှင့် KIA စစ်ပွဲ ခေတ္တရပ်ထား

အဖမ်းခံရသော စစ်သားချင်း လဲလှယ်ပြီး မြန်မာနှင့် KIA စစ်ပွဲ ခေတ္တရပ်ထား

Friday, 10 June 2011 19:58 KNG
E-mail Print PDF
အဖမ်းခံရသော မြန်မာစစ်သား ၆ ဦးနှင့် ကျဆုံးသွားသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) စစ်သားတစ်ဦး၏ ရုပ်အလောင်း လဲလှယ်ခြင်းဖြင့် နှစ်ဖက်တိုက်ပွဲ ခေတ္တရပ်ထားကြောင်း KIA အရာရှိများပြောသည်။

ဇွန် ၉ ရက် ကြာသပတေးနေ့ ညနေ ၆ နာရီ KIA ပြည်သူ့စစ် ဒု-တပ်ကြပ်ဆောင်ယိန်း၏ရုပ်အလောင်းနှင့် စစ်ဗိုလ် ၂ ဦးပါ မြန်မာစစ်သား ၆ ဦးဖြင့် လဲလှယ်ပြီးနောက် တိုက်ပွဲရပ်သွားသည်ဟု ရှေ့တန်း သတင်းရပ်ကွက်မှသိရသည်။
sang_gang_fighting_bur
၎င်း KIA ပြည်သူ့စစ် တပ်ကြပ်မှာ ဗုဒ္ဓဟူးနေ့ နံနက် KIA ဆန်ဂန်တပ်စခန်းတွင် မြန်မာစစ်သားများ၏ အဖမ်းခံရပြီး ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခံခဲ့ရကြောင်း KIA သတင်းရပ်ကွက်က ဆိုသည်။

ဇွန် ၈ ရက် အင်္ဂါနေ့က KIA တပ်ရင်း ၁၅ နယ်မြေ၊ ဆန်ဂန်သို့ထိုးဖောက်ဝင်လာသော မြန်မာစစ်တပ် အရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦးအား KIA တပ်များ ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးလိုက်ပြီး ယမန်နေ့ ဆန်ဂန်တိုက်ပွဲတွင် နောက်ထပ် မြန်မာစစ်သား ၃ ဦး စုစုပေါင်း ၆ ဦးဖမ်းဆီးခဲ့သည်ဟု နယ်မြေခံ KIA အရာရှိများ ဆိုသည်။

တိုက်ပွဲအတွင်း အစိုးရစစ်သား ၂ ဦးသေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိပြီး မြန်မာတပ်၏ အမြောက်ကျည်ဆံကြောင့် KIA စစ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု KIA သတင်းရပ်ကွက်က ဆက်ဆိုသည်။

တိုက်ပွဲဖြစ်ရာနေရာမှာ ဗန်းမော်ခရိုင် အင်မောက်(မိုးမောက်) မြို့နယ်၊ ဆန်ဂန်တွင် ဖြစ်ပြီး နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA က ဆိုသည်။

ယခုတိုက်ပွဲသည် မြန်မာစစ်တပ်ဖက်မှ အင်မောက်နယ်မြေခံ ခမရ ၄၃၇၊ မန်မော် (ဗန်းမော်)နယ်မြေခံ ခလရ ၂၃၇၊ ဒေါ့ဖွမ်းယန်နယ်မြေခံ ခလရ ၁၄၂ တပ်ရင်းများအပါအ၀င် အခြားတပ်ရင်းများမှ စုစုပေါင်း စစ်အင်အား ၅၀၀ ခန့်နှင့် KIA တပ်ရင်း ၁၅ တို့်ကြား ဖြစ်ပွားခြင်းဖြစ်သည်။

နှစ်ဖက်စစ်သားချင်းအလဲအလှယ်ပြုလုပ်ပြီးနောက် အစိုးရစစ်အင်အားအများစု တပ်ဆုတ်သွားသည်ဟု တိုက်ပွဲသတင်းရပ်ကွက်မှသိရသည်။

ယမန်နေ့တိုက်ပွဲပြီးနောက် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် KIA ကြား ထူးခြားသော စစ်ရေးတင်းမာခြင်း မရှိကြောင်းသိရသည်။

ယခုလို နှစ်ဖက်တိုက်ပွဲများဖြစ်ပွားချိန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိပ်ပိုင်း ခေါင်းဆောင်များက သမ္မတ ဦးသိန်းစိန်၏ ဗဟိုအစိုးရနှင့် နှစ်ဖက်နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Last Updated ( Friday, 10 June 2011 20:12 )

မြန်မာစစ်တပ်နှင့် KIA နှစ်ရက်ဆက်တိုက် စစ်ပွဲဖြစ်

မြန်မာစစ်တပ်နှင့် KIA နှစ်ရက်ဆက်တိုက် စစ်ပွဲဖြစ်

Sunday, 12 June 2011 20:40 KNG
E-mail Print PDF
ဇွန် ၁၂၊ ၂၀၁၁ ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် ဆန်ဂန်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်ကြား နှစ်ရက် ဆက်တိုက်တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ယမန့်နေ့ ဇွန် ၁၁၊ ညနေ ၃ နာရီမှ ညသန်းခေါင်အထိ စစ်ပွဲဖြစ်ပွားသည်။ ယနေ့ ဇွန် ၁၂၊ တနင်္ဂနွေ နံနက် ၇ နာရီတွင် တိုက်ပွဲစတင်နေသည်ဟု KIA အရာရှိများပြောသည်။
sang-gang-wa-bur

နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း အရေအတွက် အတိအကျကို မသိရပါ။
Last Updated ( Sunday, 12 June 2011 22:44 )

နောက်ဆုံး KIO ဆက်ဆံရေးရုံး ရုပ်သိမ်းပြီး ပြည်တွင်းစစ်သို့ ဦးတည်

နောက်ဆုံး KIO ဆက်ဆံရေးရုံး ရုပ်သိမ်းပြီး ပြည်တွင်းစစ်သို့ ဦးတည်

Monday, 13 June 2011 13:36 KNG

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ နောက်ဆုံး KIO ဆက်ဆံရေးရုံးချုပ် (သံရုံး )အား တနင်္ဂနွေ နေ့လည်မှ စတင် ရုပ်သိမ်းလိုက်ပြီးနောက် ပြည်တွင်းစစ် သို့ ဦးတည်လာပြီဖြစ်သည်၊၊

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးချုပ်နှင့် KIO ပိုင် ဘူးဂါးကုမ္ပဏီတို့အား တနင်္ဂနွေ နောက်ဆုံးထားကာ ရုပ်သိမ်းပေးရန် ရာဇသံပေးခြင်းကြောင့် ယခုကဲ့သို့ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်၊၊


kia_soldier_frontline


မြန်မာစစ်တပ်၏ ထိုးစစ်အား ခုခံရန်ပြင်နေတဲ့ KIA စစ်သားများ။

“ ဆက်ဆံရေးရုံးနှင့် ဘူဂါးရုံးတွေကို တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းခိုင်းတယ်။ တာကြောင့် မနေ့ည ရုံးတံခါးကြီးကို သော့ခတ်လိုက်ပြီ။ အားလုံးပြန်ကုန်ပြီ တစ်ယောက်မှ မကျန်တော့ဘူး၊ အပြင်က အရပ်သား ခြံစောင့်တစ်ယောက်ပဲ ကျန်တော့တယ်။” ဟု KIO ဆက်ဆံရေးရုံးနဲ့ နီးစပ်သူ တစ်ဦးပြောသည်။

KIO ဆက်ဆံရေးရုံးချုပ် ရုပ်သိမ်းလိုက်သော်လည်း ဘူးဂါးကုမ္ပဏီကိုမူ ယခုထိ ဆက်လက်ထားရှိကြောင်း သိရသည်။

“ကျတော်တို့လည်း ဘူးဂါးကို ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ အရပ်ဘက်ကို လွှဲရမလား။ အလုပ်တွေကို ဒီလိုပဲ ရပ်ထားလို့လည်းမရဘူး ဖြစ်နေတယ်။” ဟု KIO ဘူးဂါး ကုမ္ပဏီမှ အရာရှိတစ်ဦးပြောသည်။

ယင်းရုပ်သိမ်းလိုက်သည့် ဆက်ဆံရေးရုံးချုပ်မှာ စစ်အစိုးရနှင့် KIO ကြား ဆက်ဆံရေးအတွက် အဓိကကျ ညှိနှိုင်းဆောင်ရွက်မှုများ ပြုရာ ရုံးချုပ်ကြီး ဖြစ်သည်။ ရုံးချုပ်ထိုင်သည့် ဗိုလ်မှူးကြီး ဂျီးနောင်တို့မှာ စနေနေ့တွင် မြစ်ကြီးနားမြို့မှ KIO ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

နှစ်ဖက်ကြား ဆက်ဆံရေး ဆောင်ရွက်ပေးသည့် ရုံးချုပ် ရုပ်သိမ်းလိုက်ခြင်းကြောင့် ၎င်းတို့ကြား ဆက်သွယ်ဖို့ရန် ခက်ခဲမှုများ ရှိနေပြီဟု မြစ်ကြီးနား မြို့ခံ ကေအိုင်အိုနှင့် နီးစပ်သူ တစ်ဦးပြောသည်။

“ဆရာ ဆဘွဲဂျွမ်လည်း ဆက်သွယ်ပေးဖို့ မရတော့ဘူး။ ကက်တလိစ်ဆရာတော် နော်ဒင့်ကို ဆက်သွယ်ခိုင်းတာလည်း ထူးခြားတာ ဘာမှ မရှိသေးဘူး။ သူတို့ကြားမှ ညှိဖို့ ခက်နေပြီ။”

မြစ်ကြီးနားမြို့တွင်းရှိ KIO နှင့် နီးစပ်သည့် မိသားစု အသိုင်းအဝိုင်းများလည်း နေအိမ်ပြောင်းရွှေ့လိုက်ပြီဟု သိရသည်။ ယမန်နေ့ညမှ မြို့တွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် စစ်ဝတ်စုံဝတ်ဆင်ထားသည့် သေနတ်ကိုင် စစ်သားများ ရပ်ကွက်အတွင်း ပတ်တရောင်လှည့်လည်မှုပြုလုပ်နေသည်ဟု မျက်မြင် တစ်ဦးပြောသည်။

KIA တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ တပ်ရင်း (၁၅) တပ်စခန်းအနီး မြန်မာစစ်တပ်မှ ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုလို နှစ်ဖက်ကြား စစ်ရေးတင်းမာမှုရှိလာခြင်းဖြစ်သည်။

ဆန်ဂန်ဒေသတွင် အခိုင်အမာတပ်စွဲထားသော KIA ဘွမ်ဆဲန် (Bum Sen Post) တပ်စခန်းအားလည်း ရုပ်သိမ်းပေးရန် အစိုးရစစ်တပ်မှ တောင်းဆိုနေသည်။ KIA ကမူ လုံးဝလက်မခံသဖြင့် ယနေ့အထိပင် တိုက်ပွဲများ ဖြစ်နေဆဲဖြစ်သည်။

KIO ဌာနချုပ်လိုင်ဇာမှ လူငယ်များ တိုက်ပွဲအတွက် အသင့်ပြင်ဆင်

KIO ဌာနချုပ်လိုင်ဇာမှ လူငယ်များ တိုက်ပွဲအတွက် အသင့်ပြင်ဆင်

Monday, 13 June 2011 17:28 KNG
E-mail Print PDF
KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ ဒေသခံ လူငယ်များသည် တိုက်ပွဲအတွက်သာမက စစ်မျက်ကွယ်ရာအတွက်ပါ အသင့်ပြင်ဆင် ထားနေပြီ ဖြစ်ကြောင်း သိရသည်။



KIA အမြဲတမ်းတပ်ဖွဲ့ဝင် မဟုတ်သော လိုင်ဇာ လူငယ်အဖွဲ့ဝင် တို့သည် ယမန်နေ့မှ စ၍ လိုင်ဇာ အဝင်အထွက် ဂိတ်ပေါက်များသို့ အလှည့်ကျ ကင်းစောင့်နေကြသည်ဟု ဒေသခံ လူငယ်တစ်ဦး ပြောသည်။
KIO_Laiza1

Laiza, the capital of KIA. Photo: Kachin News Group

“လိုင်ဇာလူငယ် ခေါင်းဆောင်တွေပါတယ်။ လူငယ်ခေါင်းဆောင်ဟောင်းတွေလည်းပါတယ်။ မနေ့ညလည်း တညလုံး ကင်းစောင့်ကြတယ်။ ဒီနေ့မနက် လဂျားယန်ဘက်သွားကြည့်တော့ အိပ်နေကြတယ် တညလုံးကင်းစောင့်ထားလို့တဲ့။”

အဆိုပါ အမြဲတမ်း တပ်ဖွဲ့ဝင်တွင် မဟုတ်သည့် အရေးပေါ်လူငယ်အဖွဲ့ဝင်တွင် အမျိုးသမီးအပါအဝင် စုစုပေါင်း ၆၀ ခန့်ရှိသည်ဟု လိုင်ဇာဒေသခံလူငယ်များပြောသည်။

လဂျားယန်ကျေးရွာရှိ မြန်မာစစ်အစိုးရ တပ်စခန်းတွင်လည်း  မြစ်ကြီးနားဘက်မှ တပ်ကူ ၂၀၀ခန့် ယမန်နေ့တွင် ရောက်ရှိလာပြီး ၎င်းတို့က လဂျားယန်နှင့် လ၀ါယန်ရှိ ဒေသခံများကို အ၀င်အထွက်ကန့်သတ်ထားသည်ဟု ဆိုသည်။

လိုင်ဇာမြို့ခံလူငယ်များသည်အနီးအနားတောင်ပေါ် စစ်မျက်ကွယ်ရာဒေသများသို့ လိုအပ်သည့်ပစ္စည်းများ ရွှေ့ပြောင်းနေကြသည်။

သို့သော် KIO မူးယစ်တိုက်ဖျက်ရေးစီမံချက်မှ ဘိန်းစွဲလူငယ် ၁၀၀ ၀န်းကျင်အား ထိန်းသိမ်းချုပ်နှောင် ထားဆဲဖြစ်ကြောင်း သိရသည်။

တာခေါ်ခ (တာပိန်မြစ်) ရေအားလျှပ်စစ်ဖက် မြန်မာ-KIA တိုက်ပွဲပြင်းထန်နေသော်လည်း KIO အရပ်ဖက် အုပ်ချုပ်ရေးဌာနကမူ လိုင်ဇာ ပြည်သူလူထုအတွက် သီးသန့် အသိပေးကြေငြာချက်ထုတ်ပြန်ခြင်း မရှိဟုဆိုသည်။

ယခုချိန် လိုင်ဇာဒေသခံများ သာမန် လှုပ်ရှားသွားလာနေကြဆဲဖြစ်သည်။
Last Updated ( Monday, 13 June 2011 19:38 )

SHAGAWNG AWNG NO.1



Shagawng Awng a myu tsaw share shagan ni hpe shagrau da ai sum la hkrung daw (1)


SHAGAWNG AWNG NO. 2


Shagawng Awng a myu tsaw share shagan ni hpe shagrau da ai sum la hkrung daw (2)...





SHAGAWNG AWNG NO.3



Shagawng Awng a myu tsaw share shagan ni hpe shagrau da ai sum la hkrung daw (3)...