Shingran katsi taw nga ai mare kahtawng ni



yawng a myit hkrum la hpe madun ga... an hte rawng hkra n sam la ngai sha rai ra...


Salum chyen mi machyi yang



Sai rum an nau ni yawng... tsaw ra myit hpe gahkyin let Salum chyen mi hpe pawn ba let ta gin dun ga ...


Clinton to visit Myanmar as conflict rages in the north

Myanmar is preparing for a visit by US secretary of state Hillary Clinton this week. The visit is seen as a sign that the previously reclusive nation may be starting to open up.

But the visit means little to those fighting for their basic rights in the north of the country. Al Jazeera obtained exclusive footage of the fighting.

Wayne Hay reports from Bangkok.


KIA IS CONTINUESLY BEING ATTACTED BY BURMESE GOV (Nov 28, 2011)

...

sdsd

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်

မြန်မာနိုင်ငံအပေါ်  အမေရိကန်နိုင်ငံက ထိတွေ့ဆက်ဆံရေးမူအရ ယခုတလော နိုင်ငံခြားရေး ဝန်ကြီး  မစ္စက်ကလင်တန် လာရောက် လည်ပတ်မည့်သတင်း အပေါ် စစ်ဖက်နီးစပ်သူများက အနာဂတ်တွင်  အာရှတိုက်မှာ အမေရိကန်နဲ့ တရုတ် သြဇာအာဏာ ချဲ့ထွင်ပြိုင်ဆိုင်မူအကြား မြန်မာနိုင်ငံဟာ တည်ကြက်ဖြစ်လာနိုင်မယ်ဆိုတဲ့အကြောင်း သုံးသပ် သတင်းပေးပို့လာပါတယ်။

ပြီးခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ အမေရိကန် သမ္မတ ဘာရက် အိုဘာမားက သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ စေလွှတ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ ပြောဆိုချက်အပေါ် အငြိမ်းစား တပ်မတော် အရာရှိတစ်ဦးက တုံ့ပြန်ပြောဆိုလာပါတယ်။

“ အမေရိကန်က မြန်မာနိုင်ငံကို စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှု၊ ယခင်က ကိုယ်ကျိုးစီးပွားနဲ့ နှိုင်းယှဉ်ပြီး သိပ်မရှိခဲ့ဘူးဗျ။ မြောက်ကိုရီးယားနဲ့ အီရန် တို့အား လုံခြုံရေး မဟာဗျူဟာအရ ဦးစားပေးခဲ့တာ ရှိတယ်။ အာရှတိုက်မှာ သူ့ရဲ့ အမာခံ မိတ်ဆွေနိုင်ငံဟာ ထိုင်းနိုင်ငံ ရှိပြီးသားဖြစ်တာမို့ မလိုအပ်ဘူးလို့ အစက ထင်နေတယ်။ မြန်မာအရေးခင်းတွေ ဖြစ်တိုင်း နိုင်ငံတကာမှာ ဒီထက်ဆိုးဝါးတဲ့ အရေးခင်းဖြစ်တာနဲ့ တိုက်ဆိုင်နေတာမို့ စိတ်ဝင်တစား အာရုံစူးစိုက်မှုနည်းခဲ့တယ်ဗျ။ ရွှေဝါရောင်တော်လှန်ရေး တစ်ခုသာ နိုင်ငံတကာက မြန်မာစစ်ဗိုလ်ချုပ်တွေ အပေါ် ကြမ်းတမ်းရက်စက်သူများအဖြစ် မြင်ခဲ့တယ်။”

ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း

 Tuesday, November 22, 2011
ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း




ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာခဲ့တဲ့ အဝါရောင်မိုး ခေါ် (အဆိပ်မိုး) ဓါတ်ပုံများဖြစ်ပါတယ်။

ဒီလို အဆိပ်မိုး ရွာသွန်းလာခြင်း ဟာ စစ်အစိုးရရဲ့ ဓါတုလက်နက် အသုံးပြုမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပြည်သူများလည်း ယခုချိန်တွင် ရေမသောက်ရဲ၊ ဟင်းသီးဟင်းရွက် မချက်စားရဲ... စိုးရိမ်မှုများနဲ့ ကြုံတွေ့နေရပါတယ်။

တချို့ကလည်း .. ဒီလို အဆိပ်မိုးရွာတာဟာ လူရဲ့ (စစ်အစိုးရရဲ့) ဖန်တီးခြင်း ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်..။ “ဘာကြောင့်လဲ ဆိုရင် မိုးက အဲ့ဒီ မိုင်ဂျာယာန်မှာဘဲ ကွက်ကြားရွာတယ်။ တခြားနေရာတွေမှာ မရွာဘူး.. ကျနော်ထင်တာတော့ မိုးပေါ်ကနေ လေယာဉ်ဖြင့် သွားဖေါက်ခွဲလိုက်တဲ့ ဇီဝ လက်နက် တမျိုးဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။ ကျနော်ကြားဘူးတာရှိတယ်.. တရုတ်ပြည်မှာ ဆိုရင် တချို့မိုးခေါင် ရေရှားဖြစ်တဲ့ ပြည်နယ်တွေမှာ တရုတ်အစိုးရက.. ဟော.. မိုးကောင်းကင် အပေါ်ကနေ လေယာဉ်ပျံဖြင့် မိုးရွာချပေးခဲ့တာမျိုး ရှိပါတယ်..။ ယခုလည်းဘဲ အဲ့ဒီပုံစံဖြစ်နိုင်တယ်.. ရေရဲ့ အစား စစ်အစိုးရ တို့က ဇီဝ လက်နက်ကို အသုံးပြုလိုက်တာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။”

ရုပ်သံ၊ ဗီဒီယိုများကို လည်း စုစည်းတင်ပြသွားပါမည်..



W.P Moses

အင်္ဂလန် အစိုးရ ကျောင်းသားဗီဇာ ဥပဒေ သစ်ထုပ်လိုက်

Tuesday, November 22, 2011


၂၀၁၁ မှစပြီး   အင်္ဂလန် နိုင်ငံ မှာ ကျောင်းသား ဗီဇာ နှင့် ပတ်သက်ပြီး အပြောင်းအလဲ ဥပဒေ သစ်ကို ထုပ်ထား လိုက်တယ် လို့ သိရပါတယ် ။။

လန်ဒန်-
ဧပြီ ၂၀၁၂ မှ စပြီး highly trusted sponsor ရရှိသော ကျောင်း များမှာ  အပ်သောသူများကိုသာ ဗီဇာ ချပေးတော့မှာ ဖြစ်ပြီး ယခုလက်ရှိတွင် ထို ဥပဒေ က အကျုံးဝင်ခြင်း မရှိသေးပါ။

- အင်္ဂလန်သို့ လာရောက်၍ ပညာသင်ကြားမည့် ကျောင်းသားတိုင်း အင်္ဂလိပ်စာ အဆင့်မြင့် upper intermediate Level (B2) ဖြစ်ရမယ် ယခု လက်ရှိ အဆင့်မှာ Lower Intermediate Level (B1) အဖြစ်သတ်မှတ်ထားတယ် လို့သိရပါတယ် ။
- အင်္ဂလန် နိုင်ငံ ကျောင်းသားဖြင့် ၀င်ရောက်လာသူတိုင်း လေဆိပ်အ၀င်မှာ စကားပြန် မလိုပဲ အင်္ဂလိပ် စကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ရမယ် ။

-တက္ကသိုလ် ကျောင်းများ၌ ပညာသင်ကြားသော ကျောင်းသားများ သာလျှင် အလုပ်လုပ် ခွင့်ပြုတော့မှာဖြစ်ပြီး  တက္ကသိုလ်ထက် အဆင့် နိမ့်သော ကောလိပ်ကျောင်းများ၊ အင်္ဂလိပ်စာ သင်တန်း ကျောင်းသားများ အလုပ်လုပ်ခွင့် မပြုတော့ဘူးလို့ သိရပါတယ် ။
 အခု လက်ရှိ ကျောင်းသားတိုင်း အလုပ်လုပ်ခွင့် ပြုထားပါတယ် ။

 တက္ကသိုလ် များ၌ post graduate ကျောင်းသား များသာလျှင် မိသားစု ခေါ်ခွင့်ပြုတော့မှာ ဖြစ်ပြီး ယခုလက်ရှိ ကျောင်းသားတိုင်း မိသားစု ခေါ်ဆိုခွင့်ပြုထားပါတယ် ။
-အင်္ဂလန်နိုင်ငံသို့ ကျောင်းလာ တက်သော ကျောင်းသားများအား “၃” နှစ် အတွင်း ဘွဲယူရန် နှင့် `“၅`“နှစ် အတွင်း အဆင့်မြင့် ဘွဲ့ယူရန် သတ်မှတ်လိုက်တယ် ။ ယခုလက်ရှိ ကျောင်းသားများအား ကန့်သတ်ချက်မရှိပဲ သက်တန်းတိုးခွင့်ပေးထားသေးတယ် ။

Tier 1 (post study work) ကို ပိတ်မည်။ တက္ကသိုလ်မှ ကျောင်းပြီး ပြီး အလုပ်ရှာ လို သော သူများအား ယခုချိန်တွင် ၂ နှစ် အလုပ်ရှာ ခွင့်ပေးထားပြီး ဧပြီ ၂၀၁၂ မှစပြီး  အလုပ်ရှာလိုတဲ့ သူများကို Tier 2 point base system ဖြင့် သတ်မှတ်ပြီး အကျုံးဝင်သော သူများသာ လျှောက်ခွင့်ပြုမည်ဖြစ်ပါတယ် ။


 ဇော်ရှန် (wunpawng)

ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း

ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာတဲ့ အဝါရောင် မိုး (အဆိပ်မိုး) ဓါတ်ပုံ သတင်း





ကချင်ပြည်နယ် မိုင်ဂျာယာန်မှာ ရွာခဲ့တဲ့ အဝါရောင်မိုး ခေါ် (အဆိပ်မိုး) ဓါတ်ပုံများဖြစ်ပါတယ်။

ဒီလို အဆိပ်မိုး ရွာသွန်းလာခြင်း ဟာ စစ်အစိုးရရဲ့ ဓါတုလက်နက် အသုံးပြုမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပြည်သူများလည်း ယခုချိန်တွင် ရေမသောက်ရဲ၊ ဟင်းသီးဟင်းရွက် မချက်စားရဲ... စိုးရိမ်မှုများနဲ့ ကြုံတွေ့နေရပါတယ်။

ရုပ်သံ၊ ဗီဒီယိုများကို လည်း စုစည်းတင်ပြသွားပါမည်..

nzaushan (wunpawngnews)

ဒို့နိုင်ငံတော် သီချင်းသံ ဒို့ပြည်သူထံ လွှမ်းစေရန် အပိုင်း (၁)

ဟုတ်ပါပြီဗျာ...
နင်ကြိုက်သလိုသာ လုပ်ပါဟာ....


ဆောင်းပါးရှင် - နတ်မောက်ခင်


တရားမျှတ .. လွတ်လပ်ခြင်းနှင့်မသွေ .. ဒို့ပြေ (ပြည်) ဒို့မြေ.. ပြည်ထောင်စုအမွေ..အမြဲတည်တံ့စေ.. အဓိဌာန်ပြုမလေ.. ထိန်းသိမ်းစို့မသွေ…
(ကမ္ဘာမကြေ.. မြန်မာတွေ… ဒို့ဘိုးဘွား အမွေအနှစ်မို့… ချစ်မြတ်နိုးပေ…) ၂
(ပြည်ထောင်စုကို အသက်ပေးလို့.. ဒို့…ကာကွယ်မလေ.. ဒါဒို့ပြေ (ပြည်) ဒါဒို့မြေ … ဒို့ပိုင်တဲ့ ပြေ..) ၂
ဒို့ပြေ..ဒို့မြေ.. အကျိုးမို့..ညီညာစွာ.. ဒို့တတွေ… ထမ်းဆောင်ပါစို့မသွေ.. ဒို့တာဝန်ပေ.. အဖိုးတန်မြေ…
သို့


ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-


နိုင်ငံနှင့်လူမျိုး ပိုင်ဆိုင်တဲ့ အမိမြန်မာပြည်ကြီးကိုသာမက နိုင်ငံနှင့်လူမျိုးရဲ့ အသက် သွေးကြောဖြစ်သည့် မြန်မာ့ဧရာဝတီမြစ်ကြီးကိုပါ အပိုင်စီးသိမ်းပိုက်နိုင်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကြီးက ခေတ်သစ် နယ်ချဲ့ စနစ်သစ်ဖြစ်သော နှစ်နိုင်ငံ အကျိုးတူစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာဖြင့် သပ်လျှိုကာ ကြိုးပမ်းလာနေပါပြီ။ နှစ်ရှည် စီမံကိန်းကြီးများဆိုင်ရာ အန္တရာယ်မျိုးစုံတို့၏ ဆိုးကျိုးအမွေကို နောင်မျိုးဆက်သစ် ခေတ်အဆက်ဆက်ထိ တိုင်အောင် ခံစားသွားကြရတော့မည့် အမျိုးသားရေး အန္တရာယ်ကို တမျိုးသားလုံး စုပေါင်းကာကွယ်သွားရန် အချိန်ဆိုက်ရောက်လာပေပြီ။


ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်နေစဉ် (ပုံ -www.wunpawngnewsgroup.blogspot.com)





ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-


အိမ်နီးချင်း တရုတ်နိုင်ငံကြီးက ကချင်ပြည်နယ်ရှိ အမိမြန်မာပြည်ရဲ့ ဦးခေါင်းပိုင်းသဖွယ် ပြည်ထောင်စုကြီး၏ ဦးဏှောက်အား ဖေါက်စားခံရသည့်အလား ထုထည် ကြီးမားလှသည့် မြစ်ဆုံဆည်ကြီးနှင့် ဆည်ဝန်းကျင်တွင် ရေကာတာများစွာ ဝိုင်းရံ တည်ဆောက်နေသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ဦးခေါင်းနှင့်မမျှ၊ မတန်တဆ တည်ဆောက်နေသလို ဖြစ်နေပါပြီ။


ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-


အမိမြန်မာပြည်ကြီးရဲ့ လည်မျိုကို မြစ်ဆုံဆည်ကြီးက လိမ်ချိုးထားပါ၏။ ဆည်ကြီးနှင့်အတူ ဝန်းကျင်ရေကာတာမျးစွာက ပြည်ထောင်စု၏ ဦးဏှောက်ကို ဖေါက်စားထားနေပါသည်။
ဤမျှသာမက နိုင်ငံနှင့် လူမျိုး၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာ မေခနှင့် မလိခတို့၏ ချစ်ခြင်းကို ဖြိုခွင်းကာ မြစ်ညွှန့်နှစ်သွယ်အား မြစ်ဆုံဆည်ကြီးကပင် ချိုးသတ်ထားပြန်၏။


အမိရင်ခွင်၌ နှစ်ရာထောင်ချီ၍ ငြိမ်းချမ်းစွာ စီးဆင်းလျက် နိုင်ငံနှင့်လူမျိုးကို အသက်ဆက်  ပေးနေရှာသော ကမ္ဘာ့မြစ်များ စာရင်းဝင် မြစ်မင်းဧရာဝတီကြီး အသက်ငင်၍ နေတာကြောင့် ကယ်တင်ရှင်ကို မျှော်လင့်နေရှာပါသည်။ ကယ်ပါ၊ ကူပါ တစာစာဖြင့် ရေစီးသံတို့ လှိုက်ဖိုကာ မချိတင်ကဲ အော်ညည်းနေရှာသည့် ဧရာဝတီမြစ်ကြီး၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် တမျိုးသားလုံး အမျိုးသားရေးတာဝန်အဖြစ် ထမ်းရွက်ကြရမည် ဖြစ်ပါသည်။


မြစ်မင်းဧရာ အသက်ပျောက်ပါက ဧရာဝတီမြစ်ကြီး ပင်တိုင် မြစ်ဝကျွန်းပေါ်မှသည် ပင်လယ်ဝအရောက် မြစ်ရိုးတလျှောက် ဧရာဝတီမြစ်ကြီး အသက်ပျောက် ရရှာပေတော့မည်။ ဧရာဝတီမြစ်ကြီး အသက်ပျောက်ပါက မြန်မာ့စပါးကျီသိုက်ကြီး မြစ်ဝကျွန်းပေါ်လည်း ဆိတ်သုဉ်း ကွယ်ပျောက်ပေတော့မည်။ သို့ကြောင့်ပင် နိုင်ငံနှင့်လူမျိုးအတွက် အစားထိုး၍ မရနိုင်သည့် အလုံးစုံသော အနန္တ ဆုံးရှုံးမှုတို့ကား ကြီးမားလွန်းလှပါမည်။ သားစဉ်မြေးဆက် ဝမ်းရေးခက်ကာ ကပ်ကြီးသုံးပါးဘေး ကြုံတွေ့ရမည့် အခြေအနေကို ရင်ဆိုင် ကြရပေလိမ့်မည်။


ရိုးတယ်ပြောမလား၊ ဆန်းတယ်ပြောမလား ၂၀၁၁ ခုနှစ် ၁ လပိုင်းမှာ မြစ်ဆုံစီမံကိန်း လာရောက်ကြည့်ရှု ညအိပ်ရပ်နားပြီး နောက်တနေ့မှာ လုံခြည်အရောင်မဲ့နဲ့ မြင်တွေ့ရတဲ့ ဦးသိန်းစိန် (ပုံ -www.wunpawngnewsgroup.blogspot.com)
ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစု အပေါင်းတို့ -


မြန်မာ့ဦးခေါင်းထိပ် မြန်မာ့ရေမြေအသက်ဖျား၌ ထုထည်ကြီးမား များပြားလှသည့် မြစ်ဆုံဆည် ရေကာတာများဖြင့် မြန်မာ့ရေကြောမြေကြောအား “သင်းသတ်ဖို့” တရုတ်ပြည်ကြီးက ကြိုးစား အားထုတ်နေခြင်းသာ ဖြစ်ပါ၏။


မြစ်မင်းဧရာ၏ အလှကျက်သရေနှင့် သဏ္ဍာန်သရုပ် ပျက်စီးသွားပါက မြန်မာ့ယဉ်ကျေးမှု အလှများလည်း မှေးမှိန် ပျောက်ကွယ်သွားမည်သာမက နိုင်ငံနှင့်လူမျိုးပါ ကပ်ကြီးသုံးပါး ချောက်ကမ်းပါးအတွင်း ကျရောက်သွားနိုင်ပါ၏။
အပိုင်း (၂) ကို ဆက်လက်ဖေါ်ပြသွားပါမည်....


http://photayokeking.org/truewords/open-letters/813-tichinn-tann-duu-pyi-tu-htan-lwan-zee- မှ ကူးယူဖော်ပြပါသည်...

စစ်တပ်အနီး​ရှိ ​နေအိမ် အ​ဆောက်အဦများ​ ​ရွှေ့​ပြောင်း​ခိုင်း

 November 21, 2011

ကချင်ပြည်နယ်၊​ မြစ်ကြီး​နား​မြို့​ ​နောင်း​ပုံ​ကျေး​ရွာအနီး​ အ​ခြေစိုက် ခလရ ၃၇ တပ်ဧရိယာအနီး​ရှိ လူ​နေအိမ်နဲ့​ အ​ဆောက်အဦ​တွေကို နိုဝင်ဘာလကုန် ​နောက်ဆုံး​ထား​ပြီး​ ​ရွှေ့​ပြောင်း​ဖို့​ စစ်တပ်က အမိန့်​ထုတ်ထား​တယ်လို့​ မြစ်ကြီး​နား​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“၃၇ နဲ့​ ကပ်လျက်ရှိ​နေတဲ့​ ​နေအိမ်၊​ ကြက်ခြံ​တွေ၊​ သစ်စက်​တွေအား​လုံး​ကို နိုဝင်ဘာ ၃ဝ ရက် ​နောက်ဆုံး​ထား​ပြီး​ အား​လုံး​ ​ရွှေ့​ပြောင်း​ရမယ်လို့​ ခလရ ၃၇ က အမိန့်​ ထုတ်ပြန်တယ်။ အဲဒီဝန်း​ကျင်မှာ ကိုက် ၅ဝဝ အတွင်း​ကို တဲတတဲမှ ရှိတာ မမြင်ချင်ဘူး​တဲ့​။ လယ်သမား​တွေက လယ်လာစိုက်လို့​ရတယ်၊​ လယ်လာသိမ်း​လို့​ရတယ်။ ဒါ​ပေမယ့်​ ညအိပ် တာမျိုး​၊​ ​နေ့​လယ် နားနေဖို့​အတွက် ဘာအ​ဆောက်အဦမှ မမြင်ချင်ဘူး​လို့​ ​ပြောတယ်။”

၁၉၉၅ ခုနှစ်​လောက်မှစတင်၍ အဲဒီတပ်ဧရိယာအနီး​နား​မှာ ​မြေစာရင်း​ဌာနက တရား​ဝင် ကွက်သစ်တိုး​ချဲ့​ခဲ့​ပြီး​နောက်ပိုင်း​ မြစ်ကြီး​နား​နဲ့​ အနီး​နား​ဒေသခံ​တွေက စိုက်ပျိုး​ရေး​၊​ ​မွေး​မြူ​ရေး​နဲ့​ သစ်စက်​တွေ လာ​ရောက်လုပ်ကိုင် အ​ခြေချ​နေကြတာလည်း​ ဖြစ်ပါတယ်။

အ​ခြေကျ​နေပြီး​ဖြစ်တဲ့​ အဲဒီ​နေရာက​နေ မဖယ်​ပေး​ချင်​ပေမယ့်​ တပ်အမိန့်​အရ ဖယ်​ပေး​တော့​မယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

“နန်း​ကွေ့​ကျေး​ရွာထဲကို ​ရွှေ့​ပေါ့​။ ဒါမှမဟုတ် ​နောင်း​ပုံ​ကျေး​ရွာထဲကို ​ရွှေ့​ပေါ့​။ တပ်​ဘေး​မှာ မ​နေနဲ့​ပေါ့​။ သူတို့​ကလည်း​ ခြံဝင်း​လေး​တွေနဲ့​ ​နေတယ်ဆို​တော့​ အခုဖယ်​ပေး​ရမယ်ဆို​တော့​ ​လျော်​ကြေး​က တပြား​မှ မရဘူး​လေ။ ကိုယ်​နေတဲ့​အိမ်ကို ဖျက်မယ်ဆိုလည်း​ ဖျက်ခ ကုန်ရဦး​မယ်၊​ နန်း​ကွေ့​ရွာထဲမှာ သွား​နေရင်လည်း​ ​ဆွေမျိုး​တွေခြံထဲမှာ အိမ်သွား​ဆောက်​နေရင်လည်း​ ​ဆောက်ခ ပြန်ကုန်မယ်​လေ။ ​ရွှေ့​ပြောင်း​ခ ကုန်မယ်​လေ။ သူတို့​က ​ရွှေ့​ဖို့​ အကုန်လုံး​ ဆုံး​ဖြတ်ကြပြီ​လေ။ တပ်အမိန့်​ဆို​တော့​လည်း​ ​ကြောက်တာကိုး​။”

အခုလဆန်း​ပိုင်း​က ခလရ ၃၇ က စစ်သည်နှစ်ဦး​ တပ်ဧရိယာအနီး​ရှိ လယ်ကွင်း​တွေအတွင်း​ ငါး​သွား​ရှာရမှ ​ပျောက်ဆုံး​ခဲ့​ပြီး​နောက်ပိုင်း​ အခုလို စစ်တပ်နား​က ​နေအိမ်အ​ဆောက်အဦ​တွေ ဖယ်​ပေး​ဖို့​ အမိန့်​ထုတ်လာတာလို့​ မြစ်ကြီး​နား​ ​ဒေသခံက ​ပြောပါတယ်။

From - DVB

ဒေါ်စု ရွေးကောက်ပွဲ ဝင်မယ့် အပေါ် K.I.O ရဲ့ တုံ့ပြန်ချက် Click

ဒို့နိုင်ငံတော် သီချင်းသံ ဒို့ပြည်သူထံ လွှမ်းစေရန် - အပိုင်း (၁)

 Monday, November 21, 2011

ဆောင်းပါးရှင် - နတ်မောက်ခင်


တရားမျှတ .. လွတ်လပ်ခြင်းနှင့်မသွေ .. ဒို့ပြေ (ပြည်) ဒို့မြေ.. ပြည်ထောင်စုအမွေ..အမြဲတည်တံ့စေ.. အဓိဌာန်ပြုမလေ.. ထိန်းသိမ်းစို့မသွေ…
(ကမ္ဘာမကြေ.. မြန်မာတွေ… ဒို့ဘိုးဘွား အမွေအနှစ်မို့… ချစ်မြတ်နိုးပေ…) ၂
(ပြည်ထောင်စုကို အသက်ပေးလို့.. ဒို့…ကာကွယ်မလေ.. ဒါဒို့ပြေ (ပြည်) ဒါဒို့မြေ … ဒို့ပိုင်တဲ့ ပြေ..) ၂
ဒို့ပြေ..ဒို့မြေ.. အကျိုးမို့..ညီညာစွာ.. ဒို့တတွေ… ထမ်းဆောင်ပါစို့မသွေ.. ဒို့တာဝန်ပေ.. အဖိုးတန်မြေ…
သို့

ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-

နိုင်ငံနှင့်လူမျိုး ပိုင်ဆိုင်တဲ့ အမိမြန်မာပြည်ကြီးကိုသာမက နိုင်ငံနှင့်လူမျိုးရဲ့ အသက် သွေးကြောဖြစ်သည့် မြန်မာ့ဧရာဝတီမြစ်ကြီးကိုပါ အပိုင်စီးသိမ်းပိုက်နိုင်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကြီးက ခေတ်သစ် နယ်ချဲ့ စနစ်သစ်ဖြစ်သော နှစ်နိုင်ငံ အကျိုးတူစီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး မဟာဗျူဟာဖြင့် သပ်လျှိုကာ ကြိုးပမ်းလာနေပါပြီ။ နှစ်ရှည် စီမံကိန်းကြီးများဆိုင်ရာ အန္တရာယ်မျိုးစုံတို့၏ ဆိုးကျိုးအမွေကို နောင်မျိုးဆက်သစ် ခေတ်အဆက်ဆက်ထိ တိုင်အောင် ခံစားသွားကြရတော့မည့် အမျိုးသားရေး အန္တရာယ်ကို တမျိုးသားလုံး စုပေါင်းကာကွယ်သွားရန် အချိန်ဆိုက်ရောက်လာပေပြီ။

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်နေစဉ် (ပုံ -www.wunpawngnewsgroup.blogspot.com)



ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-

အိမ်နီးချင်း တရုတ်နိုင်ငံကြီးက ကချင်ပြည်နယ်ရှိ အမိမြန်မာပြည်ရဲ့ ဦးခေါင်းပိုင်းသဖွယ် ပြည်ထောင်စုကြီး၏ ဦးဏှောက်အား ဖေါက်စားခံရသည့်အလား ထုထည် ကြီးမားလှသည့် မြစ်ဆုံဆည်ကြီးနှင့် ဆည်ဝန်းကျင်တွင် ရေကာတာများစွာ ဝိုင်းရံ တည်ဆောက်နေသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ဦးခေါင်းနှင့်မမျှ၊ မတန်တဆ တည်ဆောက်နေသလို ဖြစ်နေပါပြီ။

ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအပေါင်းတို့-

အမိမြန်မာပြည်ကြီးရဲ့ လည်မျိုကို မြစ်ဆုံဆည်ကြီးက လိမ်ချိုးထားပါ၏။ ဆည်ကြီးနှင့်အတူ ဝန်းကျင်ရေကာတာမျးစွာက ပြည်ထောင်စု၏ ဦးဏှောက်ကို ဖေါက်စားထားနေပါသည်။
ဤမျှသာမက နိုင်ငံနှင့် လူမျိုး၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာ မေခနှင့် မလိခတို့၏ ချစ်ခြင်းကို ဖြိုခွင်းကာ မြစ်ညွှန့်နှစ်သွယ်အား မြစ်ဆုံဆည်ကြီးကပင် ချိုးသတ်ထားပြန်၏။

အမိရင်ခွင်၌ နှစ်ရာထောင်ချီ၍ ငြိမ်းချမ်းစွာ စီးဆင်းလျက် နိုင်ငံနှင့်လူမျိုးကို အသက်ဆက်  ပေးနေရှာသော ကမ္ဘာ့မြစ်များ စာရင်းဝင် မြစ်မင်းဧရာဝတီကြီး အသက်ငင်၍ နေတာကြောင့် ကယ်တင်ရှင်ကို မျှော်လင့်နေရှာပါသည်။ ကယ်ပါ၊ ကူပါ တစာစာဖြင့် ရေစီးသံတို့ လှိုက်ဖိုကာ မချိတင်ကဲ အော်ညည်းနေရှာသည့် ဧရာဝတီမြစ်ကြီး၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် တမျိုးသားလုံး အမျိုးသားရေးတာဝန်အဖြစ် ထမ်းရွက်ကြရမည် ဖြစ်ပါသည်။

မြစ်မင်းဧရာ အသက်ပျောက်ပါက ဧရာဝတီမြစ်ကြီး ပင်တိုင် မြစ်ဝကျွန်းပေါ်မှသည် ပင်လယ်ဝအရောက် မြစ်ရိုးတလျှောက် ဧရာဝတီမြစ်ကြီး အသက်ပျောက် ရရှာပေတော့မည်။ ဧရာဝတီမြစ်ကြီး အသက်ပျောက်ပါက မြန်မာ့စပါးကျီသိုက်ကြီး မြစ်ဝကျွန်းပေါ်လည်း ဆိတ်သုဉ်း ကွယ်ပျောက်ပေတော့မည်။ သို့ကြောင့်ပင် နိုင်ငံနှင့်လူမျိုးအတွက် အစားထိုး၍ မရနိုင်သည့် အလုံးစုံသော အနန္တ ဆုံးရှုံးမှုတို့ကား ကြီးမားလွန်းလှပါမည်။ သားစဉ်မြေးဆက် ဝမ်းရေးခက်ကာ ကပ်ကြီးသုံးပါးဘေး ကြုံတွေ့ရမည့် အခြေအနေကို ရင်ဆိုင် ကြရပေလိမ့်မည်။

ရိုးတယ်ပြောမလား၊ ဆန်းတယ်ပြောမလား ၂၀၁၁ ခုနှစ် ၁ လပိုင်းမှာ မြစ်ဆုံစီမံကိန်း လာရောက်ကြည့်ရှု ညအိပ်ရပ်နားပြီး နောက်တနေ့မှာ လုံခြည်အရောင်မဲ့နဲ့ မြင်တွေ့ရတဲ့ ဦးသိန်းစိန် (ပုံ -www.wunpawngnewsgroup.blogspot.com)
ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစု အပေါင်းတို့ -

မြန်မာ့ဦးခေါင်းထိပ် မြန်မာ့ရေမြေအသက်ဖျား၌ ထုထည်ကြီးမား များပြားလှသည့် မြစ်ဆုံဆည် ရေကာတာများဖြင့် မြန်မာ့ရေကြောမြေကြောအား “သင်းသတ်ဖို့” တရုတ်ပြည်ကြီးက ကြိုးစား အားထုတ်နေခြင်းသာ ဖြစ်ပါ၏။

မြစ်မင်းဧရာ၏ အလှကျက်သရေနှင့် သဏ္ဍာန်သရုပ် ပျက်စီးသွားပါက မြန်မာ့ယဉ်ကျေးမှု အလှများလည်း မှေးမှိန် ပျောက်ကွယ်သွားမည်သာမက နိုင်ငံနှင့်လူမျိုးပါ ကပ်ကြီးသုံးပါး ချောက်ကမ်းပါးအတွင်း ကျရောက်သွားနိုင်ပါ၏။
အပိုင်း (၂) ကို ဆက်လက်ဖေါ်ပြသွားပါမည်....

http://photayokeking.org/truewords/open-letters/813-tichinn-tann-duu-pyi-tu-htan-lwan-zee- မှ ကူးယူဖော်ပြပါသည်...

မိုင်ဂျာယာန် မှာ အဆိပ်မိုးရွာ

21.  11. 2011

 ဇော်ရှန်(wunpawng)

20/11/2011 ညနေပိုင်း 2:30 pm  ကေအိုင်အေ ထိန်းချုပ်သည့် မိုင်ဂျာယာန် မှာ အဆိပ်မိုးများ ရွာလာတယ်လို့ ဒေသခံများက ပြောပါတယ်  ။ ဒီသတင်းနှင့်ပါတ်သက်ပြီး wunpawng news မှ ကေအိုင်အေ ဌာန သို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း ဆက်သွယ်မှု မရသေးသည့် အတွက် သတင်း အပြည့်အစုံကို ဆက်လက်ဆက်သွယ်နေပါတယ် ။


WPNG

MAIJA YANG HTA ACID MARANG HTU AI LAM HTE SENG NNAမြန်မာနိုင်ငံတွင် ပထမဦးဆုံး မိုင်ဂျာယာန်အဆိပ်မိုးရွာ

Monday, November 21, 2011

MAIJA YANG HTA ACID MARANG HTU AI LAM HTE SENG NNA


Wunpawng Mungdan Shanglawt Asuya a up hkang ginrai rai nga ai Mai Ja Yang kaw dai na de 20/11/2011 shana de hkying 2:30 pm daram hta sanap hka garang da ai nsam hta kachyi mi grau htoi ai nsam hte re marang htu wa ai. Mai Ja Yang mare baw de lawk (2) maga de grau sawng ai. Nkau nta hkan gaw ram ram htat ai. Yu mau chyan (nta galup ai hpan), nta ntsa kaw gaw grau dan ai. Chying hkrang lap, nai sam lap ntsa hkan e mung kap taw ai. Rai n htu shi yang n sen lama mi shawng na ai da. Lawk (2) na ni tsun ai. Nsen myu mi nga 2 lang na dat ai hpang marang zawn nga raw nga htu dat ai nsen na ai da. Dai hpang gaw nta shinggan kaw nga taw ai masha ni a lata ntsa kaw mung hkra ai. Hkra ai shaloi gaw akasi nga ai da. Dai hpang gaw hkraw mat ai.

MAI JA YANG KAW HTU AI MARANG


Anhte ni wa yu ai shaloi gaw hkying 4:00 daram rai sai hku re. Dai shaloi gaw hkraw taw sai. Sak se vedio, photo sumla ni mung la da ga ai. Ya shagun dat ai laika kaw na sumla hte bung ai. Sumla hpe hpang e shagun dat na ga ai. Anhte mare masha ni yawng hte hpyen yen ni yawng grai myit tsang nga ga ai. Hka mung n lu gwi, si mai si maw mung n mai sha ai.

 N dai mabyin byin ai lam gaw teng ai lam, rai tim myen asuya a lak nak a majaw rai n rai gaw rai n lu masat ai lam hte shingra tara galai shai wa ai majaw mung mai byin ai lam shana wa ai. Ya ten n dai mabyin hte seng nna KIO ginjaw salang ni mabyin shara de sa nna sawk sagawn ai lam ni galaw nga sai lam na chye lu ai.

မဟာစစ်ဆင်ရေးအတွက် အကြွေးတင်ပြီ

Sunday, November 20, 2011

နယ်ချဲ့ကျူးကျော်ရန်ကို အတူတကွတိုက်ခိုက်တွန်းလှန်ခဲ့တာက တိုင်းရင်းသား ညီအစ်ကိုတွေပါ… ဗမာက နောက်မှ ထိပ်ကွက်ပြီး ကလိန်ကကျစ် ညစ်ပတ်လိမ်ယူခဲ့တာ အားလုံးအသိပါ။ တကယ်တော့ လွတ်လပ်ရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ပင်လုံစာချုပ်က မြန်မာပြည်ကြီးရဲ့ ပြည်တွင်းစစ်မီး ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဒီနေ့ထိ အသက်ပေါင်းများစွာ သွေးမြေကျနေရတဲ့ ဗမာ့ (စစ်အာဏာရှင် စစ်အစိုးရ စစ်တပ်ရဲ့) ပင်လိမ် စာချုပ်အဖြစ် ပြောင်းလဲခဲ့ရတာပါ။ တိုင်းရင်းသားများရဲ့ ရိုးသားဖြူစင်မှုကို အခွင့်ကောင်းယူတတ်တဲ့ တကောင်းမှာဆုံးတဲ့ မျိုးမစစ် ဗမာ (စစ်အာဏာရှင် စစ်အစိုးရ) တွေဟာ တိုင်းရင်းသားအားလုံးရဲ့ ဘုံရန်သူဖြစ်နေတယ်ဆိုတာ သတိထားမိသင့်ပြီ၊ အရှက်ရသင့်ပြီ။

လာပြန်ပြီနောက်တကျော့ ဒုတိယပင်လုံတဲ့ ဒီတစ်ခါပင်လုံတော့ တိုင်းရင်း သားတွေရဲ့ မြေပုံပါ ဖျောက်ဖျက်ပြီး တိုင်းရင်းသားတွေကို ပြည်ပနိုင်ငံတွေဆီ ခေတ်သစ် ကျွန်ရောင်းဝယ်ရေး စနစ်သစ်နဲ့ ထပ်ရောင်းစားဖို့ ကြံစည်ပြန်ပြီ။ တစ်ဖက်သားကို အားနားတတ်တဲ့ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသား ညီးအစ်ကိုများ ခင်ဗျား…. မီးခဲပေါ်ယင်နားသလောက် မကြာတဲ့ ဗမာ (စစ်အာဏာရှင် စစ်အစိုးရ စစ်တပ် ) ကတိကို ထပ်ယုံကြအုံးမှာလား?။ သမ္မတကြီး ငစိန်ရဲ့ ၁၉-၁၁-၂၀၁၁ ရက်နေ့က ပြောသွားတဲ့စကားကိုကြည့်ပါ၊ ဒီမိုကရေစီဖေါ်ဆောင်မှုမှာ အနောက်နိုင်ငံတွေလို အံဝင် ခွင်ကျ လုပ်လို့ မရသေးဘူးတဲ့။ လေးထောင့်မှာ အ၀ိုင်းစွပ်၊ အ၀ိုင်းမှာ လေးထောင့်စွပ် မရဘူးတဲ့။ ဆိုလိုတာက လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှု မတူကွဲပြားတဲ့ တိုင်းရင်းသားတွေကို အရင်ဖိညှစ်၊ ချေမှုန်းပြီးမှ ဗမာ့ (စစ်အာဏာရှင် စစ်အစိုးရ စစ်တပ် ) ဒီမိုကရေစီ အဖြစ်သာ ပြောင်းလဲ ယူမယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ ကိုယ်ကိုးကွယ်တဲ့ ဘုရားကိုတောင် လည်ပင်းညှစ်သတ်တဲ့ သတ္တိခဲ ဗမာ (စစ်ဏာရှင် စစ်အစိုးရ ) တွေက တိုင်းရင်းသားတွေကို မုဒိန်းကျင့်၊ နှိပ်စက်သတ်ဖြတ်တာလောက်တော့ ပျင်းတောင် ပျင်းသေးတယ်။ ဒါကြောင့် (သတိတော့ထားပါ မာမီ ငြိမ်း တို့ရေ) လို့မှာချင်ပါတယ်။ တကောင်းသွေးက ဗမာပါ (စစ်အာဏာရှင် စစ်အစိုးရ) ၊ ဗမာသွေးကလည်း တကောင်းပါပဲ။

ဒီမိုကရေစီခေါင်းဆောင်ကြီး အမေစုရဲ့ အနစ်နာခံမှုကို လေးစားမိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ နှလုံးသားထဲမှာ အမေစုကြီး မရှိတာကိုတော့ ဘ၀မှတ်တိုင် တစ်ခုကို နိုဝင်ဘာ (၁၈) ရက်နေ့က ပြည်ဖုံးကားချ လိုက်တဲ့ ဗမာ့ကိုယ်ကျိုးစွန့် အန်တီကြီးကို သိစေချင်ပါတယ်။

ကနေ့ခေတ် မီဒီယာလောကမှာလည်း သတင်းတစ်ခုရဖို့  မလွယ်လှတော့ဘူး၊ ဘာကြောင့်လည်းဆိုတော့ လူက ခွေးကို ကိုက်တာကို သတင်းလို့ ယူဆကြတာကိုး၊ ဘယ်လူက ခွေးကိုသွားကိုက်မှာလဲ?၊ အဲဒီတော့ ခွေးက အထက်ဆန်ပြီး လူတွေကို သွားကိုက်နေတော့ အဲဒါသတင်း မဟုတ်တော့ ဘူးပေါ့။ ဒါကြောင့်ဘဲ အဒေါ်ကြီးက စကပ်ဘာအရောင်၊ ဘယ်အမှိုက်ပုံက (ပါတီ) သူတောင်းစားပို့  လိမ္မာတယ်/ဆိုးတယ် တာတွေက ထိပ်တန်းရောက်မြန်မာ သတင်းဖြစ်နေရတာတော့ စိတ်မကောင်းစရာပါ။

ကျနော်တို့ ကချင်လူမျိုးတွေဟာ အောက်ပြည်၊ အောက်ရွာ ဗမာတွေနေတဲ့ရွာမှာ ကျူးကျော်ရန်စတာ မဟုတ်ဘူး၊ ဒါကြောင့် ယခုလက်ရှိ ဖြစ်ပွားနေတဲ့ ကချင်လူမျိုးအမြစ်ပြတ် ချေမှုန်းရေး မဟာ စစ်ဆင်ရေး အတွက် စစ်အာဏာရှင် စစ်အစိုးရဟာ ကျနော်တို့ ကချင် တစ်မျိုးသားလုံးရဲ့ ကမ္ဘာမကြေ ရန်သူ ဖြစ်သွား ပြီဆိုတာ မုဒိမ်းတပ်မတော်မှာ ပါဝင်တဲ့ လူသတ်သမားမွေးထားတဲ့ မိဘ နှစ်ပါးနှင့် ဆွေတော်တို့ တကောင်းက နွားတိရိစ္ဆာန်သွေးပါတဲ့ ဗမာ (စစ်အာဏာရှင် စစ်အစိုးရ ) နှလုံး သွင်းကြပါ။
မျိုးဆက်သစ် ကချင် (wpshiga@gmail.com)

က​ချင်​မိသားတစု ဖမ်း​ဆီး စစ်​ဆေး​ခံရ

Sunday, November 20, 2011

နိုဝင်ဘာ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်၊ နောင်စန့်ကုန်း​ ​ကျေးရွာနေ ကချင်မိသားစုတစု အပါအဝင် ကျေးရွာသား ၉ ဦးကို နယ်မြေခံစစ်တပ်နဲ့​ ​ပြည်သူ့စစ်အဖွဲ့အင်အား ၃ဝ လောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီခေါ်ဆောင်သွားတဲ့အထဲက ပလောင်အမျိုးသားဖြစ်တဲ့ တရားဟောဆရာ ဦးမောင်သန်း၊ မိုင်လုံနဲ့ ကချင်မိသားစုဝင်တွေဖြစ်တဲ့​ ​ဒေါ်မာဂျီနဲ့​ ​ယော်ထန်းဆိုသူကိုတော့​ ​ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်  ယော်ဇုန်း အသက် ၄ဝ၊ ယော်တိန် ၃၅ နှစ်၊ ယော်ဆောင်း ၃၂ နှစ်၊ အောင်မိုင်၊ ၃၅ နှစ်၊ မာဒွတ် ၃ဝ နှစ်တို့ ၅ ဦးကိုတော့ နတ်စင်ကုန်း စစ်တပ်စခန်းအတွင်း အပြင်းအထန် ရိုက်နှက် စစ်ဆေးတာတွေ ခံနေရတယ်လို့ ပြန်လွတ်လာသူ တရားဟောဆရာ ဦးမောင်သန်းက ပြောပါတယ်။

“ဟိုမှာရောက်တဲ့ခါကျတော့ ငါးယောက်လုံးက အရိုက်ခံရတယ်ဗျ။ နှစ်ယောက်က သတိတောင် လစ်သွားတယ် ပြောတယ်။ အဲဒီ ၅ ဦး ရှိသေးတယ်၊ အားလုံး အိမ်ထောင်သည်တွေပါ။ ညီအကိုတွေ၊ ယောက်ဖတွေ၊ ဒီကောင်တွေက တမိသားစုပါဘဲဗျ။ အရိုက်ခံရတဲ့ သူ့တို့အမေကြီးက မုဆိုးမဗျ။ ​နောက်တယောက်​ ​ယော်ထန်း၊ ပြန်လာပြီ။ ​ယော်ထန်လည်း ဒေါ်မာဂျီနဲ့ ဆိုင်တယ်လေ။ သူ့သားအငယ်ဆုံး။ ယော်ထန်ကတော့ အရိုက်မခံရဘူး။ မိုင်းလုံလည်း အရိုက်မခံရဘူး။ သုံးယောက် လွတ်ခဲ့တယ် ဒီမနက်။ ဒီအဖွားကြီးပဲ​ အရိုက်ခံရတယ် မနေ့က။ အသက်က ၆ဝ ကျော်ရှိပြီ။ ပါးမှာ နည်းနည်း ယောင်နေတယ်ဗျ။”

အသက် ၇ဝ ကျော်ရှိပြီဖြစ်တဲ့ တရားဟောဆရာ ဦးမောင်သန်းကိုတော့ စစ်သားတွေက  ကြိုးတုတ်တာ၊ ရိုက်နှက်တာတွေ မလုပ်ဘဲ အဲဒီ ကချင်မိသားစုဝင်တွေ အကြောင်းကိုသာ မေးမြန်းခဲ့ပြီး အဲဒီနေ့ ညနေပိုင်းကပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

“ကျနော့်မိသားစု သားသမီးတွေကိုပဲ မေးတယ်ဗျ။ တခြားကိစ္စ ဟိုကောင်တွေကလည်း ကျနော်အိမ်နီးချင်းတွေဆိုတော့ ဟိုကောင်တွေ အကြောင်းကို မေးတယ်ဗျ။ ဟိုလူငယ် အကြောင်းတွေ မေးတယ်ဆိုတော့ ရှင်းရှင်းပဲ ပြောတာပဲ။ ကျနော်မျက်စိမှာ မြင်ရသလောက် အဲလို အဲလိုပါလို့။ ကျနော်မျက်စိအောက်မှာတော့ သူတို့က လက်လုပ်လက်စားပဲ။ ကြုံရာကျပန်း အလုပ် လုပ်နေကြတဲ့သူတွေ။ ကျနော်တို့ သိရသလောက်ဆို ဘာမှ မပတ်သက်ဘူးဗျ။”

အဲဒီဒေသအတွင်း ကေအိုင်အေ(ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် တပ်မတော်)တို့ ဝင်ရောက် လှုပ်ရှားနေတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး မကြာခင်က နမ်းခမ်းရဲစခန်းရှေ့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ဒေသအတွင်း မသင်္ကာတဲ့သူတွေကို ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

From - DVB

ထိုင်းနိုင်ငံ အုန်းပြန့်ဒုက္ခသည် စခန်းမှာ ခိုလုံနေကြသော ကချင်လူမျိုးများ ကောက်သစ်စားဆုတောင်း ပွဲတော် ပြုလုပ်

Sunday, November 20, 2011
အုန်းပြန့် ဒုက္ခသည် စခန်း

မြန်မာ-ထိုင်း နယ်စပ်ရှိ အုန်းပြန့် ဒုက္ခသည်စခန်းမှာ လာရောက်ခိုလုံနေကြတဲ့ ကချင် လူထုများမှ နိုဝင်ဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့ Kachin Fellowship Church (K.F.C) ဘုရားကျောင်းတွင် ကောက်သစ်စား ဆုတောင်းပွဲတော် ကျင်းပပြုလုပ်မည် ဖြစ်ပါတယ်။ အုန်းပြန့် စစ်ပြေး ဒုက္ခသည် စခန်းတွင် ကချင်လူမျိုး (၁၅၀) ဝန်းကျင် နေထိုင်ခိုလုံလျက်ရှိကြောင်း သိရှိရပါတယ်။

“ဟုတ်ပါတယ်.. ကျနော်တို့ အုန်းပြန့် စစ်ပြေးဒုက္ခသည် စခန်းမှာ လာရောက် ခိုလုံနေကြတဲ့ ကချင်လူမျိုး (၁၅၀) ဝန်းကျင် ရှိပါတယ်.. ကျနော်တို့ ဒီနေ့ ကောက်သစ်စား ဆုတောင်းပွဲတော်ကို ပြုလုပ်ပြီး ကချင် စစ်ပြေးဒုက္ခသည်များ အတွက် အထူး ဆုတောင်း ဆက်ကပ်သွားမှာပါ.. ကျနော်တို့ ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ .. ဒီလို ဒုက္ခသည် မှာ ရောက်ရှိနေတာတောင် တတ်နိုင်တဲ့ ဘက်ကနေ သတိရ အားပေး နေတဲ့ အကြောင်း ကို သိစေချင်တာပါဘဲ.. ကျနော်တို့ ဒီမှာ ရောက်ရှိနေတဲ့ ကချင် လူမျိုးတွေကတော့ ငွေဖြင့် မကူညီနိုင်ဘူးလေး.. ဒါကြောင့် တတ်နိုင်တဲ့ ဘက်ကနေ သွေးရင်း ညီအစ်ကိုများ ဖြစ်တဲ့အားလျော်စွာ ဆုတောင်းခြင်းဖြင့် ပါဝင် အားပေး ကူညီနေတာပါ..” ဟု အုန်းပြန့် စစ်ပြေး ဒုက္ခသည်မှာ ရောက်ရှိနေတဲ့ ကချင်များရဲ့ ကိုယ်စား ပြောပြလာပါတယ်။

ကောက်သစ်စား ဆုတောင်းပွဲတော်နှင့် တကွ ယခု ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း များတွင် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား လွန်ခဲ့တဲ့ ဇွန်လ (၉) ရက်နေ့က စတင်ပြီး စစ်ပွဲ ဖြစ်ပွားနေမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည် များနှင့် ပြည်သူလူထုများ အတွက်လည်း အလေးအနက် ဆုတောင်း ဆက်ကပ် သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

W.P Moses

သင်းအုပ်ဆရာ အဖမ်းဆီးခံရ

Saturday, November 19, 2011

ရှမ်းပြည်နယ် နမ့်ခမ်းမြို့ ဘန်လုန်ကျေးရွာမှ ခရစ်ယာန် သင်းအုပ်ဆရာကို နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်အစိုးရ စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိ ရပါတယ်။ သင်းအုပ်ဆရာကို ဘယ်နေရာသို့ ခေါ်ဆောင် သွားသည်ကို အတိအကျ မသိရသဖြင့် ကျန်ရှိနေသော အိမ်သူ အိမ်သားများမှာ စိုးရိမ် ပူပန်နေ ကြကြောင်း၊ အိမ်သူအိမ်သားများမှ သက်ဆိုင်ရာ ရဲဌာန စခန်းတွင် အကြောင်း ကြားထားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူပေး မယ်လို့ မျှော်လင့်နေသော်လည်း ယခုချိန်ထိတော့ ဘာတုန့်ပြန်မှုမှ မရှိသေးကြောင်း ဆက်လက် သိရှိ ရပါတယ်။

ကချင်အမျိုးသမီးထုများ စစ်ပွဲတွေပါဝင်နေပြီ...

Saturday, November 19, 2011

KIAတပ်မဟာ(၃)နယ်မြေ မိုင်ဂျာယန်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးအမျိုးသမီးအစည်းအရုံး(KIWA) (မိုင်ဂျာယန်)မှ စည်းရုံးရေးမှူးဒေါ်မေလီအောင်ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၅) ဦးဟာ မော်တော်ယာဉ် (၂) စီးနဲ့အတူ ခင်ဒစ်ကျေးရွာကို နိုဝင်ဘာလ ၁၆ ရက်နေ့က ရောက်လာပါတယ်။ တိုက်နယ်မှူး ဘရန်အောင်နဲ့ KIO တပ်ဖွဲ့ဝင် (၃) ဦးတို့ ကြိုတင်စုစည်းထားတဲ့ ခင်ဒစ်၊ ဆိုင်မိုင်ပါနဲ့ ခိုင်ဘန်ရွာတွေကဒေသခံ ကချင် အမျိုးသမီး (၃၀) ဦးနဲ့တွေ့ဆုံပြီး ကချင် လွတ်မြောက်ရေး တပ်မတော်အတွက် အမျိုး သမီးစစ်မှုထမ်း အဖြစ် ၀င်ရောက် အမှုထမ်းကြဖို့ စည်းရုံးဟောပြောခဲ့တယ် လို့  မိုင်ဂျာယန်က လာတဲ့သတင်းတွေအရ သိရပါတယ်။


``ဒေါ်မေလီအောင်ကပြောကြားခဲ့ရာမှာတော့``ကျွန်မတို့ ကချင် တပ်မတော်ဟာ ယခုဆိုရင် အစိုးရစစ်တပ်တွေရဲ့ ထိုးစစ်တွေကြောင့် အင်အားလျော့နည်း လာနေပါတယ်။ ကျတဲ့သူကျ ၊သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူ ရနဲ့ ဖြစ်နေပါ တယ်။ ဒီကြားထဲမှာ ကချင်တပ်မတော်ကနေ ထွက်ပြေးနေတဲ့ သူတွေလည်း ရှိနေတာကြောင့် အခုဆိုရင် ကျွန်မတို့ရဲ့ တပ်မတော်ဟာ လူအင်အား တဖြည်းဖြည့်း လျော့နည်းနေပါတယ်။ ဒါကြောင့်မို့ အခုကျွန်မလာရတဲ့ ရည်ရွယ်ချက်က တပ်အင်အားတွေ တိုးတက်ဖို့၊ ကျွန်မတို့ ကချင် အမျိုး သမီးတွေကလည်း ကချင် အမျိုးသားတွေ နည်းတူ တိုက်ပွဲဝင်နိုင်ဖို့ လာရောက်ဆွေးနွေး ရခြင်း ဖြစ်ပါတယ်။ ကချင်နိုင်ငံတော်ကို ကာကွယ်ဖို့၊ ကျွန်မတို့ရဲ့ စစ်ခေါင်းဆောင်တွေကို ၀န်းရံဖို့အတွက် KIA တပ်မတော်မှာ အမျိုးသမီး စစ်မှုထမ်းတွေ အများကြီး လိုအပ်နေပါတယ်။´´

``ဒီစစ်ပွဲတွေကြောင့် ကျေးရွာတွေမှာ ရှိနေတဲ့ ပြည်သူ လူထုတွေ ဒုက္ခဘေး မကြုံစေဖို့ လိုင်ဇာ ဌာနချုပ်မှာ သက်ကြီး ရွယ်အိုနဲ့ ခလေးတွေလည်း ကျွန်မတို့ စုစည်းထားပါတယ်။ စစ်ပြေး ဒုက္ခသည်တွေဟာလည်း သာမန်ပြည်သူတွေပဲမို့လို့ စားနပ် ရိက္ခာ၊ ဆေးဝါး စတဲ့အထောက်အပံ့တွေ လိုအပ်နေပါတယ်။

အရင်တုန်းကတော့ တရုတ်ပြည်ဘက်က ထောက်ပံ့ တာတွေရှိခဲ့ပေမဲ့ တရုတ်ကလည်း အဆင်မပြေဖြစ်ပြီး မထောက်ပံ့တော့ပါဘူး။ ဒါကြောင့်ကျွန်မတို့ရဲ့ စစ်ပြေးဒုက္ခသည် တွေလဲ အရမ်းကိုပဲ ဒုက္ခရောက်နေပါတယ်။´´


    ``ကချင်စစ်သည်တော်တွေ အနေနဲ့လည်း အစိုးရတပ်တွေရဲ့ လက်နက်ကြီးတွေ မတရား ကျမတို့ လူမျိုးအပေါ် ၊လက်နက်ငယ်တွေ၊ လက်နက် ဆန်းတွေ အသုံးပြု တိုက်ခိုက်နေတာတွေ ရှိလာပါတယ်။ ဒိလက်နက်တွေဟာ နိုင်ငံတကာက ပြည်တွင်းစစ်မှာ အသုံးပြုခွင့် မရှိဘူး။ ဒါပေမဲ့ အခု စစ်တပ်က ကျမ တို့ ကချင်လူမျိုးတွေ အပေါ် အခုလို ရက်ရက်စက်စက် လုပ်လာတာ အားလုံး အသိပါဘဲ  ။  ဒါတွေကိုလဲကျွန်မတို့အမျိုး သမီးအစည်းအရုံးအနေနဲ့ ပါဝင်တိုက်နေပါတယ် ။....  အစိုးရတပ်တွေကလဲ အခုဆို အကျအဆုံးများ လာလို့  အခုဆို နေပြည်တော်က မြန်မာနိုင်ငံမှာ အကြီးဆုံး တပ်တွေဖြစ်တဲ့ အဖွဲ့ တွေပါ ပါဝင်တိုက်နေကြတယ် အရင်တုန်းက ဗမာပြည်မြောက်ပိုင်းက တပ်တွေလောက်နဲ့ တိုက်နေရာကနေ အခု ဗမာပြည်အောက်ပိုင်းက တပ်တွေပါ တက်လာနေပါတယ်။

အစိုးရတပ်တွေဟာ ကျမ တို့ ကချင်တပ်တွေ ကို မနိုင်တော့ အသေအပြောက်များလာတော့ အခုဆို ဓာတု လက်နက် (Chemical Weapons) တွေပါ အသုံးပြုလာနေတာ တွေ့ ရတယ် အခုဆိုရင် စစ်ဆေးမူတွေလုပ်နေပါပြီ၊  အဆိပ်လက်နက်တွေ အသုံးပြုတိုက်ခိုက်နေပါတယ် ။
ကချင် ပြည်သူလူထုတွေ နိုင်ငံတကာရောက် ကချင်လူမျိုးတွေ တတ်နိုင် သလောက် ပါဝင်ကြဖို့ လိုနေပါပြီ ။ ဆင့်ပြီး သတင်းပေးပို့ကြပါ ။ ကျွန်မတို့ ကချင်တိုင်းရင်းသားတွေအတွက်  တန်းတူ အခွင့်အရေး ရဖို့အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အခုတက်ရောက်လာကြတဲ့ အမျိုး သမီးများ အနေနဲ့ အပျိုဖြစ်ဖြစ်၊ အအိုဖြစ်ဖြစ် KIA တပ်မတော်မှာ ၀င်ရောက်အမှုထမ်းဖို့ ဖိတ်ခေါ် ပါတယ်။ စစ်တိုက်ဖို့ အတွက်ကြီးဘဲ အထင်မမှားပါနဲ့  မဟုတ်ပါဘူး နောက်ကနေ ကျမတို့ အမျိုးသားများကို ကူညီပံပိုးမှုက ၊  အရန်းလိုအပ်ပါတယ် ။ ကျမတို့ ကချင်အမျိုးသမီးတွေဟာ ကချင်သမိုင်းမှာလည်း တကယ်ကို ကိုယ့်လူမျိုး အတွက် ထိလာရင် ပါဝင်တိုက်ခိုက်ခဲ့တယ် ဆိုတာ သမိုင်းမှာ လည်း ရှိပါတယ်  ....´´လို့ပြောကြားခဲ့ပြီး တက်ရောက်လာကြတဲ့ အမျိုးသမီးတွေကို ဆန် (၅) အိတ်၊ ဆီတစ်ပုံးနဲ့ ဆားတစ်အိတ် တို့ပေးခဲ့ပါတယ်။
စည်းရုံးရေးမှူး ဒေါ်မေလီအောင်နဲ့ အဖွဲ့ဟာ ခင်ဒစ်ကျေးရွာကနေ ညနေပိုင်းမှာပြန်ထွက်သွားပြီး ညနေ (၄) နာရီခွဲမှာ မိုင်ဂျာယန်ကို ပြန်ရောက်တယ်လို့ သိရှိရပါတယ်။ ဒေါ်မေလီအောင်ဟာ ကချင် လွတ်မြောက်ရေး အမျိုးသမီး အစည်းအရုံး (မိုင်ဂျာယန်) မှာ စည်းရုံးရေးမှူး အဖြစ်တာဝန်ယူထားပြီး အမျိုးသမီး စစ်မှုထမ်း စုဆောင်းရေး တာဝန်ခံ တစ်ဦးအဖြစ်လည်း တာဝန်ပေးအပ်ခြင်းခံထားရပြီး ကချင် လွတ်မြောက်ရေး တပ်မတော်အတွက် တက်ကြွရဲရင့်စွာ တာဝန် ကျေပွန်သူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

                                                                          ကချင်လေး....မြစ်ကြီးနား 
achinlay775@gmail.com

ဟီလာရီကလင်တန် မြန်မာနိုင်ငံ သွားရန်ရှိ

Saturday, November 19, 2011

 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ အတွင်း သွားရောက် လည်ပတ်ဖွယ် ရှိကြောင်း အေဘီစီ သတင်းတရပ်အရ သိရသည်။

အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်သော အမေရိကန် သမ္မတ အိုဘားမားက မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းဆက် စကားပြောရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ မြန်မာပြည် ခရီးစဉ် အစီအစဉ်အပေါ် သဘောတူထောက်ခံ အတည်ပြုချက် ရယူခဲ့သည်ဟု ဆိုသည်။

သြစတြေးလျနိုင်ငံ ဒါဝင်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့အသွား သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ထံ ဖုန်းဆက်ပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများကို အမေရိကန်က အားပေးသည့် ထိတွေ့ ဆက်ဆံမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုရရေး မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မစ္စဟီလာရီကလင်တန် အလည်အပတ် ရောက်ရှိ လာလျှင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာပြည်သို့ လည်ပတ်မှု ခရီးစဉ် ဖြစ်လာလိမ့်မည်။

ယခင် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်  ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့သော အမေရိကန်၏ နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ်တွင် “နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့် အရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး တိုးတက်မှုများ” နှင့် ပတ်သက်ပြီး အမေရိကန်၏ ထောက်ပံ့ပေးနိုင်ရေး ရှာဖွေသွားမည် ဟုလည်း သတင်းတွင် ပါရှိသည်။

ဘန့်မိုင် ကောက်သစ်စား ဆုတောင်းပွဲတော်

 Saturday, November 19, 2011

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ ကချင်ရွာ ဖြစ်တဲ့ ဘန့်မိုင်မှာ ဒီနေ့ နိုဝင်ဘာလ ၁၉ ရက် စနေနေ့တွင် ကောက်သစ်စား ဆုတောင်းပွဲတော် (Thanks Giving) ကို ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရှိရပါတယ်။ 

ဒီ ကောက်သစ်စား ဆုတောင်းပွဲတော်နှင့် တကွ ယခု ဖြစ်ပွားနေတဲ့ စစ်အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေတဲ့ အတွက်ကြောင့် ဆင်းရဲ ဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ စစ်ပြေး ဒုက္ခသည်များ အတွက် အလေး အနက် ဆုတောင်း သတိသွားမည် ဖြစ်ကြောင်း လည်း သိရှိရပါတယ်။ 

ဇော်ရှန် (wunpawng)

မြန်မာ့နိုင်ငံရေး ဇာတ်ခုံအခင်းအကျင်း ဆွေးနွေးပွဲ

Friday, November 18, 2011

K.I.A စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများ

အယ်ဒီတာ။    ။ ဗိုလ်မှူးကြီးရယ် ယခုဆွေးနွေးမည့် တိုင်းရင်းသား ကိစ္စ၊ အထူးသဖြင့် K.I.A နှင့် K.N.U ကိစ္စအပေါ် သူတို့ ဘယ်လို မဟာဗျူဟာခင်းထားနေကြတယ် ထင်လဲ?

ဗိုလ်မှူးကြီး။    ။ အစိုးရက အိန္ဒိယကို အရင်သွားတယ် K.I.A ကို မကူညီဖို့ပြောတယ်။ နောက် တရုတ်ကို ၈ လုံး (ဒုသမ္မတ) လွှတ်ပြီး နယ်စပ်မှာ တပ်တွေပိတ်ထားဖို့ တောင်းဆိုတယ် ထင်တယ်။ ခက်တာက  တရုတ်က မြစ်ဆုံကိစ္စ ပျက်ရတာဟာ K.I.A ကြောင့် ဆိုပြီး နာကြည်းနေဟန် တူတယ်ဗျား။ K.I.A ရဲ့ ဖွဲ့စည်းပုံသဏ္ဍန်က အနောက်တိုင်း စတိုင်ဖြစ်နေတော့  နီးစပ်ထိတွေ့မှုက တရုတ်နဲ့ အသွင်မတူတဲ့ အနေအထားရှိနေတာကိုး၊ တရုတ်က ကွန်မြူနစ်ဖြစ်နေတော့ ပိုဆိုးတာပေါ့။ K.I.A စစ်တပ်ဖွဲ့စည်းပုံကလည်း စနစ်ကျတာမို့ အမေရိကန် အင်္ဂလိပ် Trainning အတိုင်းဖြစ်တယ်။

အယ်ဒီတာ။    ။ အစိုးရက D.K.B.A နဲ့ K.N.U ဆွေးနွေးနေတာဟာ သဘောရိုး အစစ်အမှန်ထက် အခြားဘာအကြောင်းများရှိသလဲ ဗိုလ်မှူးကြီး။

ဗိုလ်မှူးကြီး။    ။ မြန်မာပြည်ရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ငြိမ်းချမ်းရေးရယူပြီး စစ်မျက်နှာ ကျုံ့သွားအောင် စစ်နည်းဗျူဟာ အခင်းအကျင်း ပြင်နေတဲ့သဘောပေါ့ကွား။ D.K.B.A နဲ့ K.N.U ကိုတောင်မှ ထိတွေ့ ဆက်ဆံပုံ အဆင့် ခွဲခြားပြီး ဖြစ်နိုင်ရင် ဒုက္ခအရင်ပေးမဲ့ D.K.B.A ကိုသာ ဆွဲခေါ်တဲ့ သဘောပေါ့။
 
အယ်ဒီတာ။    ။ ဒါဆိုရင် ဗိုလ်မှူးကြီး K.I.A နဲ့ ပတ်သက်လို့ အစိုးရက စစ်ဆင်ရေးလုပ်လာမယ်ဆိုရင် K.I.A မှ ဘယ်လို ပြင်ဆင်သင့်တယ်လို့ ထင်သလဲ။

ဗိုလ်မှူးကြီး။    ။ K.I.A အနေနဲ့ ကုလားနဲ့ တရုတ်ကို ယုံကြည်မှု မရှိသင့်ဘူး။ စီးပွားရေး မျက်နှာကိုဘဲ ကြည့်တာမို့ ဥရောပ အီးယူနိုင်ငံများရဲ့ ထောက်ခံအားပေးမှုကို စည်းရုံးဆောင်ရွက်သင့်တယ်။ ကချင်ပြည်နယ်ရှိ လူမျိုးများအားလုံး စည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်သင့်တယ်။ ကချင်လူမျိုးအတွက်သာမဟုတ် မြန်မာအပါအဝင် ပြည်သူတွေနဲ့ တိုင်းရင်းသားတွေအားလုံးက K.I.A အပေါ် ထောက်ခံအားပေးလာရင် အစိုးရ လုပ်ချင်တိုင်း လုပ်လို့မရတော့ဘူး။ မြန်မာစစ်တပ်မှာတောင်မှ ကချင် သေနတ်ကိုင် တပ်ရင်း (၁)မှ (၅) အထိရှိခဲ့ပြီး နာမည်ကြီးတိုက်ပွဲတွေမှာ အားကိုးရတဲ့ အခြေအနေထိ ရှိခဲ့တာမို့ ဒို့တပ်မတော်သားတွေလည်း စဉ်းစားသင့်တယ်။ ငါ့တပ်ရင်းက ကချင်အရာခံဗိုလ် တစ်ယောက်ဟာ ဆိုရင် တောပစ်ကျွမ်းလို့  တပ်ရင်းတစ်ရင်းလုံးက ငတ်ပြတ်ချိန်မှာ တောကောင်တွေ မှီဝဲရလို့ ကျေးဇူးတင်မဆုံးရှိခဲ့တယ်။ ဒါ့အပြင် နယ်မြေအနံ တောလိုက်ခဲ့လို့ ရန်သူ့သတင်းတောင် ရခဲ့သေးတယ်။ မုဆိုး၊ အမဲလိုက် ခြေရာခံ၊ ခြေရာကောက်နည်းဗျူဟာ ဖြစ်တာမို့ အနားပတ်ဝန်းကျင် ရန်သူ မကပ်ရဲတာတွေ့ရတယ်။ ဒါတွေအားလုံးဟာ ပြည်ပ ကျူးကျော်စစ်ဆိုရင် သိပ်ပြီးကောင်းမှာဘဲ။ အချင်းချင်းမို့ စိတ်မကောင်းစရာတွေ တွေ့နေရတယ်။
 
အယ်ဒီတာ။    ။ ကျွန်တော်လည်း ကြားဖူးတာက ကချင်တပ်ရင်းမှူး ဗိုလ်မှူးကြီး ဒါရှီဂမ်ဆိုရင် ရှေ့တန်းနယ်မြေမှာ ရန်သူခန့်မှန်းလို့ မရဘဲ ရုတ်တရက် ပေါ်လာတတ်လို့ ဆယ်မိုင်ဝန်းကျင် ရှောင်နေရတယ်ကြားတယ်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ N.L.D အပေါ် ဘယ်လို မဟာဗျူဟာ အခင်းအကျင်း ထားနိုင်သလဲ။

ဗိုလ်မှူးကြီး။    ။ ကျွန်တော် စောစောက ပြောသလို ဒီမိုကရေစီ ပိုကာ မ ဒေါင်းအောင် ပစ်ဖဲတွေကို တတ်နိုင်သမျှ ထိမ်းပစ်မှာဘဲ။ နိုင်ငံရေး အသိုင်းအဝိုင်းထဲကို သူတို့အား ဆွဲခေါ်ရင် လွှတ်တော်ထဲမှာ နေရာဦးစွာပေးရမယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်များ အနည်းအကျဉ်းသာ ရှိတာမို့ N.L.D နိုင်ရင်လည်း လွှတ်တော်မှာ ကြံ့ဖွံ့လွှတ်တော်အမတ် အများစုကို နိုင်ဖို့ မလွယ်ဘူး။ အခက်ဆုံးက လွှတ်တော်ထဲမှာ နေရာရရင် အစိုးရနှင့် ပူးတွဲ အုပ်ချုပ်ဖို့ဆိုတာက ဒေါ်အောင်ဆန်းစုကြည်အား ဘယ်လိုရာထူးအဆင့်မျိုးမှာ ပေးမလဲ ဆိုတာ ပြဿနာဘဲ။
 
အယ်ဒီတာ။    ။ တချို့က တိုင်းနဲ့ပြည်နယ် ဒေသကြီး ဝန်ကြီးချုပ် မရနိုင်သလို ဝန်ကြီးဆိုပြန်ရင်လည်း နိမ့်နေတာကြောင့် ထားရအခက်ကြီးဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့ ယူဆတာကတော့ ဒုသမ္မတ ရာထူးဆိုရင် ဖြစ်နိုင်မလားဆိုတာ ဆွေးနွေးကြည့်ပါအုံး။

ဗိုလ်မှူးကြီး။    ။ ဒါဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်ပြင်မှရမယ်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ရဲ့ အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်တယ်။ အမျိုးသား ကာကွယ်ရေးနှင့်  လုံခြုံရေး ကောင်စီ (၁၁) ဦးမှာ စစ်တပ်ကသာ လွမ်းမိုးနေပြီး ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒုသမ္မတဖြစ်မှသာ ပါဝင်ခွင့်ရမှာဖြစ်တယ်။ အဲဒီဥပဒေအရ သမ္မတလောင်း (၃) ဦး သာ ထားရှိပြီး ဒေါ်အောင်ဆန်းစုကြည် ပါစေချင်လျှင် သမ္မတလောင်း (၄) ဦး ဖြစ်သွားရပါမယ်။ ဒါကြောင့် သမ္မတတစ်ဦးနဲ့ ဒုသမ္မတသုံးဦးဆိုလာလျှင်  အရေအတွက် ဖေါင်းပွလွန်းတယ်။ အခြေခံဥပဒေကို မပြင်ချင်ရင် အဖြစ်နိုင်ဆုံးကတော့ လက်ရှိဖွဲ့စည်းပုံအရ သမ္မတလောင်း (၃) ဦးသာ ဆက်လက်ထားရှိပြီး စစ်တပ်က တင်တဲ့ ဒုသမ္မတ ၈ လုံး ( တင်အောင်မြင့်ဦး) ထွက်ရင်ထွက်၊ ဒါမှ မဟုတ် နောက်ဒုသမ္မတ တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းမောင်ခမ်း နေရာဖယ်ပေးရင်ပေး၊ နိုင်ငံရေး ဇာတ်ခုံမှာ ပွဲကြမ်းရမလို ဖြစ်နေတယ်ဗျ။ ဦးသိန်းစိန်ရဲ့ ပိုကာဖဲချပ်ကို ပြန်ပြင်ရမလို ဖြစ်နေတယ်။ အဲဒီလို ဒုသမ္မတတွေကို ဖယ်ရှားစေချင်ရင်  အကြောင်းပြချက် ခိုင်လုံမှသာ ကောင်းမယ်ထင်တယ်။ ဒါကြောင့် ဦးသိန်းစိန်အဖို့ ခေါင်းခဲစရာဖြစ်နေတယ်။
 
အယ်ဒီတာ။    ။ အခုလို ဆွေးနွေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ လုံခြုံရေး ဂရုစိုက်ပေးပါခင်ဗျား။

From -စည်းလုံးခြင်းရဲ့ အင်အား

ကချင်ပြည်နယ် နမ္မတီး နဲ့ မရန့် ကြား မီးရထားလမ်းမှာ တိုက်ပွဲဖြစ်

 Friday, November 18, 2011

နိုဝင်ဘာ ၁၈ ရက် ဒီနေ့ မနက် ၂ နာရီခွဲလောက်မှာ နမ္မတီးနဲ့ မရန့် ကြား မီးရထားလမ်းမှာ ခမရ ၃၉၀ က ကြံ့ဖွံ့အစိုးရရဲ့ စစ်သားတွေနဲ့ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်းများ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ ခမရ ၃၉၀ မှ ၃ ယောက်သေပြီး ၄ ယောက်က လက်နက်ချသွားတယ်လို့ သိရတယ်။ လက်နက်ငယ် ၄ လက် နဲ့ ကျည်ဆန်တွေလည်း သိမ်းစည်း ရမိတယ်လို့ သိရတယ်။
(သတင်းတို) 

From - နေ့သစ်

“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ်အသတ် ချေမှုန်းပစ်နိုင်ပါတယ် ဟု ဦးကျော်ဆန်း ပြော”

Friday, November 18, 2011


Wall Street Journal  အရှေ့တောင်အာရှ ဌာနခွဲ အကြီးအကဲ Mr. Jon Patrick Barta သည် အင်္ဂါနေ့က  နေပြည်တော်တွင် ၀န်ကြီး ဦးကျော်ဆန်းနှင့် ၃ နာရီကြာ တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့တွင် ပြုပြင်ပြောင်းလဲရေး လိုလားသူနှင့် သဘောထား တင်းမာသူ ဟူ၍ အုပ်စု နှစ်စု ကွဲပြားမှု ရှိမရှိဟူသော မေးမြန်းချက်ကို ဦးကျော်ဆန်းက  အမြင်မတူသည့်အခြေအနေများကြားမှ တိုင်းပြည်နှင့် လူမျိုး အကျိုး အတွက် အကောင်းဆုံးဖြစ်မည့် မူဝါဒများကို ညှိနှိုင်း ချမှတ် နိုင်ခြင်းသည် ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်ဟု ပြောလိုက်သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍လည်း မြန်မာအစိုးရ အဖွဲ့၏ ပြောရေး ဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် တာဝန် ယူထားသူ ၀န်ကြီး ဦးကျော်ဆန်းက ရှင်းချက် ထုတ်ထားသည်။
ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) သည် တံတားများ ဖျက်ဆီးခြင်း၊ ဖောက်ခွဲခြင်း၊ အကြမ်းဖက် လုပ်ရပ်များကို လုပ် ဆောင်နေကြောင်း၊ အစိုးရ စစ်တပ် အနေဖြင့် စတင် တိုက်ခိုက်ခြင်းမရှိကြောင်း၊ လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲများမှာလည်း လမ်းကြောင်းရှင်းရာ တွင် ဖြစ်ပေါ် နေသော တိုက်ပွဲများသာ ဖြစ်ကြောင်း  ဦးကျော်ဆန်းက ပြောသည်။

“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ် အသတ် ချေမှုန်း ပစ်နိုင် ပါတယ်၊ ဒါပေမယ့် ကျနော်တို့က မတိုက်ခိုက် ပါဘူး” ဟု ဆိုသည်။

ဓါတု လက်နက် များကို ကေအိုင်အေမှ စစ်ဆေးနေ

Friday, November 18, 2011
 စစ်အစိုးရ စစ်တပ်မှ ကေအိုင်အေကို အသုံးပြုနေတဲ့ ဓါတု လက်နက် များ ၊ အပိုင်း အစများကို ကေအိုင်အေနှင့် ပညာရှင်များမှ စစ်ဆေးနေကြသည်...




ဗြိတိသျှ ပါလီမန် အမတ် ထောက်ကြံ့စစ်သင်္ချိုင်း ရောက်ရှိ

 Friday, November 18, 2011

ဗြိတိသျှပါလီမန်အမတ် အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး H.E. Mr.Andrew John Bower Mitchello သည် နိုဝင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်၊ ထောက်ကြံ့စစ်သင်္ချိုင်းတွင် လွမ်းသူ့ ပန်းခွေ ချပြီး သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ပါသည်။

ဇော်ရှန် (wunpawng)

ကချင်ကျောင်းသား တစ်ဦး ပေးပို့လာသည့် ‘’ လူထုအသံ ၊ လူထုအမြင် ‘’’

Friday, November 18, 2011

အခုဒီလို ဗုံးတွေ ခဏခဏပေါက်ကွဲ နေတာဟာ ဘယ်သူ့ လက်ချက်ဖြစ်ရမှာလဲ သိန်းစိန် အစိုးရ တွေရဲ့ လက်ချက်ပဲပေါ့ ဘာလို့လဲဆိုတော့ ပြည်သူ လူထုကို ဒီလောက်ထိ ရက်စက် ရဲတယ် ဆိုဒါက သန်းရွှေမွေး ထုတ်လိုက်တဲ့ လက်ရှိ အစိုးရ စစ်အစိုးရ ဘဲ တစ်ဖွဲ့တည်းရှိတာလေ။ နယ်စပ်လုံခြုရေး တပ်ဖွဲ့တွေ ကို သတင်း သင်တန်းလေးပေးပြီး  ပြီးတော့ သတင်း မဟုတ်က ဟုတ်ကထုတ်၊ KIA ဆိုလာ တောင်းကြမ်းသူ ဆိုလာညှာပြော၊ တိုင်းရင်းသားတွေ အချင်းချင်းကို သွေးတွေခွဲပေး ….

KIA ဆိုဒါက ပြည်သူ လူထုကို သိပ်ချစ်လွန်းလို့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အဖွဲ့အစည်းပါ၊ ပြီးတော့ ဒုက္ဒရောက်နေတဲ့ ပြည်သူ လူထုကို ကူညီပေးနေတာလဲ KIO/A ပါ၊ လက်ရှိ ကချင်ပြည်နယ် မှာ လူထုကိုယ်စား ပြုပါလို့အော်နေတဲ့ လူတွေ မဟုတ်ပါဘူး ၊ တလောကလုံးလည်း အသိပါ။ ပြည်သူလူထု အားလုံးရောသိပါတယ်။

ကေအိုင်အေဆိုတာ တောင်းကြမ်းသူ မဟုတ်သလို၊ သူပုန်လည်းဘဲ မဟုတ်ပါ၊ ကချင်ဆိုတဲ့ သွေးတွေ အားလုံးကို စုစည်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းပါ။ ပြီးတော့ပြည်သူ လူထု အားလုံထောက်ခံ အားပေးပြီး လက်ခံထားတဲ့ အဖွဲ့ပါ၊ ပြီးတော့ ခုတလော သတင်းတွေထွက်နေတဲ့ Zahkung Ting Ying နဲ့ LasangAwngWa ရဲ့ အရှက်တရား မရှိတဲ့စကားပါ၊ သူတို့ကဘဲ ပြည်သူလူထု ထောက်ခံခဲ့တယ်လဲ ပါလဲနဲ့ လူတွေရှေ့မှာ ကြေငြာနေတဲ့ ကိစ္စ၊ ကျွန်တော် သိသလောက်ကတော့ သူတို့နှစ်ယောက်ဟာ ကိုယ်ကျိုးကိုသာ ကြည့်ပြီး ပြည်သူ လူထုဆီက ဥစ္စာတွေကို လုယှက် အပိုင်စီးနေတဲ့ အဖွဲ့တွေပါ။ ဘယ်ပြည်သူ လူထုမှ မထောက်ခံခဲ့ပါ၊ ခုလည်းဘဲ မထောက်ခံပါ။

နက်ပေါ်မှာ သတင်းအတုတွေ ထုတ်ပြန်ကြေငြာချင်တာ မဟုတ်မမှန်တဲ့ စကားတွေကို ဖန်တီးပြီး ပြောချင်တာတွေက သိန်းစိတ်မြန်မာ အစိုးရတွေရဲ့ မွေးရာပါ စာရိတ္တလို့ ပြောရင်ရောဘဲ မှားမှာ မဟုတ်ပါ။ ဒါပေမဲ့ ပြည်သူ လူထုဘက်က ဒါကိုနားလည်ပြီး လျှောက်လှမ်းမယ် ဆိုရင် ဘယ်ဟာက အမှား ဘယ်ဟာက အမှန်ဆိုတာ လွယ်လွယ်နဲ့ဘဲ ခွဲခြား ပိုင်းခြားနိုင်မှာပါ။ ပြီးတော့ သူတို့ရဲ့လူမဆန်တဲ့ စရိတ္တတွေကို သူတို့ရဲ့ သမိုင်းတလျှောက်ကို ကြည့်လိုက်တာနဲ့ သိသာမြင်သာ ထင်ရှား နိင်ပါတယ်။ ဒီလိုဗမာအစိုရအပေါ်အယုံအကြည်မရှိဖြစ်တတ်လာအောင် ဘယ်သူတစ်ယောက်မှသင်ပေးခဲ့ဒါမဟုတ်ပါ၊ သူတို့ရဲ့ သမိုင်းတလျှောက်ကပြောပြနေ လို့ပါ။

ကျွှန်တော်ပြည်သူ တစ်ယောက်အနေနဲ့က အခုလက်ရှိ KIA လုပ်နေတာ မှန်တယ်၊ ထောက်လည်းထောက်ခံတယ်၊ ဆက်လက်ပြီးတော့လဲ လျှောက်လှမ်းစေချင်တယ်။ ပြီးတော့ ကျွှန်တော်တို့ ပြည်သူ လူထုအားလုံလည်းဘဲ လက်တွဲပြီးတော့ စည်းစည်းလုံးလုံးလျှောက်လှမ်းသွားမှာပါ။

သွေးကိုချစ်တဲ့

KACHIN BLOOD

ဇော်ရှန် (wunpawng)

ပေးပို့ သူများကို ကျေးဇူး တင်ပါသည် ။ ဆက်လက်ပြီး ပေးပို့နိုင်ပါသည် ။ အသံ သွင်းပြီးလည်း ပေးပိုနိုင်ပါတယ် ။
အခြား ကချင်လူမျိုးစု ဘာသာများဖြင့်လည်း ပေးပိုနိုင်ပါသည် ။

“ဗုံး” အိပ်မက်ဆိုးဖြင့် ကချင်ပြည်နယ် ပြည်သူလူထုများကို ခြောက်လှန့်နေ

Thursday, November 17, 2011

နိုဝင်ဘာလ ၁၃ ရက်မှ ယနေ့ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း “ဗုံး” ဆက်တိုက် ပေါက်ကွဲ (ဖေါက်ခွဲ) နေပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ပြည်သူလူထုများမှာ ကြောက်ရွံ့ စိုးရိမ်ခြင်း များစွာနဲ့ အသက်ရှင် ဖြတ်သန်းနေရပါတယ်။

နိုဝင်ဘာလ ၁၃ ရက် ကချင်ပြည်နယ် မြစ်ကြီးနား သီတာရပ်ကွက်တွင် နေထိုင်သော ဦးဒယောင် တန်ဂွန်း ဖြစ်သူရဲ့ နေအိမ်တွင် အမြောက်ပစ်ခတ် ခံရတာနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။ အခုလက်ရှိ မြစ်ကြီးမြို့တွင် ဒီအမြောက် ပစ်တာနဲ့ ပက်သက်ပြီး ပြည်သူတွေ အားလုံးက ပါးစပ်တောင် မဟနိုင်လောက်အောင်ကို ဖြစ်နေ ပါတယ်။

အိမ်ရှင် လင်မယားဟာ အခုချိန်မှာ ချုပ်နှောင်မှုများကို ခံနေ ရပါတယ်။

၁၊...အိမ်ရှင် ဦးဒယောင်တန်ဂွန်းကို အမှတ် (၁) ရဲစခန်းတွင် ဖမ်းချုပ်ခံထားရပါတယ်။
၂၊...ဇနီးဖြစ်သူ ဒေါ်ဂျာဒမ့် (ခ) ထုရော်အား သီးသန့် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရပါတယ်။

အမြောက်ဆံ ဖြင့်သေဆုံးသွားသူများကို နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် (၉) နာရီတွင် ရာဒါကောင် င်္သချိုင်း မှာ င်္သဂြိုလ် နေစဉ်...

ထိုင်းနိုင်ငံရောက် ကချင်ကျောင်းသူတစ်ဦးရဲ့ အမြင်

“ကချင်လူမျိုးတွေ သေအောင် လုပ်တာကတော့ ကချင် (အေအိုင်အေ) တော့ မဖြစ်နိုင်ပါ။
၁။ မျိုးတုံးသတ်ဖြတ်ရေး စီမံကိန်း..။
၂။ ကချင်လူမျိုးတွေကို အချင်းချင်း သွေးခွဲနေတာ ဖြစ်တယ်။

မြစ်ကြီးနားမှာတော့ ကချင်လူမျိုး အများဆုံး နေထိုင်တဲ့အတွက် ပြည်သူ လူထုကို ကြောက်လှန့်အောင် ခြိမ်းခြောက်နေပြီး ကချင်ခေါင်းဆောင် (ကေအိုင်အေ) အပေါ် ပြည်သူ လူထုများမှ အမြင်မှား၊ ယုံကြည်မှု လျော့နည်း လာအောင် ဖန်တီးနေတာဖြစ်တယ်။”

“ပြည်သူလူထုများရဲ့ စိတ်ထဲမှာ သွေဝေအောင် ဖန်တီးနေတာပါ..။ ကျမတို့ အားလုံး ပိုပြီး စည်းလုံးဖို့ လိုတယ်။” ဒေါ်ဘောက်ဂျာ (NDF)

W.P Moses

တရုတ်မီလျံနာများ အမေရိကကို ပြောင်းရွှေ့ဖို့ကြိုးစား

 Wednesday, November 16, 2011


တရုတ်ပြည်မှာ သန်းကြွယ်သူဌေး မြောက်များစွာကို မကြုံဖူးအောင် ထုတ်လုပ်နေပေမဲ့၊ ၄င်းသူကြွယ်တွေက သူတို့ကို ချမ်းသာအောင် လုပ်ပေးတဲ့ တိုင်းပြည်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြသည်။

 မကြာခင်ကပြုလုပ်တဲ့ တရုတ်ဘဏ်ရဲ့ စစ်တမ်းနဲ့ Hurun Report ဖော်ပြချက်အရ၊ တရုတ်ပြည်မှ မီလျံနာ ၉၈၀ ဦး (ဒေါ်လာ ၁.၆ သန်း အထက် ချမ်းသာသူများ) မှာ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့ဖို့ ကြိုးစားနေသည်ဟု ဆိုသည်။ ၄င်းတို့ထဲမှ ၁၅ ရာခိုင်နှုန်းက နိုင်ငံသစ်တွေမှာ အခြေချဖို့ အားလုံး စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပြီး၊ အများစုက အမေရိကန်ပြည်ထောင်စုကို ဦးစားပေး ရွေးချယ် ကြသည်။ အချို့က ကနေဒါနှင့် စင်္ကာပူကို ရွေးချယ် ကြသည်။

တရုတ် အပတ်စဉ်ထုတ် စာစောင် the Economic Obsever က စင်ဝှာတက္ကသိုလ်မှ ပညာရှင် Cai Jiming ကို မေးမြန်း ကြည့်ရာ၊ တရုတ်မီလျံနာတွေ နိုင်ငံ ရွှေ့ပြောင်းလိုတဲ့ အဓိက အချက်နှစ်ချက်မှာ 'သားသမီးတွေရဲ့ ပညာရေး အတွက်နှင့် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို စိုးရိမ်သောကြောင့်' ဖြစ်သည်ဟု ဆိုသည်။ အခြား အသေးအဖွဲ အကြောင်းပြချက် များကတော့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ညံဖျင်းမှု တို့ကြောင့်ဟု သုံးသပ်သည်။

Cai Jiming ရဲ့ ပြောဆိုချက် အရ ချမ်းသာတဲ့ တရုတ် မိဘတိုင်းက သူတို့ ကလေးတွေကို အနောက်နိုင်ငံတွေက မူလတန်းကျောင်းတွေမှာ ထားချင်ကြသည်။ နောက် တက္ကသိုလ်ကောလိပ် အတွေ့အကြုံ ရရှိစေချင်သည်။ "အဲဒီ နှစ်ချက် လုံးကိုကြည့်ရင် ကျနော်တို့ ပညာရေး ဘာဖြစ်နေလဲ ဆိုတာ လေးလေး နက်နက် ပြန်စဉ်းစားဖို့ လို့ရပါတယ်" ဟု ပြောခဲ့သည်။

နောက် တရုတ်မှာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (property rights) အသေချာ မရှိသေးကြောင်း၊ တရုတ်အစိုးရက တစ်ဦးချင်းရဲ့ ပိုင်ဆိုင်မှုနဲ့ ဓနကို မသိမ်းပါဘူးလို့ အာမခံထားပေမဲ့၊ မီလျံနာလက်သစ်တွေက အမြဲ စိုးရိမ်နေကြောင်း ပြောဆိုသည်။

"လက်တွေ့အားဖြင့် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးမှု အားနည်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကို ကြည့်ရင် ကော်ပိုရေးရှင်းတွေက အစိုးရနဲ့ပေါင်းပြီး မြေတွေ လယ်တွေ သိမ်း၊ လူနေအိမ်တွေကို မတရား ဖြိုချ ခဲ့တာတွေ မြင်ကြရတယ်။
 
ဒါတွေက ဥပဒေကို မလေးစားရာ ပြနေတယ်။ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အာမခံချက် မပေးနိုင်သေး တာပဲ။ ဒီတော့ ချမ်းသာတဲ့ လူဆိုတာလည်း အစိုးရနဲ့ အဆင်မပြေတဲ့ တစ်နေ့ သူ့ပိုင်ဆိုင် တာတွေ အသိမ်းခံရနိုင်တယ်လေ"

ယခုနှစ်မှာ တရုတ်သူဌေး ၉၃၀ ဦးက ရွှေ့ပြောင်း နေထိုင်ခွင့် ဗီဇာရဖို့ အမေရိကန် သံရုံးကို လျှောက်ထားခဲ့သည်။ ၄င်းတို့မှာ အမေရိကန် လုပ်ငန်းများတွင် တစ်ဦးကို အနည်းဆုံး ဒေါ်လာ ၅၀၀,၀၀၀ ရင်းနှီးမြှုပ်နှံ ထားသည်ဟု အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဌာန Wealth Report က ဖော်ပြခဲ့သည်။

ဝင့်ထန်း

ဇော်ရှန် (wunpawng)

မြစ်ကြီးနားတွင် မိုင်းကွဲ လူ ၁၀ ဦးသေ

ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့၊  အင်ဂျန်ကောင် ( သီတာ ) ရပ်ကွက် တွင် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနစ်အချိန်တွင်  မိုင်းကွဲမူဖြစ်ပွား ခဲ့သည်။  မိုင်းထောင်ခံရသည့် အိမ်မှာ ကချင်ရိုးရာတီးဝိုင်း ခေါင်းဆောင် ဦးဒင်ရောင်တန်ဂွန်း ၏နေအိမ်ဖြစ်ပြီး မိုင်းပေါက်ကွဲမူကြောင့် အခြားနေအိမ် ၃ လုံးလဲ ပြာကျသည်ထိ လောင်ကျွမ်းသွားကြောင်းသိရသည်။

မိုင်းထောင်ခံရသည့် နေအိမ်သည် မိဘမဲ့ကလေး ၄၀ ဦးခန့်မှီတင်းနေထိုင်သည့်အိမ်ဖြစ်ပြီး မိုင်းပေါက်ကွဲမူကြောင့် ကလေး ၈ ဦးနေရာတွင် သေဆုံးသွားပြီး၊ ၂၀ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး အတွင်းလူနာအဖြစ် မြစ်ကြီးနားဆေးရုံကြီးသို့ တင်ပို့ကုသရလျက်ရှိကြောင်းသိရသည်။
မိုင်းပေါက်ကွဲမူကြောင့် သေဆုံးသွားသည့် ငါးလအရွယ်ကလေးငယ်၏ အလောင်းကို အခြားနေအိမ် ခေါင်မိုးတခုမှ ပြန်ကောက်ရသည်အထိ မိုင်းအားပြင်းထန်ခဲ့သည်။

ပြည်သူလူထု အသံများကို ကြားချင်ပါတယ်..

Wednesday, November 16, 2011


ယခုရက်ပိုင်း အတွင်းမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အတွင်းမှာ ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ်နေ ပါတယ်..။ ဒီဗုံးပေါက်ကွဲမှုကြောင့် ပြည်သူလူထုများမှာ စိုးရိမ် ပူပန် နေကြပါတယ်။ နိုဝင်ဘာလ ၁၅ ရက် မနေ့ည ၆ နာရီဝန်းကျင်လောက်တွင် လည်းမြစ်ကြီးနား မြို့ပြင် ဘက်မှာ ဗုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။

ဒီဖြစ်ရပ်တွေအပေါ် ပြည်သူလူထုများရဲ့ အသံများ.. အမြင်များ ခံစားချက်များကို ကြားချင်ပါတယ်…

၁ အခုလိုဗုံပေါတ် နေတာဆက်တိုက် ဖြစ်နေတယ် ။ လူကြီးးမင်း ဒီလိုလုပ်တာ ဘယ်သူ့ လက်ချက် လို့ထင်လဲ ။

၂ လူထုကိုယ်စားပြုဆိုပြီး ပြောတဲ့ ငြိမ်း အဖွဲ့နဲ့ လက်ရှိ ကချင်ပြည် အစိုး ရသစ် ခေါင်းဆောင်တွေက ကေအိုင်အေဟာ အကြမ်းဖက် အဖွဲ့ ၊လူထု ထောက်ခံ လက်ခံ ထားတဲ့ အဖွဲ့ မဟုတ် ဘူးလို့ လွန်ခဲ့တဲ့ အပါတ်က ပေါ်တင် ပြောလိုက်တယ် ။

ကျနော့်သတင်း ဌာန သတင်းရရှိမူ အရ လွန်ခဲ့တဲ့လက စပြီး အင်တာနက်ပေါ်မှာ သတင်းအတု ထုတ်ပြန်ကြေငြာချက် အတု လိုက်ဖြန့်ခဲ့တဲ့ ဂွမ်မော်က လူထုကို အကြမ်းဖက်နေတယ်လို့ စတဲ့ သတင်းတွေက အစ ဖော်ပြခဲ့တယ် .. ပြီးရင် အခုလိုနက်ပေါ်ရောက်နေတဲ့ တဆင့်ငြိမ်း အဖွဲ့တွေ ကို ဖော်ပြနေတဲ့ သတင်းအရ လူထုတွေက ပြောလာပြီ ဒီအဖွဲ့တွေ လက်ချက် ဘဲလို့ သက်သက်မဲ့ ကေအိုင်အေကို လူထု ပိုကြောက် လာအောင် ဖန်တီးတဲ့ မူတွေ .. သတင်းအရ ဆက် စပ်နေတယ် ။ လူကြီး အနေနဲ့ကော ဘာပြောချင်လဲ..? ဘယ်လိုထင်လဲ…? ဘာဖြစ်လို့လဲ…?

မင်းကကောသူတို့အဖွဲ့ထဲ ပါနေလား..? ထောက်ခံလား..?

၃ ။ အခုဖြစ်နေမူတွေကို ဘယ်လိုသုံးသပ်လဲ..?
ဘာကြောင့်ထင်လဲ…?
လူထုအခြေအနေကို ဘယ်လိုမြင်လဲ..?

ဆိုင်ကယ် သမားတစ်ဦးက အိမ်ထဲကို ပစ်သွင်းလိုက်ပြီး ပေါက်ကွဲခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပေမဲ့ အိမ်ရှင်ကို ဖမ်းဆီးလိုက်ပြီ...

Wednesday, November 16, 2011

မြစ်ကြီးနားမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆွေမျိုးများ ပြောဆိုမူအရသိရပါတယ် ။

ဦးဒယောင်တန်ဂွန်းကို စစ်ကိုင်းတိုင်း ကသာမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မိုးညှင်း မြို့နယ် ရဲစခန်းမှတဆင့် မြစ်ကြီးနား ရဲတပ်ဖွဲ့ထံ ပြန်လည် လွဲပြောင်းပေးရာက အင်္ဂါနေ့ နံနက် ၅ နာရီခန့်တွင်
မြစ်ကြီးနားမြို့သို့ ကားဖြင့် ရောက်ရှိလာခဲ့တယ်လိုသိရပါတယ် ။


အဖမ်းခံရသူဟာ မြစ်ကြီးနားမြို့ သီတာရပ်ကွက် AG ဘုရားကျောင်း အနီးနေ ဦးဒယောင်တန်ဂွန်း ဖြစ်ပါတယ်။ နေအိမ်မှာ ဗုံးတွေ လုပ်ရာက ပေါက်ကွဲမှု ဖြစ်ပွားတာဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးနေတယ်လို့  ဆွေးမျိုးများကပြောပါတယ် ။

ကချင်ခေါင်းဆောင်များ ၊ လူငယ်ခေါင်းဆောင်များ ၊ ကချင်ကျောင်းသားခေါင်းဆောင် ၊ ငြိမ်းယူထားသည့် အဖွဲ့ သားဟောင်းများး ၊ စစ်ရေးလေ့လာသူများ ၊ ကချင်လူထု များ ၊ ပြည်ပရောက် ၈၈ ကျောင်းသား ၊ KNU စစ်သားများကတော့  ကေအိုင်အေ ကို အကြမ်းဘက်အဖွဲ့ အစည်းအဖြစ် မြင်လာအောင် ကချင်လူထုက လက်မခံလာအောင် ၊ နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လာအောင်
  ဒီကိစ္စတွေ အားလုံးဟာ အာဏာပိုင်တွေ အကွက်ချ စီစဉ်နေတာ ဖြစ်တယ်လို သုံးသပ်ပြောဆိုပါတယ် ။

ပြည်ပရောက် ကချင်လူငယ် တချို့ကတော့  ကေအိုင်အေ ကို  အတိုက်ခံ လုပ်နေတဲ့ အဖွဲ့စည်းတွေ လည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြပါတယ် ။
 
 အဓိကက မြစ်ကြီးနားမြို့ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပထမပိုင်းရတဲ့ သတင်းတွေအရ မော်တော်ဆိုင်ကယ် သမားတစ်ဦးက အထုပ်တစ်ထုပ် အိမ်ထဲကို ပစ်သွင်းလိုက်ပြီးနောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပေမဲ့ အခုတော့ အိမ်ရှင်ကို ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေပြီလို့ သိရပါတယ် ။

ဇော်ရှန် (wunpawng )

ခွင့်လွှတ်ပါ သခင်

Tuesday, November 15, 2011

သိန်းစိန်စစ်တပ် မြေအောက်လိုဏ်ခေါင်း တပ်စခန်းကို ကေအိုင်အေ (ကချင်) တပ် ကစတင်ပြိးတိုက်ခိုက်

Tuesday, November 15, 2011

ကချင်ပြည်နယ် ၊ ရှမ်းပြည် နယ်စပ် မန့်ပိန်ကြီးကျေးရွာ လွယ်ဟို စေတောင်ရှိ   သိန်းစိန်စစ်တပ်  မြေအောက်လိုဏ်ခေါင်း တပ်စခန်းကို  ကေအိုင်အေ (ကချင်) တပ် ကစတင်ပြီး တိုက်ခိုက်ခဲ့ပါတယ် ။    ယမန်နေ့က နံနက်ပိုင်း ၃ နာရီ ကြာ  တိုက်ခိုက်မှုဖြစ်ပြီး  အစိုးရတပ် မှ ဗိုလ်အဆင့် တဦးနှင့် ငါးဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာ ရသွားတယ်လို့ wunpawng news စုံစမ်းသိရှိရပါတယ် ။

အစိုးရတပ်များဟာ လိုဏ်ခေါင်းမှာ လက်နက်ခဲယမ်းများ သိုလောင်ထားတယ်လိုလဲသိရပါတယ် ။


မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ရွေးချယ်စေလွှတ်သည့် ငါးဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဌာနချုပ်ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျား ဒေသသို့ စနေနေ့ညတွင် ရောက်ရှိ
နေပြီး နှစ်ရက်တိုင် ညှိနှိုင်းဆွေးနွေး နေပါတယ် ။

nzaushan (wunpawngnews)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ

 Tuesday, November 15, 2011

(၁/၂၀၁၁) တွင် ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို  တနင်္လာနေ့ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- wunpawng news )

 "  ကျွန်မတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ် "
 


 (၁/၂၀၁၁) တွင် ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို  တနင်္လာနေ့ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- wunpawng news )
နောက် တစ်ခုကတော့ ကျွန်မတို့ အားလုံးအတွက် စိတ်ပူစရာ၊ စိတ်ဆင်းရဲ စရာဖြစ်နေ တာကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါဘဲ။ ကချင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေဖြစ်နေတာဟာ ကျွန်မတို့တွေ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်စရာဖြစ်ပါတယ်။ ဇူလိုင်လတုန်းကဆိုရင် သမတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းအချို့ကို အိတ်ဖွင့်ပေးစာ ပို့ပြီးတော့ တစ်နိုင်ငံလုံး အပြစ်အခတ်ရပ်ဆဲရေးလုပ်ဖို့ အေးအေးဆေးဆေးနဲ့ ပြသနာတွေ ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်။

ကျွန်မအနေနဲ့ ဘယ်နေရာကဖြစ်ဖြစ် ကူညီနိုင်တယ်ဆိုရင် ကူညီချင်တယ်ဆိုတာလည်း ပြောခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ ကျွန်မတစ်ယောက်တည်း နဲ့ သော်လည်းကောင်း၊ အန်အယ်လ်ဒီနဲ့ သ်ာလည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကူညီနိုင်မယ်ဆိုရင် ၀င်ရောက်ပါဝင်ကူညီဖို့ အဆင်သင့်ဖြစ်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေကို အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစတစ်ခုလို့ မြင်တာကတော့ ဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်''

ဇော်ရှန် (wunpawng )

Burmese and Indian activists demand release of 34 Burmese fr

Monday, November 14, 2011



...

မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ နိဂုံးပိုင်း

Monday, November 14, 2011 ဇော်ရှန် (wunpawng)

 မြစ်ဆုံရေကာတာနဲ့ ကျနော်သိထားသမျှ (နိဂုံးပိုင်း)


မြစ်ဆုံ ရေကာတာကြီး ပိတ်လိုက်အပြီး သမ္မတကြီးက တရုတ်ပြည်ဘက် ချစ်ကြည်ရေးခရီးမထွက်ဘဲ အိန္ဒိယဘက်ကို သွားခဲ့ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ လက်မှတ်ထိုး လာခဲ့ပါတယ်။ ကျနော်တို့ နိင်ငံအတွက် ရင်းနှီးမြုပ်နှံမှုများနှင့် တပါထည်း နည်းပညာ တိုးတက်မှုတွေပါ ရရှိလာမှာဖြစ်ပါတယ်။ န.အ.ဖ. လက်ထက် တရုတ်နဲ့ ချုပ်ဆိုထားမှု အားလုံးဟာ မြန်မာအလုပ်သမားတွေနဲ့ ပညာရှင်တို့ကို နည်းပညာ မျှဝေမှုမပါဘဲ မြန်မာက အလုပ်အကြမ်းတွေ၊ ဂိုဒေါင်စောင့်တွေ လုံခြုံရေး ဝန်ထမ်းတွေ လောက်သာ ပါဝင်ခွင့် ရှိပါတယ်။ တရုတ်က သူ့အလုပ်သမား အင်အားအပြည့်နဲ့ လာခဲ့တာပါ ။


အခုလိုအခြေအနေမျိုး ဖြစ်လာအောင် စတင်ပြိး ဧရာဝတီမြစ်ပေါ်မှာ ရျွေတူးစက် (အကြိး ) ၁၉၉၅ = ၁၉၉၆ စပြိး တရုတ်ငွေရှင်တွေ နဲ့ ပေါင်းပြိး ငွေရှင်က တရုတ် ၊ လုပ်ကွက်ရအောင်လုပ်တာက ကချင်လူမျိုး ဧရာဝတီမြစ်ပေါ် စတင်လာခဲ့တာပါ ။ ဒိပုံလေးတွေ ကိုကြည့်ပါစို ဘယ်လော်ထိ ရင်နာဆရာကောင်းတလဲဆိုရင် ။စတင်လာပုံကို မကြာခင်အပိုင်းလိုက် တင်ဆက်ပေးသွားမည် ။

သတင်း .. ဇော်ရှန် (wunpawng)


အာဖရိက နိုင်ငံတွေမှာ တရုတ်အလုပ်သမားတွေနဲ့ ဒေသခံ အလုပ်သမားတွေ အကြားမကြာခန ပြသနာဖြစ်ကြရပါတယ်။ သူတို့နိုင်ငံက တရုတ်ပြည်မကြီးနဲ့ ဝေးတော့ တရုတ်က အဲဒီနိုင်ငံတွေမှာ သိပ်မာရေ၊ ကြောရေ အပေါ်စီးက မလုပ်ပါဘူး။ န.အ.ဖနဲ့ ကျတော့ သန်းရွှေကို နိုင်ငံရေးအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗွီတိုအာဏာပါ သုံးပေးနေရ ပြည်သူလူထုကလဲ မုန်းနေသူဆိုတော့ လုပ်ငန်း ကန်ထရိုက်တွေမှာ တရုတ်လူမျိုးတို့၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားကို အကာအကွယ်ပေးရမည်ဟုပင် လူပါးဝထားတာ ခံရပါတယ်။

ရိုးတယ်ပြောမလား၊ ဆန်းတယ်ပြောမလား ၂၀၁၁ခုနှစ် ၁လပိုင်းကမြစ်ဆုံစီမံကိန်း လာရောက်ကြည့်ရှု ညအိပ်ရပ်နားပြီး နောက်တနေ့မှာ လုံခြည်အရောင်မဲ့နဲ့ မြင်တွေ့ရတဲ့ ဦးသိန်းစိန်..


အခုသမ္မတကြီး ဦးသိန်းစိန်အစိုးရ မှာ အဲဒီတရုတ်အမျိုးသားများ၏ အသက်အိုးအိမ်အကျိုးစီးပွားဆိုတာ တရုတ်နိုင်ငံသား တရုတ်လူမျိုးတွေကို ဆိုလိုတာလား မြန်မာနိုင်ငံမွေး မြန်မာနိုင်ငံသား ခံထားသူ ဌာနေ တရုတ်လူမျိုးတွေကိုပါ ထည့်သွင်း သတ်မှတ်ထားတာလား ဆိုတာကို ယခုအစိုးရမှ တရုတ်အစိုးရနှင့် တိတိကျကျ ပြတ်ပြတ်သားသား မေးမြန်းပြီး မြန်မာနိုင်ငံသားအားလုံး သဘောတူညီမှုကို ရယူရပါမည်။



သန်းရွှေ လုပ်ခဲ့သမျှ ကျနော်တို့ တာဝန်ခံစရာမလိုပါဘူး။ တာဝန်ခံဖို့ မလိုဘူးဆိုတာ န.၀.တ တက်လာစဉ်ကတည်းက ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေမှာ အကြိမ်ကြိမ် အထပ်ထပ် ကျနော်တို့ဟာ (ယာယီ -ကြားဖြတ် အစိုးရတစ်ရပ်သာ) ဖြစ်ပါတယ်လို့ ကမ္ဘာသိ ကြေငြာထားပြီး ဖြစ်လို့ပါဘဲ။ ကျနော်တို့က ကြေငြာထားတာ မဟုတ်ဘူး။ တရုတ်တွေ ကျားကန်ပေးထားတဲ့ ဗိုလ်ချုပ်မှုးကြီးပါဘဲ။ ဟာသစကား အဖြစ်ဘဲ ပြောချင်လား။ ပြောချင်ရင်ဘာလို့ ဒီလူနဲ့ ထိုးထားတာကို ကျုပ်တို့က ဆက်လက် အတည်ပြုစရာ မလိုတော့ဘူးလေ။ တရုတ် ခေါင်းဆောင်တွေဟာ သန်းရွှေစကားကို အတည်ယူချင်ရင် ကိုယ်လိုချင်တာကိုတော့ ယူမယ် မလိုချင်တာ ပယ်တယ် လုပ်ချင်နေပုံ ရနေပါတယ်။ ၀မ်းနည်းပါတယ်။

ကချင်ပြည်နယ် အတွင်း တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ငပျောခြံလုပ်ငန်း အတွင်းမှ
ဖွတ်နဲ့ သင်းခွေချပ်ပါမချန် ဖမ်းဆီး သတ်ဖြတ် စားသောက်နေတဲ့ တရုတ်ခြံပိုင်ရှင်တစ်ဦး

အခုအထက်က ကျနော်တင်ပြခဲ့သလိုဘဲ မြစ်ဆုံရေကာတာကြီးဟာ မြန်မာနိုင်ငံ အနေနဲ့ဆိုင်တယ်။ ပိုင်တာက ကချင်လူမျိုးတို့ရဲ့ ပိုင်ဆိုင်မှု။ တရုတ်က ကချင်ကို န.အ.ဖ.အားကိုးနဲ့ လူရာတောင် မသွင်းခဲ့ပါဘူး။ နောက်ကချင်တို့ရဲ့ သမိုင်းအမွေအနှစ် ဆိုတာကို သိသိကြီးနဲ့ လူပါးဝပြတာပါဘဲ။ အခု မြစ်ဆုံနဲ့ ဆက်စပ်နေတဲ့ တခြား ရေကာတာတွေက ထွက်ရှိတဲ့ လျှပ်စစ်ဓါတ်အား ရောင်းချထားတဲ့ နှုန်းထားကို လက်ရှိ အစိုးရအနေနဲ့ နိုင်ငံတကာ ပျှမ်းမျှ ဈေးနှုန်း (norm) တွေနဲ့ ကိုက်ညီနေခြင်း ရှိမရှိ စီစစ်ရန် လိုအပ်နေပြီး တိုင်းပြည်ကို အမှန်ကိုချပြရန် တာဝန်ရှိနေပါတယ်။

တဆက်ထဲ ဧရာဝတီမြစ်ကြီးဟာ ဖျားနာနေတာ ကြာပါပြီ။ အမျှော်အမြင် အလွန်နည်းပါးပြီး ခိုးဖို့လောက် ၀ါးဖို့လောက်သာ တွေးတော ကြံဆနေတဲ့ သန်းရွှေလက်ထက်မှာ မြစ်ဧရာကြီး ဖျားနေပါတယ် သွားပြောရဲသူ ဘယ်ရှိမှာလဲ။ အခုမှ ဖွင့်ပြောကြရတာပါ။

ဧရာဝတီမြစ်ကြီးဟာ မြစ်ညာပိုင်းတွေကနေ ရွှေတူးသူတွေရဲ့ လောဘကြောင့် သဲသောင်တွေ မတရားထွန်းကားနေပြီး တချို့နှစ်တွေမှာ နွေရာသီမှာ တဖက်ကမ်းကို လမ်းလျှောက်ကူးလို့ ရတဲ့နေရာတွေ ရှိနေပြီဟု ပြည်တွင်းကမိတ်ဆွေ နှစ်ဦးက ပြောကြားလာပါတယ်။ ဒီလိုသဲသောင် ထွန်းနေတာကို ကုစားပါမှ မြစ်ရေကြီးမှုတွေကို ကာကွယ်နိုင်ပါမယ်။ ထိုင်းနိုင်ငံရဲ့ မြစ်ရေကြီးမှုကြောင့် ထိုင်းနိုင်ငံဟာ စီပွားရေးအရ ပျက်စီးမှုထက် လုပ်ငန်းများ ပြောင်းရွှေ့ပြောင်းမှု ကြုံနေပါပြီ။ မမြင်ရတဲ့ ဆုံးရှုံးမှုတွေ ကြုံနေပါပြီ။ အစိုးရအနေနဲ့ ထိုင်းနိုင်ငံရေကြီးမှုကို သင်ခန်းစာ ယူတတ်ရပါမည်။

ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းနဘေးက တရုတ်ရွှေတူး လုပ်ငန်းခွင်တစ်ခု..


တဆက်ထည်း ဥပဒေမဲ့ ရွှေတူးနေသူများကို ထိရောက်စွာ ဖမ်းဆီးထောင်ချ ပတ်ဝန်းကျင် ပျက်စီးမှုအထိ ဖြစ်စေပါက ပိုင်ဆိုင်မှုများ(အိုးအိမ်)ကို နိုင်ငံပိုင် သိမ်းယူသည်အထိ ပြင်းထန်စွာ အရေးယူသင့်ပါပြီ။ လူကိုလဲ ထောင်ဒါဏ် နှစ်များများချပြီး ထောင်က ပြန်လွတ်လ်ာလျှင်လည်း နယ်နှင်ဒါဏ်ခတ်တာမျိုး အထိ လုပ်ဆောင်သင့်ပါသည်။ ဧရာဝတီမြစ်ကြီးကို မြန်မာ တောင်သူလယ်သမား သန်းများစွာ မှီခိုနေရသော ရတနာ သွေးကျောကြီး ဖြစ်သောကြောင့် ဧရာဝတီကို ပျက်စီးစေသူကို လယ်သမားများရဲ့ ဝမ်းစာအိုးကို ဖေါက်ခွဲသူအဖြစ် သတ်မှတ်ရပါမည်။ တဆက်တည်းမှာလဲ ဧရာဝတီမြစ်ကြီးကို ကုစားဖို့ ပင်လယ်အပေါက်တွင် ထိုင်နေသော သဲများအား ကော့သောင်မှ သဲများ ရောင်းချနေသည်ကို ဧရာဝတီမြစ်ပေါက်က သဲများကို ရောင်းချခြင်းဖြင့် ကုစားသင့်သည်ဟု ယူဆမိပါသည်။ ပင်လယ်ပေါက်မှ ဧရာမ သဲသောင်ပြင်ကြီးကို ဖယ်ထုတ်နိုင်လျှင် ရေစီးလမ်းပွင့်သွားပြီး အထက်မြစ်ကြောင်း အတွင်းမှ သဲသောင်များ ပိုမိုရွှေ့လျား ကျဆင်းလာနိုင်ပါမည်။

 
'ဓါတ်ပုံ ---- nzaushan . DM .


အချုပ်အားဖြင့် ဧရာဝတီ မြစ်ဆုံရေကာတာကြီးကို သမ္မတကြီးမှ ယာယီသဘောရွှေ့ဆိုင်း ထားတာကို တတိုင်းတပြည်လုံး အမျှော်အမြင်ရှိရှိနဲ့ လုံးဝဖျက်သိမ်းသည်အထိ လုပ်ဆောင်ကြရန် အားမွေးထားကြရန် လိုနေပါသေးသည်။ တရုတ်ဘက်က လျှော်ကြေး တောင်းလာလျှင် နောင်တရုတ်နဲ့ ဘာလုပ်ငန်းမှ မလုပ်ဆောင် တော့ပါဘူးသာ ပြတ်ပြတ်သဘောထား ကြေငြာထားပါရန် သမ္မတကြီးကို ကျနော်တို့ အားလုံးဝိုင်းပြီး စာတင်ထားကြရန်လဲ လိုပါသည်။ ပွဲလန့်တုံးဖျာခင်းပြီး မောင်ဦး လုပ်ချင်တဲ့သူကို နောင်ကျဉ်အောင် ပညာပေးရန် လိုပါသည်။

ယုတ်ဆွအဆုံး လိုအပ်လျှင် အမေရိကန်နိုင်ငံနှင့် စစ်ရေးကာကွယ်မှု စာချုပ်အထိ ချုပ်ဆိုဖို့ ဆွေးနွေးသင့်နေပါပြီ။ တရုတ်က ဒီထက်ပိုမိုပြီး ပါဝါပြ အာဏာပြလာလျှင် ကျနော်တို့ ပြည်သူတွေက အမေရိကန်နဲ့ နှစ်နိုင်ငံလုံခြုံရေး စာချုပ်ချုပ်ဆိုဖို့ တောင်းဆိုတာ လုပ်သင့်နေပါပြီ။ ကဲကျနော်တိုတတွေ တရုတ်ကို နဂါးမှန်းသိအောင် အမေါက်ထောင်ပြဖို့ နည်းပေါင်းစုံ စဉ်းစားထားကြပါရန် တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

ကိုကိုကြီးမောင်အေး ။။ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ၊ ကျောက်စိန်း ၊ စတဲ့ စတဲ့ ကချင်လူမျိုးများ ပိုင်ဆိုင်ထားသည့် ရောင်းချနေစဉ် ။

"ဓါတ်ပုံ nzaushan . DM

နော်ကတပတ်မှာ ဒလ စီမံကိန်း အကြောင်းတင်ပြရန် စဉ်းစားထားပါသည်။ ဒလ စီမံကိန်းကလည်း လက်ရှိ ထိုးတက်နေတဲ့ ရန်ကုန်မြေဈေးတွေနဲ့ ပတ်သက်ပြီး တနည်းတဖုံ ပွဲဆူစေတာမျိုး ဖြစ်ခဲ့လျှင် ပွဲဆူအောင် ရေးတာမဟုတ်ကြောင်း ကြိုတင် တင်ပြရင်း ရှောင်လွှဲ မရနိုင်သော ဖြစ်ပေါ် လာတော့မဲ့ ပြောင်းလဲမှုတွေ အတွက်ပြည်သူတွေ အငိုက် မမိစေရန် တင်ပြခြင်းသာဖြစ်ကြောင်း ကြိုတင် မှာကြားထားပါရစေ..။

အားလုံးကို လေးစားလျှက်
လှိုင်မြင့်

ဆောင်းပါးရှင် ဆရာလှိုင်မြင့် နှင့် ကိုကြိးဒိမို အား wunpawng news အဖွဲ့ သားများ အထူးကျေးဇူးတင်ပါသည်

ဇော်ရှန် (wunpawng )