ကပစ (၁၂) မှ ဓါတုလက်နက် ပိုအဆင့်မြှင့်အောင် ထုတ်ခိုင်း

Tuesday, November 1, 2011

ညွန်ကြားနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

စစ်အစိုးရ စစ်တပ်မှ K.I.A ကို ဆက်လက် တိုက်ပွဲဝင်ရင် အနိုင်ရမည် မဟုတ်တဲ့အတွက် ဓါတုလက်နက် (Chemical Weapons) များကို ပိုမိုအဆင့်မြှင့်ပြီး များများထုတ်လုပ်ဖို့ စစ်အစိုးရ စစ်လက်နက် နှင့် အခြားစစ်ပစ္စည်းများ ထုတ်လုပ်တဲ့ ကပစ (လက်နက်ထုပ်စက်ရုံ) အမှတ် (၁၂) ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကိုယ်တိုင် ညွန်ကြားလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ယင်း ဓါတုလက်နက် ထုတ်လုပ်ခိုင်း တဲ့ ကပစ (၁၂) လက်နက် စက်ရုံ ဟာ သရက်မြို့ အနောက်ဘက် (၁၀) မိုင် အကွာမှာ ရှိပါတယ်။ သရက် -မင်းတုန်း ကားလမ်းမ ဘေးမှာ ဖြစ်ပါတယ်။

K.I.A တပ်များမှ ဝင်တိုက်

Monday, October 31, 2011
K.I.A ကို ထိုးစစ်ဆင်ခိုင်းနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

အောက်တိုဘာလ ၃၀ ရက် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများမှ ညနေပိုင်း ၇း၀၀ နာရီ ဝန်းကျင်တွင် ဗန်းမော် အင်းမောက်နှင့် ခဝမ်ဘန် ကျေးရွာ သွားရာလမ်းနှင့် ခဝမ်ဘန်မှာ ရောက်ရှိ အခြေစိုက်နေတဲ့ စစ်အစိုးရ စစ်တပ်တို့ကို K.I.A တို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ K.I.A တို့မှ ဝင်ရောက် စီးနင်း တိုက်ခိုက်ရခြင်းရဲ့ အကြောင်းရင်းမှာ စစ်အစိုးရ စစ်တပ် တို့ဟာ ဆင်လွမ်လမ်း၊ လော်ဒန်လမ်း၊ လော်ဒန် ကရုန်ဘက်သို့ စစ်အင်အား အလွန်ချီတက် ထိုးစစ် ဆင်လာ မှုကြောင့် စစ်အစိုးရ စစ်တပ်ရဲ့ နောက်တန်းများကို K.I.A တို့မှ ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်တယ်လို့ K.I.A အရာရှိများမှ ပြောကြားချက်အရ သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဘက်မှ ဘယ်နှစ်ယောက် ကျဆုံး သည်ကို မသိရသေးပေမယ့် K.I.A စစ်တပ်ဘက်မှာ တော့ ထိခိုက် ကျဆုံးမှု မရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ဂါးရာယာန်သို့ စစ်အစိုးရ စစ်တပ်အင်အားဖြည့်

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ကချင်ပြည်နယ် အင်းသပ်ဘွမ် (တောင်) မှာ တိုက်ပွဲဖြစ်ပွား နေခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြားလာမှု ကြောင့် စစ်အစိုးရ စစ်တပ်တို့ အင်းသပ်ဘွမ်မှ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ဒါပေမယ့် စစ်အစိုးရ စစ်တပ်တို့ဟာ ဂါးရာယာန်ကျေးရွာတွင် စစ်အင်အား အမြောက်အများ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လက်နက် ကြီးများဖြင့်လည်း ရွာထဲများတွင် ပစ်သွင်းနေကြောင်း စုံစမ်း သိရှိရပါတယ်။

In K.I.A civil war, Burmese Soldiers are using Chemical Weapons


Sunday, October 30, 2011


စစ်အစိုးရ စစ်တပ်မှ K.I.A ကို ဓာတု လက်နက်အသုံးပြု နေပြီ

အောက်တိုဘာလ ၃၀ ရက် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား (၆) ရက်ကြာ တိုက်ပွဲဖြစ်ပွားလာတဲ့ ကချင်ပြည်နယ် ဂါးရာယာန်၊ ရွှေညောင်ပင်၊ လုန်ဇဲပ်၊ (Lung Zep) ကုန်း တိုက်ပွဲ နေရာများတွင် စစ်အစိုးရ စစ်တပ် ဘက်မှ အကျအဆုံး များလာမှုကြောင့် UN မှ ပိတ်ပင်ထားတဲ့ (Chemical Weapon) ဓာတုလက်နက် များကို ယခု K.I.A နှင့် တိုက်ပွဲမှာ အသုံးပြုနေကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းဓါတုလက်နက် ဓာတ်ငွေ့ ရှိုမိတဲ့ K.I.A တပ်သား (၁၀) ကျော်ဟာ တခါတည်း ခေါင်းမူးလာပြီး အဆက်မပြတ် အန် ခြင်း၊ ကိုယ်ခန္ဓာ ပျော့ခွင်သွားပြီး ဆက်လက် တိုက်ပွဲ မဝင်နိုင်တော့ ကြောင်း ရှေ့တန်း K.I.A သတင်းမှ သိရှိရပါတယ်။

တဆက်တည်းမှာဘဲ အောက်တိုဘာလ ၂၉ ရက် မနေ့ကလည်း K.I.A စစ်ဌာနချုပ် လိုင်ဇာနှင့် သိပ်မဝေးတဲ့ အင်သပ်တောင် တိုက်ပွဲမှာလည်း စစ်အစိုးရ စစ်တပ်ဘက်မှ ကျဆုံးမှု များလာတာနဲ့ အမျှ စစ်အစိုးရ စစ်တပ်ဘက်မှ (Chemical Weapon) ဓါတု လက်နက်ဖြင့် K.I.A စစ်တပ်ကို ပစ်ခဲ့ရာ K.I.A စစ်သည်တော် (၄) ဦးဟာ ဆက်လက်တိုက်ပွဲ မဝင်နိုင်တော့ဘဲ တကိုယ်လုံး ပျော့ခွင် သွားပြီး အဆက်မပြတ် အန် နေကြောင်း K.I.A ရှေ့တန်းနယ်မြေ တိုက်ပွဲ ဝင်နေတဲ့ K.I.A စစ်သားများမှ သတင်းပေးပို့ လာပါတယ်။

ဘယ်လိုအမျိုးအစား  ဓါတုလက်နက် ဖြစ်တယ်ဆိုတာ အတိအကျ မသိပေမယ် အဆင့်မြင့်တဲ့ ဓါတု လက်နက် ( Chemical Weapon) ဟုတ်တယ် ဆိုတာကို တော့ ငြင်းလို့ မရဘူးလို့ K.I.A ရှေ့တန်း အရာရှိများမှ ပြောကြားလာပါတယ်။ ဒီလိုမျိုး ယခုချိန်မှာ UN က နေပိတ်ပင်ထားတဲ့ ဓါတုလက်နက် ဖြင့် စစ်အစိုးရ စစ်တပ်မှ အသုံးပြု တိုက်ခိုက်နေခြင်းကို UN အပါအဝင် တမ္ဘာလုံးက ဒီတိုင်း ကြည့်နေလို့ မဖြစ် တော့ကြောင်း အသိပေး လိုက်ချင်ပါတယ်။

Now fighting with Kachin Independence Army K.I.A and Burmese Military soldiers are stronger and stronger, the war zone Gara Yang, Shwe Nyong Pin, Lung Zep become 6 days.. so Burmese military soldiers are using Chemical Weapon. When Burmese military soldiers shot Chemical Weapon to K.I.A who touch that gas cannot fight anymore, suddenly they feel headache and the whole body become weak. 

And all so, yesterday in the war zone Intap Bum , Burmese military soldiers used Chemical Weapon . So, after breath that gas K.I.A  (4) soldiers were suddenly  feel headache and the whole body became weak if so they cannot shot anymore, the K.I.A officer confirm this event.


Man City Vs Wolves

Saturday, October 29, 2011

Man City Vs Wolves ပွဲစဉ် ဒုတိယပိုင်း မှာ မန်စီးတီးက (၂) ဂိုး အရင် သွင်းနိုင်ခဲ့ ပြီးနောက် မန်စီးတီးရဲ့ အသင်း ခေါင်းဆောင်ရဲ့ ဘောဖြတ် ကြမ်းတမ်းမှုကြောင့် ဝုဒ် ပင်နတီကန်သွင်းခွင့် ရခဲ့ရာ ဝုဒ်ရဲ့ Hunt မှ ကန်သွင်းနိုင် ခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်ပြီးနောက် မန်စီးတီးရှေ့တန်း Adam Jhonson မှ တတိယ မြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အိမ်ရှင် မန်စီးတီးဟာ ဧည့်သည် ဝုဒ်ကို ၃-၁ နှင့် အနိုင်ရသွားပြီး ပရီးမီးယားလိဒ် ပွဲစဉ်ဇယားရဲ့ ထိပ်ဆုံး ၂၈ မှတ်နှင့် ဦးဆောင်နေပါတယ်..။

Engaland Premier League

Saturday, October 29, 2011

ယခု ကစားပြီးသွားတဲ့ အင်္ဂလန် ပရီးမီးယားလိဒ် ပွဲစဉ်များဖြစ်တဲ့ အဲလ်ဗာတန်နှင့် မန်ယူ တို့ ပွဲမှာ မန်ယူက အိမ်ရှင် အဲလ်ဗာတန် ကို ၁ - ၀ နှင့် အနိုင်ရသွားပါပြီ..။ မန်ယူရဲ့ ချေပ ဂိုးနှင့် အနိုင်ဂိုးကို ရှေ့တန်း ကစားသမား ဟာနန်ဒက်က သွင်းယူနိုင်ခဲ့ပါတယ်။ 

ချဲလ်ဆီး နှင့် အာဆင်နယ် ပွဲစဉ်မှာတော့ အိမ်ရှင် ချဲလ်ဆီးကို ဧည့်သည် အာဆင်နယ် က ၅-၃ ဂိုးဖြင့် အနိုင်ရသွားခဲ့ပြီး အနိုင် (၃) မှတ် နှင့် ပွဲသိမ်းလိုက်ပါတယ်။

Man City နှင့် Wolves တို့ဟာ အခုချိန် (Half time - 47) မိနစ်ထိ ဘယ်သူမှ ဂိုးမသွင်းနိုင်သေးပါဘူး..။ မန်စီးတီးက အိမ်ရှင် ဖြစ်ပါတယ်..။ ဘယ်အသင်းနိုင်သွားမယ် ဆိုတာတော့ စိတ်ဝင် စားစရာ ကောင်းနေ ပါတယ်..။ မန်စီးတီးဘဲ အနိုင်ကန်ပြီး အမှတ် အပြတ်ဖြတ်မှာလား..? သို့မဟုတ် Wolves ဘဲ အနိုင်ကန်သွင်းပြီး (၃) မှတ် ယူနိုင်မလား..သို့မဟုတ် သရေ ကန်ပြီး (၁) မှတ် စီ ယူကြမလား ဆိုတာကို တော့ ပွဲပြီး မှ သိရတော့မှာပါ...။

အင်းသပ်တောင်မှ တိုက်ပွဲ

Saturday, October 29, 2011

အောက်တိုဘာလ ၂၉ ရက် ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း နားလုံးရွာနှင့် ခယာရွားကြား ရှိ အင်သပ်ဘွမ် (တောင်) တွင် K.I.A  ပြည်သူ့စစ်များနှင့် စစ်အစိုးရ စစ်သားများ ဒုတိယနေ့ အဖြစ် ပြင်းထန်စွာ လောလော လတ်လတ် တိုက်ခိုက်နေကြောင်း သတင်းရရှိပါတယ်။ တိုက်ပွဲ အခြေ အနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်...။

ခဝမ်နှင့် ကိုင်ထွမ့်ချောင်း တိုက်ပွဲ

Saturday, October 29, 2011

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း ဂါးရာယန်အောက်ဘက် ခ၀မ်ချောင်းနှင့် ကိုင်ထွမ့်ချောင်း ကြားတွင် K.I.A တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃) မှ K.I.A မျိုးချစ် စစ်သည်တော်များနှင့် စစ်အစိုးရ စစ်တပ် ခမရ (၃၉၀)၊ (၃၈၉) တို့ ဒီနေ့က စပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။


အင်းသပ်တောင်မှာ တိုက်ပွဲဖြစ်ပွားနေ

Saturday, October 29, 2011

Kachin Independence Army

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း ဒေါ့ဖုန်းယန်မြို့နယ် ဒိန်ဂါ အနီး အင်သပ်တောင်တွင် K.I.A တပ်ရင်း (၂၄) မှ မျိုးချစ်ရဲဘော်များနှင့် စစ်အစိုးရ စစ်တပ်တို့ ဒီမနက် (၇) နာရီလောက်မှ စတင်ပြီး ယခုချိန်အထိ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။ နှစ်ဘက်စလုံးရဲ့ အခြေ အနေများကို ဆက်လက် စုံစမ်းဆဲပါ။

ဆိုင်းမိုင်း ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း ဆိုင်းမိုင်ကျေးရွာတွင် K.I.A မျိုးချစ်ရဲဘော်များမှ စစ်အစိုးရ စစ်တပ်ကို ၀ိုင်းဝန်းပိတ်ဆို့ထားပြီး ယခုချိန်တွင် ပစ်ခတ်နေကြောင်း သတင်းရရှိပါတယ်။ အခြေ အနေ အသေး စိတ်ကို ဆက်လက်စုံစမ်းနေပါတယ်။

စစ်အစိုးရ စစ်တပ်ရဲ့ စစ်တင့်ကား (၃) စီး ရောက်ရှိပြီ

Saturday, October 29, 2011

မြန်မာ့ တပ်မတော်ရဲ့ တင့်ကား

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေမှု၊ စစ်အစိုးရ ဘက်မှ အကျ အဆုံး များနေ မှုတွေကြောင့် စစ်အစိုးရ စစ်တပ်ဘက်မှ ပြည်သူပြည်သားများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေမှုတွေသာ မက ယခု ချိန်တွင် စစ်အစိုးရ စစ်တပ်တို့မှ စစ်မျက်နှာ တွင် အသုံးပြုနိုင်ရန် အောက်တိုဘာလ ၂၈ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ သဘောင်္ဆိပ်ကမ်းသို့  စစ်အစိုးရ စစ်တပ်ရဲ့ စစ်သုံး တင့်ကား (၃) စီး (Chain နှင့်) ကို စစ်သဘောင်္ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း မြို့ခံများ ရဲ့ မြင်တွေ့မှု အရ သတင်း ရရှိပါတယ်။

စစ်အစိုး ထောင်ထားသော မိုင်း နင်းမိ

Saturday, October 29, 2011

 တိုက်ပွဲနယ်မြေ တစ်နေရာ

အောက်တိုဘာလ ၂၈ ရက်နေ့ ကချင်ပြည်နယ် မိုးမောက် လွယ်ဂျယ်လမ်း ခ၀မ်ဘန် ကျေးရွာ မှ ဒဂေါ်သွားရာလမ်းဆုံတွင် စစ်အစိုးရ စစ်တပ်မှ ထောင်ထားသော မိုင်းကို နင်းမိ၍ မောင်ဘရန်းဒီမှာ ပွဲချင်းပြီး သေးဆုံးသွားကြောင်းနှင့် မောင်လထော်ဇော်လီမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရာ ယခုချိန်တွင် မိုးမောက် ဆေးရုံမှာ ဆေးကုသ ခံယူနေကြောင်း သတင်းရရှိပါတယ်။

K.I.A ပြည်သူ့စစ် ဝင်တိုက်

K.I.A ဌာနချုပ် လိုင်ဇာ နှင့် မိုင်ဂျာယန် ကြား ဒွမ်ဘွန်း ဒဘန်ရှိ စစ်အစိုးရ စစ်တပ်စခန်းကို K.I.A ဗိုလ်ကြီး နာပါ ဦးဆောင်သော အရပ်ဘက်စစ်သားများမှ မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့ သိမ်းပိုက် လိုက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။


ထောင်ချခံရတဲ့ စစ်ဗိုလ်

 Friday, October 28, 2011

အောက်တိုဘာ (၂၇) ရက်နေ့ ၌ ဗန်းမော် လွယ်ဂျယ် လမ်းပိုင်းတွင် တာဝန်ကျသော စစ်အစိုးရ စစ်ဗိုလ် (၁၀) ဦးကို ဗန်းမော်ထောင်တွင် ဖမ်းဆီး ထားလိုက်ကြောင်း သတင်း ရရှိပါတယ်။ ယခုကဲ့သို့ ရှေ့တန်းမှ စစ်ဗိုလ်များကို ဖမ်းဆီး ရခြင်းမှာ K.I.A ထိန်းချုပ်ရာ စိန်လုံ ဘက်သို့ မထိုးဖောက်နိုင်သောကြောင့် ဖြစ်သည်ဟု စုံစမ်းသိရှိရပါတယ်။

ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှ အခြေအနေများ

Friday, October 28, 2011
Kachin IDPs

K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲစတင်ခဲ့ရာ အချိန်ကြာလာသည်နဲ့ အမျှ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြားလာသည်နဲ့အညီ မစားရတဲ့ အမဲ သေးနှင့်ပက် ဆိုသလို K.I.A နှင့် စစ်တိုက်တာ အဆင်မပြေတော့ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မိန်းကလေးများကို မဒိန်းကျင့်ပြီး သတ်ပစ်ခြင်း၊ ကလေးသူငယ်များကို သတ်ဖြတ်ခြင်း စတဲ့ … စတဲ့… လူ့ကျင့်ဝတ်နှင့် မညီသော လုပ်ရပ်များကို အမြဲ ပြုလုပ်လျက်ရှိနေပါတယ်။

ယခုချိန်တွင်လည်းဘဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အတွင်းရှိ ပြည်သူများကို စစ်အစိုးရ စစ်တပ်တို့မှ ပေါ်တာ ဖမ်းဆီး နေကြောင်း ကြားသိနေရပါတယ်။ တစ်ရပ်ကွက်လျှင် စစ်မြေပြင် ရှေ့တန်းသို့ ပို့ရန်အတွက် ပေါ်တာ အယောက် (၁၀၀) … (၅၀) .. စသည်တို့ သတ်မှတ်ကာ တောင်းခံနေကြောင်း မြို့ခံများမှ စုံစမ်းသိရှိရပါတယ်။

မြစ်ကြီးနား ဒူကထောင် ရပ်ကွက်တွင် စစ်အစိုးရ စစ်တပ်မှ တောင်းခံထားတဲ့ ပေါ်တာ အယောက် (၅၀) ၊ စီတာပူ ရပ်ကွက်ကို အယောက် (၁၀၀)၊ တပ်ကုန်းရပ်ကွက်ကို အယောက် (၁၀၀) … စသည်ဖြင့် လူဦးရေ သတ်မှတ်ကာ တောင်းခံနေကြောင်း မြို့ခံများရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။  ဒါပေမယ့် ဘယ်ရပ်ကွက်မှ မပို့ပေးတဲ့ အတွက် စစ်အစိုးရ စစ်တပ်တို့မှာ သူတို့ကိုယ်တိုင် ညပိုင်းများတွင် လိုက်လံ ဖမ်းဆီးပြီး မိတဲ့ သူများကို ရှေ့တန်းသို့ စေလွှတ်နေကြောင်း၊ ယခုချိန်တွင် မြစ်ကြီးနားမြို့အတွင်း ည ၇း၀၀ နာရီ နောက်ပိုင်းတွင် ပြည်သူများ အပြင်ထွက်ခြင်းမပြုတော့ သဖြင့် တမြို့လုံး တိတ်ဆိတ် နေကြောင်း သိရှိရပါတယ်။

စစ်ပွဲကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်များဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာနေကြောင်း သိရှိနေရပါတယ်။ မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ရပ်ကွက်တွင် စစ်ပြေးဒုက္ခသည် (၄၀၀) ကျော် ရောက်ရှိလာကြောင်း မြို့ခံ များမှ သိရှိရပါတယ်။ ယင်း စစ်ပြေးဒုက္ခသည်များကို ခရစ်ယာန် ဘုရားကျောင်းများတွင် နေရာ ချပေးပြီး အသင်းသူ အသင်းသားများနှင့် ရပ်ဖိရပ်ဖ များက တတ်နိုင်သမျှ ကြည့်ရှု စောင့်ရှောက် နေရကြောင်း သိရှိရပါတယ်။


ကချင်ပြည်နယ် လုန်ဇဲပ် တိုက်ပွဲ အခြေအနေ

Friday, October 28, 2011

 ပုံကို ကြည့်ပြီး တွေ့ရင်တော့ ခံစားလို့ ရမှာပါ...

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် ကားလမ်းပိုင်း လုံဇဲပ်တောင်တွင် K.I.A  တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြား လာမှုကြောင့် စစ်အစိုးရ စစ်တပ်မှာ ယနေ့တွင် တပ်ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဤ စစ်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ စစ်သား (၂၀) ခန့် ကျရှုံးပြီး (၆၀) ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ထို့အတူ ဗန်းမော် လွယ်ဂျယ် လမ်းပိုင်း ကျောက်စခန်း တိုက်ပွဲတွင်လည်း စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များလာ၍ ယခုအခါ စစ်အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်မှုကို ရပ်ဆိုင်း ထားကြောင်း K.I.A ရှေ့တန်း မှ သတင်း ရရှိပါတယ်။

ကချင် ပြည်နယ် နားလုန်ကျေးရွာ မှာ တိုက်ပွဲဖြစ်ပွားနေ

Friday, October 28, 2011
ကင်းစောင့် တာဝန်ယူ နေတဲ့ Kachin Independence Army

အောက်တိုဘာလ ၂၈ ရက် K.I.A တပ်ရင်းများနှင့် ပြည်သူ့စစ် (MHH) တို့ပူးပေါင်းကာ လိုင်ဇာ အနီးရှိ နားလုန်ကျေးရွာ အနီး အင်တပ်တောင်ခြေသို့ ချီတက်လာတဲ့ စစ်အစိုးရ စစ်ကြောင်းနှင့် ဒီမနက် အစောကြီးကနေ ယခုချိန်ထိ ပြင်းပြင်း ထန်ထန် တိုက်ပွဲဖြစ်ပွားနေကြာင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ အခြေအနေများကို ဆက်လက် စုံစမ်းပြီး တင်ပြသွားပါမယ်။
ရှေ့တန်းနယ်မြေမှ K.I.A စစ်သည်တော်များ

တဆက်တည်းမှာဘဲ ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ဒေါ့ဖုန်းယာန် နယ်မြေဖြစ်တဲ့ ဒိန်းဂါးကျေးရွာနှင့် အင်ဒုန် ဒဘန်မှာ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) နှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းကာ စစ်အစိုးရ စစ်တပ် ဒေါ့ဖုန်းယာန် အခြေစိုက် ခလရ (၁၄၂) တို့ အကြား ယခုချိ လောလောလတ်လတ် တိုက်ပွဲပြင်းထန်နေကြောင်း K.I.A ရှေ့တန်း မှ သတင်းရရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့က တိုက်ပွဲဖြစ်ပွားရာသို့ ခန့်မှန်းပြီး ၁၂၀ မမ အမြောက်ကြီးများဖြင့် အဆက်မပြတ် ပစ်တွင်းနေကြောင်း သတင်းရရှိရပါတယ်။ နှစ်ဖက်စလုံးရဲ့ တိုက်ပွဲ အခြေအနေများကို ဆက်လက် စုံစမ်းနေပါတယ်။

လူသားချင်း မစာနာတဲ့ စစ်အစိုးရ အာဏာရှင်

Friday, October 28, 2011

 စစ်အစိုးရ စစ်တပ်မှ မဒိန်းကျင့်ပြီး ရက်ရက် စက်စက် သတ်ပစ်ခံထားရတဲ့ ကချင်အမျိုး သမီး

K.I.O မှ ဖွင့်လစ် ထားတဲ့ ကချင် စစ်ပြေးဒုက္ခသည်စခန်း

တောနက် တစ်နေရာမှာ ရောက်ရှိနေတဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေး ဒုက္ခသည်များ


လူလူချင်း စာနာ ကြရင် အင်မတန်ကောင်းမှာဘဲ

စစ်အစိုးရ စစ်တပ်တို့မှ ပစ်လိုက်လို့ ထိမှန်သွားခဲ့တဲ့ ဗန်းမော် ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးရဲ့ သမ္မာ ကျမ်းစာအုပ် - ကျည်ဆံဟာ အလယ်အထိ ဖောက်ဝင်သွားခဲ့ပြီး ဆာလံ - ၃၇ ရောက်တာနဲ့ ကျည်ဆံ ထိပ်ဖူး ရပ်တန့်သွားခဲ့... ဘုရားသခင်ပေးတဲ့ လက္ခဏာ ဖြစ်ပါတယ်.. ဆာလံ - ၃၇ ကို ဖတ်ရှု ကြပါစို့...



K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွား

Thursday, October 27, 2011
ရှေ့တန်း နယ်မြေမှ K.I.A စစ်သည်တော်များ

K.I.A တပ်ရင်း (၃) နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဂါးရာယာန် လုန်ဇဲပ် ကုန်းနှင့် ဂန်ဒေါင်ယာန်အနီး ရှိ ဆိုင်းမိုင်ကျေးရွာများတွင် K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ K.I.A ဌာနချုပ် လိုင်ဇာအနီး K.I.A တပ်ရင်း (၂၄) နယ်မြေဖြစ်တဲ့ အင်ဒုန်ဒဘန် သို့ ရိက္ခာလာပို့တဲ့ စစ်အစိုးရ စစ်ကြောင်းကို K.I.A တပ်ရင်းများနှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်း ပြီး တိုက်ခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်စလုံးရဲ့ အခြေအနေများကို ဆက်လက်စုံစမ်း ဆဲပါ။
အောက်တိုဘာလ ၂၇ ရက် ကချင်ပြည်နယ် ဂလာန်ဂျာပါ မှာ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား (၃) ရက်မြောက်သော တိုက်ပွဲကို ဆက်လက် ဆင်နွဲနေကြောင်း စုံစမ်း သိရှိရပါတယ်။

K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား ဗန်းမော် လော်ဒန်ကရုန် မှာ ဖြင်ပွားခဲ့တဲ့ တိုက်ပွဲတွင် စစ်အစိုးရ စစ်တပ် ခမရ (၆၀၁) ရဲ့ တပ်ရင်းမှူး အပါအဝင် ဒု တပ်ရင်းမှူး၊ တပ်ကြပ်ကြီး နှင့် စစ်သားများ (၃၀) ကျော် ထိခိုက် ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

တရုတ်ပြည်မှ ကချင်များ စစ်ပြေးဒုက္ခသည်များကို ကူညီ

ကချင်ပြည်နယ် K.I.A ဌာနချုပ် လိုင်ဇာ အနီးရှိ ဂျေယာန်ခ စစ်ပြေးဒုက္ခသည် စခန်းကြီးကို တရုတ်နိုင်ငံ ယင်ဂျန်းမြို့မှ ကချင်ပြည်သူပြည်သားများက ကချင် စစ်ပြေးဒုက္ခသည်များကို လာရောက် ကြည့်ရှုအားပေး သွားပြီး ဆန် (၂၀၀) အိတ်ကိုလည်း လာရောက် ကူညီ ပေးအပ်သွားခဲ့ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။



ခလရ (၄၇) တပ်ရင်းမှူးကို ထောင်ချခံထားရ

Thursday, October 27, 2011
စစ်အစိုးရ စစ်ကြောင်း

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ တို့အကြား ဗန်းမော်ဇုံနယ် လော်ဒန်ကရုန်မှာ စစ်အစိုးရ စစ်တပ်ဖြစ်တဲ့ ဗန်းမော်အခြေစိုက် ခလရ (၄၇) တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်တို့မှ အကျ အဆုံးနှင့် ထိခိုက်မှုများပြား သဖြင့် အထက်မှ အမိန့်ကို ဖီဆန်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရှေ့တန်းနယ်မြေမှ နောက်ဆုတ်သွား ခဲ့ကြောင်း၊ ယင်းနောက်ဆုတ်သွားမှုကြောင်း တပ်ရင်းမှူးနှင့် ဗိုလ် (၃) ဦးတို့ကို ယခုချိန်တွင် စစ်အစိုးရ စစ်တပ်မှ အကျဉ်းထောင်တွင် အကျဉ်း ချထားကြောင်း စုံစမ်း သိရှိရပါတယ်။

ဂလာန်ဂျာပါမှာ တိုက်ပွဲဖြစ်
 K.I.A ရှေ့တန်းနယ်မြေတစ်နေရာ

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် ဂလာန်ဂျာပါသို့ မလိခမြစ်မှ ချီတက်လာတဲ့ စစ်အစိုးရ စစ်ကြောင်း တစ်ကြောင်းကို K.I.A တပ်ရင်းများက ဝင်ရောက် ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း၊ နှစ်ဘက်စလုံးမှ ထိခိုက်ကျဆုံးမှု အခြေအနေများကို ဆက်လက်စုံစမ်းဆဲပါ။

စစ်အစိုးရ စစ်တပ်မှ ဆိုင်းမိုင် (Seng Mai) ရွာသားများကို ညှင်းပန်းနှိပ်စက်နေ

မြစ်ကြီးနား ဗန်းမော် ကားလမ်းမကြီး အကြားမှာရှိတဲ့ နမ်ဆန်ယာန်ကျေးရွာမှ စစ်အစိုးရ စစ်တပ် ခလရ (၁၂၁) နှင့် (၃၄၈) ပူးပေါင်းတပ်များဟာ နမ်ဆန်ယာန်ကျေးရွာမှ တပ်နောက်ဆုတ်သွားခဲ့ပြီး ဖြစ်ရာ ယခုချိန်တွင် ဂန်ဒေါင်ယာန် အနောက်ဘက် (၁၀) ကျော်တွင် ရှိတဲ့ ဆိုင်းမိုင်ကျေးရွာတွင် ရောက်ရှိလာပြီး ရွာသားများကို ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်ကာ ရွာသားများရဲ့ ပစ္စည်းများကိုလည်း စိတ်ကြိုက် ဓမြတိုက် အသုံးပြုနေကြောင်း၊ ရွာသားများကိုလည်း ထင်ရာကြေး သေနတ်ဖြင့် လိုက်လံပစ်ခတ်နေကြောင်း၊ ဒီလို စစ်အစိုးရ စစ်တပ်တို့မှ ထင်ရာစိုင်း အပြစ်မဲ့ ပြည်သူများကို ပစ်သတ်နေမှုကြောင့် ယင်းရွာသားများမှ ကိုယ်လွတ်ရုံးကာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ယင်းထွက်ပြေးရာတွင် ဦး ဆွမ်းလွတ်တူးနှင့် သူ့ရဲ့ ဇနီးလည်းပါဝင်ထွက်ပြေးခဲ့ရာ ဇနီးဖြစ်သူမှာ မပြေးနိုင်တော့သဖြင့် ချန်လျစ်ထားခဲ့ရကြောင်း ဦးဆွမ်းလွတ်တူးမှ ပြေားကြားလာပါတယ်။ ဒီလိုအပြစ်မဲ့ ပစ်သတ်နေမှုကို အထက်အရာရှိ စစ်ဗျူဟာမှူးရဲ့ အမိန့်အရ တွေ့မြင်သူများ အားလုံးကို ပစ်သတ်နိုင်ကြောင်း (Free-Fire-Authority) ပေးထားကြောင်း စုံစမ်း သိရှိရပါတယ်။ ထို့ကြောင့် ကျေးရွာမှာ နေထိုင်ကြကုန်သော ပြည်သူများ ယခုအချိန်တွင် အချိန်ပြည့် သတိဝိရိယနှင့် အမြဲကိုယ့်အသက်ကို စောင့်ထိန်းဖို့ရန် လုံခြုံသောနေရာများတွင် ထွက်ပြေးနိုင်ရန် လိုအပ် ပါတယ်။



K.I.A တို့မှ (101) နည်းဗျူဟာဖြင့် တိုက်

Wednesday, October 26, 2011

ကချင်ပြည်နယ် နမ်ဆန်ယာန်ကျေးရွာကို စစ်အစိုးရ စစ်တပ်တို့မှ မီးရှို့ဖျက်ဆီးရေစဉ်

အောက်တိုဘာလ ၂၆ ရက်နေ့ K.I.A တပ်မဟာ (၁) လက်အောက်ခံက (101) တပ်တို့မှ မနက် ၈း၀၀ နာရီဝန်းကျင်တွင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းမကြီး ဒရိုခ တံတား စောင့်တဲ့ စစ်အစိုးရ စစ်တပ် ခလရ (၁၃၈) ကို ဝင်ရောက်တိုက်ခိုက် အောင်ပွဲခံခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ဘက်မှ K.I.A (101) အဖွဲ့တို့က သိမ်းဆီးရမိတဲ့ စစ်ပစ္စည်းများမှာ …
၁။ Keenwood R/T (၃)
၂။ အသံလွှင့် ဆက်သွယ်စက်ကြီး (၁) လုံး
၃။ သေနတ် (၃) လက်
၎။ ကျည်ဆံ (၁၀၀၀) ကျော်
၅။ စစ်သုံ့ပန်း (၁) ဦး နှင့် စစ်အစိုးရ စစ်တပ်ဘက်မှ (၁) ဦး ထိခိုက်ခဲ့ကြောင်း၊ K.I.A (101) ဘက်တော့ ထိခိုက်မှု မရှိကြောင်း စုံစမ်းသိရှိရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် မြစ်ကြီးးနား ဗန်းမော်လမ်း ရှိ နမ့်ဆန်ယန် ကျေးရွာတွင် စစ်အစိုးရ စစ်တပ်မှ ပြည်သူများရဲ့ နေအိမ် ၄၊ ၅ လုံးကို ဒီနေ့ညနေ (၈) နာရီခန့်တွင် မီးရှို့ဖျက်ဆီး လိုက်ကြောင်း သတင်းရရှိပါတယ်။

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွား မှုတွေကြောင့် စစ်အစိုးရ စစ်တပ်ဘက်မှ အထိအခိုက် များပြား မှုတွေကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်တပ် ဆေးရုံများတွင် စစ်သား လူနာများ အပြည့် ဆေးကုသ ခံယူနေသဖြင့် အရာရှိများရဲ့ ဇနီးများဟာ မလိဇွပ်ဆေးရုံတွင် မွေးဖွားနေကြရကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်အစိုးရ စစ်တပ် စစ်ကြောင်း ဗန်းမော်ဆိပ်ကမ်းမှာ ရောက်

Wednesday, October 26, 2011

Kachin Independence Army

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.O/K.I.A ကို တိုက်ခိုက်သိမ်းပိုက်ရန်အတွက် စစ်အစိုးရ စစ်တပ် အောက်ပိုင်းမှ စစ်အင်အား အလုံးအရင်းဖြင့် အောက်တိုဘာလ ၂၅ ရက် ညနေပိုင်း (၅) နာရီ မှာ ဗန်းမော် သင်္ဘော ဆိပ်ကမ်းတွင် ရောက်ရှိခဲ့ပြီး ၎င်းစစ်သားများကို စစ်ကားကြီး (၈) စီးဖြင့် လာရောက် တင်ဆောင်သွားကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။ K.I.O/K.I.A ကို အမြှစ်ပျက် တိုက်ရန် အတွက် ယခုချိန်တွင် စစ်တိုက်လေယာဉ် (၁၀) စီလည်းဘဲ အဆင်သင့် ပြင်ဆင်ထားကြောင်း စစ်ဘက် နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။

လော်ဒန်ကရုန်မှာ တိုက်ပွဲဖြစ်

အောက်တိုဘာလ ၂၅ ရက် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား အင်မောက် လွယ်ဂျေ သွားရာလမ်း ခဝန်ဘန် အထက် လော်ဒန်ကရုန်မှာ မနက်ပိုင်း ၁၀ နာရီကနေ ညနေပိုင်း ၄ နာရီကျော်အထိ တိုက်ပွဲပြင်းထန်စွားဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ နှစ်ဘက်စလုံးမှ ထိခိုက်ကျဆုံးမှုကို မသိရသေးပါ။ စစ်အစိုးရ စစ်တပ်တို့က ခဝန်ဘန်ကျေးရွာ ခရစ်ယာန် ဘုရားကျောင်းကုန်းပေါ်မှာ ၁၂၀ မမ အမြောက်များကို နေရာချလျက် K.I.A ရှေ့တန်း နယ်မြေများသို့ အဆက်မပျက် နောက်တန်းကနေ ပစ်ကူနေကြောင်း စုံစမ်း သိရှိရပါတယ်။ ဘုရားကျောင်း သစ်တက်ပွဲတောင် မပြုလုပ်ရသေးတဲ့ ခဝန်ဘန် ဘုရားကျောင်းမှာ စစ်အစိုးရ စစ်တပ်တို့မှ စိတ်ကြိုက် နေရာချ စခန်းချပြီး မွှေနှောက် အသုံးပြုနေကြောင်း သိရှိရပါတယ်။

ပြည်သူလူထုရဲ့ စည်းစိမ်များကို စစ်အစိုးရ စစ်တပ် အသုံးပြုနေ

Tuesday, October 25, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွား နေမှုကြောင့် စစ်အစိုးရ စစ်တပ်တို့မှ ပြည်သူလူထုပိုင် ပစ္စည်းများကို တရားဝင် သိမ်းပိုက် အသုံးပြုလာ နေပြီဖြစ်ကြောင်း မြင်တွေ့နေရပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ဗန်းမော်မှ လူမပါတဲ့ စစ်အစိုးရ စစ်တပ်ရဲ့ ကားကြီး (၁၀) စီးဟာ အင်မောက် ခဝန်ဘန် သို့ ချီတက်သွားပြီး ပြည်သူ လူထုတွေရဲ့ အိမ်များကို ရိုက်ဖွင့် ဖောက်ခွဲဝင်ကာ ပြည်သူပိုင် ပစ္စည်းများ၊ ကြက်၊ ဝက်၊ စတဲ့ အိမ်မွေး တရိစ္ဆာန်များနှင့် ကျွဲ၊ နွားများကို ကားပေါ်တွင် လာရောက် တင်ယူ သွားကြောင်း မျက်မြင်များမှ သတင်းပေးပို့ လာပါတယ်။

ဒီလုပ်ရပ်တွေဟာ စစ်အစိုးရ စစ်တပ်ရဲ့ ရှေ့တန်း ဗျူဟာမှူးများကိုယ်တိုင် တရားဝန် ခွင့်ပြုထားကြောင်း၊ ဒီလိုခွင့်ပြုရခြင်းမှာ စစ်အစိုးရ စစ်သားများမှာ စစ်တိုက်ချင်စိတ် ပျက်ပြားလာသဖြင့် စစ်ပြန် လည်တိုက်ချင်လာအောင် အခွင့်ပေး ဖြားယောင်းနေခြင်း ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဒီလို စစ်အစိုးရ စစ်တပ်ရဲ့ မတရား ပြုမူနေမှု တွေကြောင့် ခံနေရတဲ့ ပြည်သူလူထုများမှာ မပြောပြတတ်လောက်အောင် စစ်ဆင်းရဲ ခံစားနေရကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်မှ ဒီလို လုပ်ဆောင်နေ

Tuesday, October 25, 2011

K.I.O နေ့ ပြုလုပ်ကျင်းပ

Tuesday, October 25, 2011

K.I.A

အောက်တိုဘာလ ၂၅ ရက်နေ့ တွင် K.I.O နေ့ အဖြစ် လိုင်ဇာ မုဒ်လွမ် အထက်တန်းကျောင်းနှင့် ဝွယ်ကြိုင် (Woi Chyai) ဆေးပေးခန်းများမှာ ပြုလုပ် ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။ လိုင်ဇာ အထက် တန်းကျောင်းတွင် ဒီမနက် ၁၀ နာရီကနေ ၁၁း၃၀ နာရီ အထိ အစီအစဉ်များကို ပြုလုပ်ကျင်းပ ခဲ့ရာ K.I.O/K.I.A အရာရှိများ စုံစုံညီညီ တက်ရောက်ခဲ့ကြောင်း၊ လူအင်အား (၃၀၀) ကျော် လာရောက် ပါဝင်ကျင်းပ သွားကြောင်း စုံစမ်း သိရှိရပါတယ်။

အလားတူဘဲ K.I.A ဌာနချုပ်ဟောင်းဖြစ်တဲ့ ပါဂျောင်တောင်မှာလည်း K.I.O နေ့ကို ပြုလုပ်ကျင်းပခဲ့ ကြောင်း၊ ယင်းအထိမ်း အမှတ်နေ့တွင် ပြည်သူ လူထုနှင့် K.I.O/K.I.A အရာရှိများ စုစုပေါင်း (၁၆၉) ဦး လာရောက် ပါဝင်ကျင်းပ ပြုလုပ်ကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်တို့မှ K.I.A ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန်အတွက် ရည်ရွယ်ပြီး မနေ့ညမှာဘဲ ကချင်ပြည်နယ် ဂါးရာယာန် အနီးရှိ လုန်ကောင် လိမ်မော်သီးခြံ များတွင် စစ်အင်အား အလုံး အရင်းဖြင့် ရောက်ရှိနေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့က ကားလမ်းမကြီးလို မဟုတ်ဘဲ ဒဘတ်ချောင်း ဘက်ကလည်း ချီတက်သွားခဲ့ကြောင်း ယခုချိန်တွင် စစ်အစိုးရ စစ်တပ် စစ်ကြောင်းများအားလုံးမှာ လိုင်ဇာ ဌာနချုပ်ဘက်သို့ ဦးတည် ချီတက်သွားနေကြောင်း စုံစမ်း သိရှိရပါတယ်။ မနေ့ညကလည်း K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဂါးရာယာန် အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်မှ ပေါ်တာ ဆွဲနေ

Monday, October 24, 2011

Kachin Independence Army


ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စစ်အစိုးရ စစ်တပ်မှ တစ်ရပ်ကွက်လျင် အထမ်းသမား (ပေါ်တာ) အယောက် (၂၀) စီ ပေးရန် ရပ်ကွက်လူကြီးများကို ပြောဆိုလာကြောင်း သတင်း ရရှိပါတယ်။ ယခုအခါ ဗန်းမော်မြို့ပေါ်တွင် ပြည်သူလူထုများမှာ  အိမ်ပြင် မထွက်ရဲကြသောကြောင့် တိတ်ဆိတ်ငြိမ်သက်လျက် ရှိကြောင်း မြို့ခံပြည်သူများမှ စုံစမ်း သိရှိရပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၇ နာရီမှ ည ၁၀ နာရီကျော် အထိ လုန်ဂျာကုန်းမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ယင်း တိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၂၀) ကျော် ကျဆုံးသွားပြီး (၄၀) ကျော် ထိခိုက်ခဲ့ကြောင်း ရှေ့တန်း K.I.A သတင်းများ အရ သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်ရဲ့ စစ်ကားတစ်စီးကိုလည်း K.I.A တို့မှ ပစ်ဖောက်ခွဲခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား သိန်ဂျန်အထက်ဘက်ရှိ ဖတ်ကြီး ရှမ်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ (၁၀) ကျော် ကျဆုံးပြီး (၃၀) နီးပါး ထိခိုက် ခဲ့ကြောင်း၊ K.I.A ဘက်မှာတော့ ထိခိုက် ကျဆုံးမှု မရှိကြောင်း စုံစမ်းသိရှိရပါတယ်။



ရှေ့တန်း နယ်မြေမှ K.I.A တပ်မတော်သားများ


စစ်အစိုးရ စစ်တပ်မှ ပြည်သူများကို ညှင်းပန်း နှိပ်စက်၊ ဖျက်ဆီး နေ

Sunday, October 23, 2011

ဆင်လွမ်တောင်ခြေမှာ တိုက်ပွဲဖြစ်နေ

Sunday, October 23, 2011

အောက်တိုဘာလ ၂၃ ရက် ဒီနေ့မနက်ကနေ ယခုချိန်ထိ K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဆင်လွမ်တောင် (Sinlum Bum) ခြေမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ အခြေအနေများကို ဆက်လက်စုံစမ်းပြီး တင်ပြသွားပါမယ်။

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် လမ်းပေါ် နမ့်ဆန်ယန်ရွာနှင့် ဂန်ဒေါင်ယန်ရွားကြား အင်ပေါန်ရွာတွင် မနေ့က အောက်တိုဘာလ (၂၂) ရက်တွင် စစ်အစိုးရ စစ်တပ်မှ အမြောက်ကျည်ဆံ အထည့်မှားသောကြောင့် အမြောက်ပေါက်ကွဲ သွားပြီး စစ်သား အမြားအပြား သေဆုံးသွားကြောင်း သတင်း ရရှိပါတယ်။

အောက်တိုဘာ (၂၁) ရက်နေ့ညနေပိုင်း (၇း၃၀) နာရီ အချိန်တွင် မြစ်ကြီးနားမြို့ ဘ၀သစ် ဘိန်းဖြတ် ဆေးရုံနှင့် ကညန ရုံး အနားတွင် စစ်အစိုးရ စစ်သားများမှ ဖြတ်သွားဖြတ်လာ ပြည်သူ (၂၇) ဦးကို ပေါ်တာထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၊ ယင်း အဖမ်း ခံရတဲ့ အထဲမှာ ကျမ်းစာ ကျောင်းသား အချို့လည်း ပါသွား ကြောင်း စုံစမ်း သိရှိရပါတယ်။

ယခုချိန်တွင် စစ်အစိုးရ စစ်တပ်တို့မှ ပြည်သူလူထုကို ညှင်းပန်း နှိပ်စက် နေရာကနေ ခရစ်ယာန် ဓမ္မ ဆရာများကို အဓိက ထားပြီး ဖမ်းဆီး ညှင်းပန်း နှိပ်စက် သွားရန် နေပြည်တော်မှ အမိန့် ရောက်ရှိလာကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်တို့မှ တိုက်ပွဲ ဖြစ်ပွားသည့် နေရာများတွင် လူသတ်၊ ဓါးမြတိုက်၊ ရွာမီးရှို့

Saturday, October 22 , 2011


မီးရှိ့ခံနေရသည့် နမ်ဆန်ယန်ကျေးရွာ
စစ်အစိုးရ စစ်တပ်များသည် တိုက်ပွဲဖြစ်ပွား သည့် နေရာ များမှ ကျေးရွာများတွင် ရပ်ရွာပြည်သူ လူထုကို ညှင်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများ လုယူခြင်း များကို ပြုလုပ် လျက် ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ မြစ်ကြီးနားမြို့နယ်၊ မလိဇွပ်ယန်ရွာမှ မရွယ်ဆန့်ရဲ့ ဈေးဆိုင်ရှိ ပစ္စည်းများ ကို စကခ (၃) လက်အောက်ခံ၊ ခလရ (၃၈၆) မှ အကုန်အစင်ကို ယူဆောင်သွားပြီး မရွယ်ဆန့် ထံမှ ငွေသား (၂) သိန်းကိုလည်း ဓမြတိုက် သွားကြောင်း သိရှိရပါတယ်။

အဆိုပါနေ့တွင်ပင် ယင်းရွာမှ ဦးအင်ဒေါင်နော်နှင့် ဦးဒေါင်ဂျယ်တူးတို့ကို ဖမ်းဆီးနိုပ်စက်ခဲ့ပြီး ဦးအင်ဒေါင် နော်ကို ပေါ်တာအဖြစ် ခေါ်ဆောင်သွားရာ ယနေ့ထိ အဆက်အသွယ် မရသေးကြောင်း အိမ်သူ အိမ်သားများမှ သိရှိရပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရေကြည်ကျေးရွာမှ ဦးလွမ်းခေါင် အသက် (၅၀) နှစ်ကို ခမရ (၃၈၄) မှ ပေါ်တာ အဖြစ်လိုက်ရန် ပြောဆိုခဲ့သည်။ ဦးလွမ်းခေါင်မှ ငြင်းဆန်ခဲ့သည့်အတွက် ညင်းပန်းနိပ်စက်ရာမှ ကွယ်လွန် သွားကြောင်း စုံစမ်းသိရှိရပါတယ်။
 မီးရှို ခံရသည်. ဈေးဆိုင်



 ဦးတင်ဝင်း

အောက်တိုဘာလ ၁၈ နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ နမ်ဆန်ယန် ကျေးရွာမှ ဦးတင်ဝင်းအား ကြိုးတုတ်၊ ညင်းပန်းနိုပ်စက်၊ သတ်ဖြတ်ကာ အလောင်းကို မီးရှို့ခဲ့ကြောင်း သိရှိရပါတယ်။ ဦးတင်ဝင်း မတိုင်မီက ရွာသား ဌေးမောင် ဆိုသူကိုလည်း အကြောင်းမဲ့ သတ်ဖြတ် ခဲ့သေးကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်မှ ဒီလိုမျိုး အပြစ်မဲ့ ပြည်သူများကို ညှင်းပန်း နှိပ်စက် သတ်ဖြတ် နေမှုဟာ အင်မတန်မှ ညစ်ပတ် တဲ့ လုပ်ရပ်များ ဖြစ်ပါတယ်။ စစ်သား အချင်းချင်း သာ တိုက်ခိုင် သင့်ပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့တွင် နမ်ဆန်ယန်ကျေးရွာ၊ ရပ်ကွက် (၃) မှာ နေထိုင်သူ  ဦးဂျန်ခမ်းနော် အသက် ၇၂ နှစ်သည် မိမိ နေအိမ်ခြံဝင်းကာ နေချိန်တွင် မြန်မာအစိုး ရစစ်တပ်မှ တပ်ကြပ်တဦး၊ တပ်သားနှစ်ဦးရောက် လာပြီး သေနတ်နှင့် ပစ်ခတ်ခဲ့သည်။ ယင်းသို့ ပစ်ခတ်မှု ကြောင့် ဦးဂျန်ခမ်းနော်၏ လက်၊ ပေါင်ခြံတို့တွင် သေနတ် ဒဏ်ရာရရှိသွားပြီး ဒဏ်ရာနှင့်လဲနေသည့် ဦးဂျန်ခမ်းနော်ကို သေပြီအထင်နှင့် ပစ်ထားခဲ့သည်။ ယင်းကဲ့သို့ ပစ်ခံရသူ ဦးဂျန်ခမ်းနော်သည် လက်ရှိတွင် လိုင်ဇာမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။


တိုက်ပွဲ ဖြစ်ပွားသည့် နေရာများသည် နမ်ဆန်ယန်ကျေးရွာနှင့် အတော်လှမ်းသည့် နေရာများတွင် သာဖြစ်သော်လည်း ရွာထဲရှိ နေအိမ်များကို မြန်မာအစိုးရ စစ်တပ်မှ အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး နေကြောင်းလည်း သိရသည်။

အောက်တိုဘာလ ၁၉ နေ့တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် အနီး အောက်ချိုင့်ကျေးရွာမှ ဦးတင်ထွန်း ကိုလည်း သတ်ဖြတ်လိုက်ကြောင်း သိရှိရပါတယ်။ ဦးတင်ထွန်းကို သတ်ဖြတ် လိုက်သည့်   အောက်ချိုင့် ရွာအနီးတွင် ခမရ (၆၀၁)၊ ခလရ (၅၆) တို့ နေရာယူ တပ်စွဲထားကြောင်း စုံစမ်း သိရှိရပါတယ်။






K.I.A နှင့် တိုက်ပွဲများတွင် စစ်အစိုးရ စစ်တပ်မှ လေယာဉ် အသုံးပြုလာ

Saturday, October 22, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နယ်မြေဖြစ်တဲ့ ရှဒန်ပါနှင့် မဒီယာန် ဘက်များတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ကတည်းက စစ်အစိုးရ စစ်တပ်ရဲ့ လေယာဉ် (Helicopters) များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၊ ဒီနေ့မှာလည်း ဗန်းမော်ဘက်တွင် စစ်အစိုးရ စစ်တပ်ရဲ့ လေယာဉ်များ မိုးပေါ်တွင် ပျံသန်း၊ လုံခြုံရေး ယူနေကြောင်း မျက်မြင်များထံမှ စုံစမ်းသိရှိရပါတယ်။

မနေ့က တရုတ် အစိုးရမှ စစ်အစိုးရ စစ်တပ်များကို တရုတ်ပြည်နယ်စပ်ဘက်သို့ ကားအစီး (၃၀) ကျော်ဖြင့် ခေါ်သွင်းသွားခဲ့ကြောင်းကို K.I.A ဌာနချုပ်မှ အတည်ပြု ပြောကြား လာပါတယ်။

စစ်အစိုးရ စစ်တပ်မှ ဒီအတော အတွင်း K.I.A ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် စီစဉ်နေ သဖြင့် ကချင် တမျိုးသားလုံး ဆုတောင်း ကူကြဖို့ရန် အနိုးအညွတ် တောင်းဆို အပ်ပါတယ်။

အောက်တိုဘာ (၂၁) ရက်နေ့တွင် K.I.A မျိုးချစ်တပ်ဖွဲ့များနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဂါးရာယန် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီနေ့တွင် ဂါးရာယန်ကျေးရွာကို K.I.A မှ ၀င်ရောက်နေရာ ယူထားပြီးဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။


စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံးများပြားနေ

Saturday, October 22, 2011


ကချင်ပြည်နယ် K.I.A အစိုးရနှင့် စစ်အစိုးရ စစ်တပ်တို့အကြား စက်တင်ဘာ (၁၃) ရက်မှ အောက်တိုဘာလ (၂၁) ရက်နေ့ ထိဖြစ်ပွားခဲ့သော စစ်ပွဲများတွင် K.I.A ဗဟိုဌာန၏ စာရင်းအရ စစ်အစိုးရ စစ်သား (၇၀၀) ကျော်ကျဆုံး သွားပြီဖြစ်ကြောင်း နှင့် စာရင်းမ၀င် ကျဆုံးသူများနှင့် ဆိုလျှင် (၁၀၀၀) ကျော် ကျဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ဤသို့ စစ်အစိုးရ စစ်တပ်မှ စစ်သားများ အများအပြားကျဆုံး ရခြင်းမှာ စစ်အစိုးရ စစ်တပ်ဘက်မှ စစ်သားများ စစ်တိုက်ချင်စိတ် ကုန်ဆုံးသွားမှုနှင့် အသက်မပြည့်သေးသော ကလေးစစ်သား များပြားမှုတွေကြောင့်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော် ကားလမ်းမကြီး တွင်ရှိတဲ့ နမ်ဆန်ယာန် ကျေးရွာမှာ အခြေစိုက် နေရာယူထားတဲ့ စစ်အစိုးရ စစ်တပ်တို့ဟာ အကျအဆုံးများပြားမှုကြောင့် တပ်နောက်ဆုတ် သွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလို တပ်နောက်ဆုတ် သွားရခြင်းမှာ နောက်တန်းမှ စစ်ကူများနှင့် တင့်ကား၊ အမြောက်တပ်များ ကို သွားကြိုခြင်းသာဖြစ်တယ်လို့  K.I.A ဘက်မှ သုံးသပ် ပြောဆိုလာပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည် ၁၂ ဝန်းကျင်တွင် K.I.A လုံခြုံရေး တပ်ဖွဲ့နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဆမားသွားတဲ့လမ်း မှာရှိတဲ့ ဂျာထ ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ ကချင်ပြည်နယ် ဗန်းမော် အင်မောက်အထက်ဘက် ခဝမ်ဘန်ဘက်သို့ စစ်အစိုးရ စစ်တပ်အင်အား (၆၀၀) ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း မျက်မြင်ရွာသားများမှ စုံစမ်းသိရှိရပါတယ်။ ဗန်းမော် မြစ်ကြီးနား လမ်းမကြီး အင်မောက် ခါနန်မှာလည်း စစ်အစိုးရ စစ်တပ်အင်အား တစ်ခုရောက်ရှိနေပြီဖြစ်ပြီး၊ ညနေ ၇း၃၀ နာရီ ဝန်းကျင်တွင် စစ်အစိုးရ စစ်တပ် အမြောက်ကြီးတွေ တင်ဆောင်ထားတဲ့ ကားအစီး (၁၀) ကျော်နှင့် ခြေလျင်တပ် တစ်တပ်လည်း အင်မောက်ကျေးရွာမှ အထက်ဘက်သို့ စစ်အင်အား ဖြည့်တင်း ချီတက်သွားပြီ ဖြစ်ကြောင်း မျက်မြင် ရွာသားများမှ သိရှိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ တရုတ်ပြည်နယ်စပ်ဖြစ်တဲ့ ရွှေလီကနေပြီး တရုတ်စစ်ကားကြီး အစီး (၃၀) ကျော်ဟာ လွယ်ဂျယ် တရုတ်နယ်စပ်ဖြစ်တဲ့ ဂျန်ခေါင်ဘက်သို့ ချီတက်သွားကြောင်း၊ ယင်းစစ်ယာဉ်တန်း ပထမ ၂ .. ၃ စီး မှာသာ တရုတ်စစ်သားများ တင်ဆောင်ပြီး နောက်ကားများတွင် စစ်အစိုးရ စစ်တပ် စစ်သားများ အပြည့်ဖြင့် ချီတက်သွားကြောင်း၊ ယင်း စစ်အစိုးရ စစ်တပ်တို့က ဂျန်မိုင်စခန်းနှင့် မောရွှေ စခန်းများကို ပြန်လည် သိမ်းပိုက်ရန် ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများမှ သုံးသပ်ပါတယ်။ ဒီလို တရုတ်အစိုးရမှ တိုင်းရင်းသားများကိုတော့ မကူညီဘဲ စစ်အစိုးရ စစ်တပ်ကို အကူအညီပေးနေခြင်းဟာ မဖြစ်သင့်ကြောင်း၊ တိုင်းရင်းသားများကို မကူညီချင်နေပါစေ စစ်အစိုးရ စစ်တပ်ကို ကူညီနေခြင်းများကို ရပ်တန့် ဖို့လိုအပ်ပါတယ်။






စစ်အစိုးရ စစ်တပ်ရဲ့ ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှု

Friday, October 21, 2011



အောက်တိုဘာလ (၁၇) ရက်နေ့တွင် နမ့်ဆန်ယန် ကျေးရွာ၌ စစ်အစိုးရ စစ်တပ် ခမရ (၄၃၈) နှင့် ခလရ (၁၄၁) မှ စစ်သားများ ဖမ်းဆီး ပစ်ခတ်မှုကြောင့် ကျည်ဆံမှန်ပြီး ယခု လိုင်ဇာ ပြည်သူ့ဆေးရုံတွင် ဆေးကုခံနေသော ဦးဂျန်ခမ်းနော် (အသက် ၇၂)  အား တွေ့ရစဉ်။


အောက်တိုဘာ (၂၀) ရက်နေ့တွင် စစ်အစိုးရ စစ်သားများသည် နမ့်ဆန်ယန် ကျေးရွာမှ ခရစ်ယာန် ဆရာ ဦးဂမ်ထုန် အားပစ်သတ်လိုက်ကြောင်း သတင်းရရှိပါသည်။ ထို့အတူ အောက်တိုဘာ (၂၀) ရက်မှာပင် စစ်အစိုးရ စစ်သားများမှ နမ့်ဆန်ယန် ရွာသူရွာသားများဖြစ်သော မ လရှားခေါန် နှင့် သူငယ်ချင်းကို အဓမ္မ ပြုကျင့်ကာ သတ်ပစ်လိုက်ကြောင်း၊ မ လရှားခေါန် ၏ရုပ်အလောင်းကို ခုချိန်ထိမတွေ့ရသေးသော်လည်း သူမ သူငယ်ချင်း၏ ရုပ်အလောင်းကို နမ့်ဆန်ယန် မြို့လယ် ကားလမ်းမကြီးပေါ်တွင် လာရောက်ပစ်ထားကြောင်း စုံစမ်းသိရှိရပါတယ်။

 စစ်အစိုးရ စစ်တပ်တို့က ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခံ ခဲ့ရတဲ့ ဓမ္မဆရာ ဦးအောင်လီ



ကချင်ပြည်နယ် တိုင်းမှူး ပြောင်း

Thursday, October 20, 2011

Kachin Independence Army

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင် အား အောက်တိုဘာ (၁၈) ရက်နေ့တွင် မြောက်ပိုင်းတိုင်းရာထူးမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သတင်း ရရှိပါတယ်။ ဗိုလ်ချုပ်ဇေယျာအောင် ၏နေရာတွင် မပခ စစ်ဦးစီချုပ် G1 ဗိုလ်မှူးချုပ် ကိုကိုနိုင်အား ပြန်လည် အစားထိုး ခန့်အပ် လိုက်ြ်ပီးဖြစ်ကြောင်း သတင်းရရှီပါတယ်။ ဤသို့ တိုင်းမှူး ပြောင်းလှဲရခြင်းမှာ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော K.I.A နှင့် စစ်ပွဲများတွေင် စစ်အစိုးရ စစ်တပ်မှ အကျအရှုံး များပြား လာမှုကြောင့် ဖြစ်သည်ဟု သိရှိရပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျောက်စခန်း တွင် K.I.A မျိုးချစ်တပ်များနှင့် စစ်အစိုးရ စစ်တပ် တို့အ်ာကြားတိုက်ပွဲ ဖြစ်ပွားရာ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြား လာမှုကြောင့် တပ်ဆုပ်သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ K.I.A တပ်ရင်းများမှ စစ်အစိုးရ စစ်တပ်ပိုင် လက်နက်ကြီးငယ် မြောက်များစွားကို သိမ်းဆည်းရမိကြောင်းလည်း သတင်း ရရှိပါတယ်။


အောက်တိုဘာ (၁၈) ရက်နေ့တွင် စစ်အစိုးရ စစ်တပ်မှ စစ်သားများသည် လိုင်လမ်န် လီဆူးကျေးရွာမှ လီဆူးအမျိုးသား တစ်ဦးအား လက်နှစ်ဘက် စလုံးနှင့် ခြေနှစ်ဘက် စလုံးကို အဆစ်မှ ခုတ်ဖြတ်ပေးလိုက်ပြီး ကားစင်တင်ထားကြာင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ စစ်တိုက်တဲ့အခါမှာ စစ်သားအချင်းချင်း တိုက်ခိုက်ရမယ့် အစား စစ်အစိုးရ စစ်တပ်တို့ဟာ ရွာသားများကို ညှင်းပန်း နှိပ်စက်နေမှု ဟာ မဖြစ်သင့် တဲ့ အရာဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ရပ်ဟာ လူသားချင်း မစာနာမှုသာမကဘဲ သေလျှင် ငရဲ ထဲမှာ ဂျိုကပ်မဲ့ လုပ်ရပ်တွေဘဲ ဖြစ်ပါတယ်။


ကချင်ပြည်နယ် ၀ိုင်းမော် လိုင်ဇာ လမ်းပိုင်းရှိ ဂါးရာယန် ကျေးရွာတွင် K.I.A မျိုးချစ်တပ်နှင့် စစ်အစိုးရ စစ်တပ်တို့ တိုက်ခိုက်ရာ အောက်တိုဘာလ (၁၈) တွင် စစ်အစိုးရ စစ်တပ်ဘက်မှ အယောက် (၂၀) ကျော် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း သတင်းရရှိပါတယ်။

K.I.A တပ်ရင်း (၁၁) စစ်သင်္ဘော ပစ်

Wednesday, October 19, 2011

အောက်တိုဘာလ ၁၇ ရက်နေ့ K.I.A တပ်ရင်း (၁၁) တို့မှ စစ်အစိုးရ စစ်တပ်တို့ မလိခမြစ် မှ စစ်အင်အား (၁၀၀) ကျော်စီ တင်ဆောင်လာတဲ့ စစ်သင်္ဘော (၂) စီးကို ခြုံခို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်

မြန်မာ အစိုးရစစ်တပ် အကျအဆုံးများ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊  ကျောက်စခန်း (ခ၀မ်ဘန်) အနီးတွင် အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ပြီး ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်များနှင့် စစ်အစိုးရ စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိ ရပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲ ၀န်းကျင်တွင်  ထိခိုက် ကျဆုံးမှု များသဖြင့် စစ်အစိုးရ စစ်တပ်တို့က   နောက်ကြောင်း   ပြန်လှည့်သွားကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်မှ ၄၀ နှင့် ၅၀ ကြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများမှ စုံစမ်းသိရှိပါတယ်။

ကျောက်စခန်း ကျေးရွာသားများအား ထိခိုက်ဒဏ်ရာရ၊ သေဆုံးသည့် စစ်အစိုးရ တပ်ဖွဲများကို သယ်ယူ စေခဲ့ကြောင်း သိရပါတယ်။ K.I.A ဘက်မှာတော့ထိခိုက် ကျဆုံးမှု မရှိကြောင်း စုံစမ်းသိရှိရပါတယ်..

K.I.A တပ်ဖွဲ့များမှ  မြန်မာအစိုးရ စစ်တပ်၏ လက်နက်ကြီးငယ်၊ ခဲယမ်းမီး ကျောက် အများအပြား သိမ်းဆည်း ရမိကြောင်း စုံစမ်းသိရှိပါတယ်။

 အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြစ်ကြီးနား- လိုင်ဇာလမ်း၊ ၀ိုင်းမော်၊ ရွေညောင်ပင် – ဂါးရာယန် ကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ (၆) ရက်ကြာ ခဲ့ပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်အစိုးရ စစ်တပ်မှ အယောက် ၂၀ ကျော် ကျဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရပါတယ်။ K.I.A ဘက်မှာတော့ ထိခိုက် သေဆုံးမှု  မရှိကြောင်း သိရှိရပါတယ်။

 မြစ်ကြီးနား – လိုင်ဇာ ကားလမ်း၊ နမ်ဆန်ယန် ကျေးရွာတွင် စစ်အစိုးရ စစ်တပ် ခလရ (၁၂၁) မှကျေးရွာ ဘုန်းကြီးကျောင်းတွင် -၀င်ရောက် တပ်စွဲထားပြီး ဘုန်တော်ကြီးကျောင်း တ၀ိုက်တွင် ကတုတ်ကျင်းများ တူးထားကြောင်း သိရှိရပါတယ်။ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းတွင် ခမရ (၄၃၈) မှ ၀င်ရောက်နေရာ ယူထားပြီး ပတ်ပတ်လည်တွင် ကတုတ်ကျင်းများ တူးထားကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်က ကျေးရွာရှိ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး 

စစ်အစိုးရ စစ်တပ်များသည် နမ်ဆန်ယန် ကျေးရွာအတွင်းရှိ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းများကို ဖျက်ဆီး နေပြီး  ကျေးရွာရှိ  နေအိမ်များ ကိုလည်း အကြောင်းမဲ့  မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း စုံစမ်း သိရှိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၂၁) နှင့် စကခ (၂၁) လက်အောက်ခံ ခမရ (၄၃၈) စုစုပေါင်း အင်အား ၂၀၀ ၀န်းကျင်သည် နမ်ဆန်ယန် ကျေးရွာသို့ ၀င်ရောက်ပြီး ရွာသားများကို ဖမ်းဆီးနိုပ်စက် ခြိမ်းခြောက် မေးမြန်းကာ နေအိမ် ငါးလုံးကို မီးရှိုလိုက်ခြင်းဖြစ်သည်။ စစ်အစိုးရ စစ်တပ်မှ ဖမ်းဆီးခြင်း ခံရသည့် ကတ်သလစ် ဓမ္မဆရာ ဦးအောင်လီ နှင့် အခြားသူများသည်  အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာပြီး၊ ဓမ္မဆရာ ဦးအောင်လီမှာ ခမရ (၄၃၈) မှ ဒုတပ်ရင်းမှူး ဖြစ်သူ၏ နောက်ကျောမှ ကန်ကျောက်ခြင်း၊ နဖူးကို သေနတ်ဒင်နှင့် ပိတ်ရိုက်ခြင်း တို့ကို ခံထားရခြင်းကြောင့် မျက်နှာတွင် အမာရွတ်များ ထင်ကျန်နေကြောင်း တွေ့ရှိရပါတယ်။

စစ်အစိုးရစစ်တပ် ခလရ (၁၂၁) သည် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် နမ်ဆန်ယန် ကျေးရွာတွင်းရှိ ကျေးရွာသားများ၏ နေအိမ်များကို ချိုးဖျက် ၀င်ရောက်ကာ မိမိအလိုရှိသည့် ပစ္စည်းများကို ရွေးယူပြီး နေအိမ်များကို မီးရှို့လျက်ရှိကြောင်း သိရှိရပါတယ်။ စစ်အစိုးရစစ်တပ်မှ နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ ပြီးဖြစ်ကြောင်း မျက်မြင်များမှ သိရှိရပါတယ်။  နေအိမ်များကိုသာ မီးရှို့ပစ်သည်မဟုတ်ဘဲ ကတ်သလစ်  ဘုရားကျောင်း၊ နှစ်ခြင်းဘုရားကျောင်းရှိ တံခါးများ၊ ပြူတင်းပေါက်များ ကိုလည်း ဖျက်ဆီး နေကြောင်း နမ်ဆန်ယန်မှ စစ်ပြေးများက ဆိုသည်။ ကျေးရွာသားများ၏ စပါး၊ ဆန်၊ ကျွဲနွား အိမ်မွေး တိရိစ္ဆာန်များကိုလဲ စိတ်ကြိုက် ယူဆောင်နေကြကြောင်း ထွက်ပြေး လာသည့်   ကျေးရွာသားများက ပြောပြသည်။

ယင်းကဲ့သို့ စစ်အစိုးရ စစ်တပ်များ၏ စိတ်ကြိုက် ဖျက်ဆီးခြင်း ခံရသည့် နမ်ဆန်ယန် ရွာသည် မြစ်ကြီးနား – ဗန်းမော်လမ်းတွင် ရှိပြီး ခရီးသည်များ ခရီးတစ်ထောက် နားသည့်   နေရာလည်း ဖြစ်ကာ  စစ်အစိုးရ ထိန်းချုပ်မှု အောက်တွင် ရှိသည့်ကျေးရွာဖြစ်သည်။

စစ်အစိုးရ ဆက်သွယ်ရေးရုံး၊ စရဖ ရုံး၊ ရှေ့တန်းစခန်းအခြေစိုက် စခန်းဖွင့်လှစ် ထားသည့် ကျေးရွာကြီးလည်း ဖြစ်ပါတယ်။ K.I.A ဌာနချုပ်လိုင်ဇာနှင့် ၁၅ မိုင်သာဝေးသည့် နေရာတွင် ရှိသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင်လည်း နမ်ဆန်ယန် ကျေးရွာတ၀ိုက်တွင် တိုက်ပွဲများ ဖြစ်လျက် ရှိကြောင်း သိရှိရပါတယ်။ မြစ်ကြီးနား – လိုင်ဇာလမ်း ရွေညောင်ပင် ကျေးရွာ နှင့် ဂါးရာယန်ကျေးရွာအကြား ရှုခင်းသာ နေရာတွင် K.I.A တပ်ဖွဲ့နှင့် စစ်အစိုးရ စစ်တပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ထိ ဆိုလျင် ငါးရက်ကြာခဲ့ပြီ ဖြစ်ပါတယ်။

စစ်အစိုးရ စစ်တပ်များသည် စစ်ရှုံးလာလျှင် အနီးအနားရှိ ကျေးရွာများကို ညှင်းပန်း နှိပ်စက်ကာ ရွာမီးရှို့ခြင်းများကို အမြဲပြုလုပ်နေကျဖြစ်ပါတယ်။

စစ်အစိုးရအနေနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကို ဖော်ဆောင်နေသည်ဟု အကျယ်တ၀င့် ကြွေးကြော်နေသော်လည်း၊ လက်တွေ့မှာမူ လူ့အခွင့်အရေးများကို ချိုးဖောက်မူများ၊ လူသားမဆန်စွာ ပြုမှုမူများကို ယခင့် ယခင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြုလုပ်နေကျအတိုင်း တွင်တွင်ကျယ်ကျယ် ပြုလုပ် နေဆဲဖြစ်ပါတယ်။




ကချင်ပြည်နယ် တိုက်ပွဲများ

Monday, October 17, 2011

K.I.A အုပ်ချုပ်နယ်မြေဖြစ်တဲ့ အောင်ဂျာကျေးရွာအနီး လိုင်လွမ် လီဆူးကျေးရွာက ကျေးရွာသူကြီး ကို စစ်အစိုးရ စစ်တပ်မှ ဖမ်းဆီးညှင်းပန်း နှိပ်စက်နေကြောင်း စုံစမ်းသိရှိရပါတယ်။
တဆက်တည်းမှာဘဲ အောက်တိုဘာလ ၁၆ ရက်နေ့ နမ်ဆန်ယာန် ကျေးရွာမှ ရွာသားတစ်ဦးကိုလည်း စစ်အစိုးရ စစ်တပ်တို့မှ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခဲ့ကြောင်း သိရှိရပါတယ်။


အောက်တိုဘာလ ၁၆ ရက်နေ့မှာ K.I.A တပ်နှင့် စစ်အစိုးရတပ်တို့အကြား ကချင်ပြည်နယ် နမ်ဆန်ယာန် အင်ဘူကောင်(ကုန်း) မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲ စတင်ချိန်တွင် မိုးရွာခဲ့၍ စစ်အစိုးရ စစ်တပ်တို့မှာ အကုန်လုံးစိုရွှဲခဲ့ရာ စစ်ဝတ်စုံကိုချွတ်ပြီး ရွာသားများရဲ့ အဝတ်အစားများကို ယူဝတ်ကာ စစ်တိုက်ခဲ့ကြောင်း၊ စစ်အစိုးရ စစ်တပ်တို့မှာ ယခုချိန်တွင် စာသင်ကျောင်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများတွင် နေရာယူ စခန်းချထားကြောင်း သိရှိရပါတယ်။ 

အောက်တိုဘာလ ၁၆ ရက်နေ့မှာ စစ်အစိုးရ စစ်တပ်တို့မှ K.I.A ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန်အတွက် ဆိုပြီး မြစ်ကြီးနားမြို့မှ စစ်အင်အားများကို တိုးချဲ့ စစ်ကြောင်းချီတက်လာကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။

 အောက်တိုဘာလ ၁၆ ရက်နေ့မှာ K.I.A တပ်ရင်းနှင့် ပြည်သူ့စစ် (MHH) တို့ပူးပေါင်းပြီး ဘန်ဒေါင်မှာ စစ်အစိုးရ စစ်တပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ (၈၉) ဦး ကျဆုံးခဲ့ကြောင်း K.I.A ရှေ့တန်း သတင်းများ အရ သိရှိရပါတယ်။
 ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A အုပ်ချုပ်နယ်မြေဖြစ်တဲ့ အောင်ဂျာ ကျေးရွာမှာ အောက်တိုဘာလ (၁၅) ရက်နေ့က K.I.A တပ်ရင်း (၁၈) နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်ဘက်မှ (၂၀၀) ကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ကျဆုံး သွားသော စစ်အစိုးရ စစ်သားများတွင် အသက်ငယ်သော စစ်သားများ ပိုမိုများပြားကြောင်း၊ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့က ဘာမှ မသိသေးတဲ့ ကလေး စစ်သားများကို အသုံးပြုပြီး K.I.A ကို ထိုးစစ်ဆင်နေကြောင်း ဒီလုပ်ရပ်တွေဟာ လူ့အခွင့်အရေးများကို ချိုးဖောက်နေကြောင်း မြင်တွေ့နေရပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A အမှတ်စဉ် (၄) ဗိုလ်လောင်း ကျောင်းဆင်း ဒုဗိုလ်ကြီး ဆိုင်းဒူအောင်နှင့် စစ်သည်တော် (၂) ဦးတို့ဟာ အောက်တိုဘာလ ၁၄ ရက်မှာ ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ကျဆုံးသွားသော K.I.A မျိုးချစ် စစ်သည်တော်များအတွက် သတိရ ဆုတောင်းပေးကြ ရန်အတွက် ကချင် တမျိုးသားလုံးမှာ တာဝန်ရှိနေပါတယ်။

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A ဖားကန့် အခြေစိုက် တပ်ရင်း (၆) တပ်ရင်းမှူး နေရာတွင် ဒုဗိုလ်မှူးကြီး ဇော်ဒွဲအား K.I.O/K.I.A ဌာနချုပ်မှ တာဝန်ပေး လွှဲပြောင်းခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
ယခုချိန်တွင် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား နေရာ အနံ့များတွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေပါတယ်။

K.I.A နှင့် စစ်အစိုးရ တိုက်ပွဲများ


Sunday,October 16, 2011
ကချင်လွတ်မြောက်ရေး တပ်မတော် K.I.Aတပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တို့မှ အောက်တိုဘာလ ၁၅ ရက် လွယ်ဂျယ်ကျေးရွာနှင့် အင်ဘာပါကျေးရွာ ကြားမှာ အခြေစိုက် စခန်းချထားတဲ့ စစ်အစိုးရ စစ်တပ်ခမရ (၃၂၁) ရှေ့တန်း စခန်းဖြစ်တဲ့ မောရွှေ စစ်စခန်းကို K.I.A တပ်ရင်းတို့မှသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
K.I.A တပ်ရင်း တို့မှ စစ်အစိုးရစခန်းဖြစ်တဲ့ဂျန်မိုင် စခန်းကိုသိမ်းပိုက်လိုက်တဲ့ အတွက် စစ်အစိုးရ စစ်တပ်တို့မှဒေါသထွက်ပေါက်ကွဲကာ ယခုချန်တွင် အင်မောက်-လွယ်ဂျေသွားရာလမ်း တောင်ခြေရှိကျောက်စခန်းကျေးရွမှာ စစ်အင်အား အမြောက်အများ တိုးချဲ့ထားပြီဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်။
K.I.A တပ်ရင်း (၁၁) တို့နှင့်စစ်အစိုးရ စစ်တပ်တို့အကြား အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖရောကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်မှ (၁၀) ဦးကျဆုံးသွားကြောင်း၊ K.I.A ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း K.I.Aရှေ့တန်းသတင်းများ အရ သိရှိရပါတယ်။
စစ်အစိုးရ စစ်တပ်မှ K.I.Aစစ်ဌာနချုပ်လိုင်ဇာကို သိမ်းပိုက်ရန်အတွက် ယခုချိန်တွင်နမ်ဆန်ချောင်းကို ဖြတ်ကျော်ပြီး စစ်အင်အားများ တိုးချဲ့လာပြီဖြစ်ကြောင်း၊K.I.A/K.I.O ဘက်မှလည်း ရှေ့တန်း နယ်မြေများသို့ စစ်အင်အား တိုးချဲ့ဖြန့်ချိထားပြီဖြစ်ကြောင်း၊ မကြာခင်မှ နမ်ဆန်ချောင်း တလျှောက်တွင်တိုက်ပွဲကြီးများ ဖြစ်ပွားလာမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင်စစ်အစိုးရ စစ်တပ်မှ နမ်ဆန်ယာန်ကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် (၃)ကြိမ်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ရွာသားများမှ စုံစမ်းသိရှိရပါတယ်။
K.I.A တပ်မဟာ (၄) လက်အောက်ခံတပ်ရင်း (၂) နယ်မြေဖြစ်တဲ့ ဘလောင်ကျေးရွာမှာ အောက်တိုဘာလ ၁၄ ရက်နေ့တွင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရ စစ်တပ်မှ (၃၀) ကျဆုံးသွားကြောင်းစုံစမ်းသိရှိရပါတယ်။ တဆက်တည်းမှာဘဲ လွယ်လဲန်ဘက်မှာလည်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ သေးကြောင်း စုံစမ်း သိရှိ ရပါတယ်။


ကချင်ပြည်နယ် ရွှေညောင်ပင် တိုက်ပွဲ

Friday, October 14, 2011

အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်းတို့မှ ကချင်ပြည်နယ် လိုင်ဇာ သွားရာလမ်းရှိ ရွှေညောင်ပင်နှင့် ခဇူးကျေးရွာသို့ စစ်အစိုးရ စစ်တပ်မှ စစ်အင်အား (၂၀၀) ကျော် စစ်ကြောင်း ချီတက်လာရာ K.I.A တပ်ရင်းတို့မှ တားဆီး တိုက်ခိုက် နေကြောင်း မျက်မြင်များမှ စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲ အခြေအနေများကို ဆက်လက် စုံစမ်း နေပါတယ်။

တဆက်တည်းမှာဘဲ ဗန်းမော် - လွယ်ဂျယ် လမ်း ကိုင်ထိတ် ကျေးရွာမှ K.I.A တပ်တို့နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွား ရာ စစ်အစိုးရ စစ်တပ်ဘက်မှ (၁၄) ဦး ကျဆုံးသွားပြီဖြစ်ကြောင်း စုံစမ်း သိရှိ ရပါတယ်။ တိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေလို့ အခြေအနေအရပ်ရပ်တို့ကို ဆက်လက် စုံစမ်း၍ ဖော်ပြသွားပါမယ်…။

ကချင်ပြည်နယ် တိုက်ပွဲ

Friday, October 14, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၁း ၀၀ နာရီကစတင်ကာ ညနေ ၃း၀၀ နာရီ ကျော်အထိ ကချင် ပြည်နယ် ဂါရာယာန် ကျေးရွာနှင့် မြစ်ကြီးနားမြို့အနီရှိ ရှဒေါင် ကျေးရွာများမှာ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း စုံစမ်း သိရှိ ရ ပါတယ်။ ယခုလို တိုက်ပွဲဖြစပ်ပွား လာမှုကြောင့် လမ်းသွားလမ်းလာ အားလုံးကို ပိတ်ထားကြောင်း၊ စစ်အစိုးရ စစ်တပ်တို့မှ မြစ်ကြီးနား အနီးတဝိုက်များတွင် ပြည်သူ ပြည်သားများကို ပေါ်တာ ဆွဲခေါ် နေကြောင်း စုံစမ်း သိရှိ ရပါတယ်။ မြစ်ကြီးနားမြို့ မှာလည်း အိမ်တိုင်း ပေါ်တာ တစ်အိမ် တစ်ယောက် နှုန်းဖြင့် လိုက်လံ ဖမ်းဆီး ခေါ်ဆောင် နေကြောင်း၊ ဒီ လုပ်ရပ် တွေကြောင့် ပြည်သူများမှာ ကြောက်လန့် စိုးရိမ် နေကြကြောင်း သိရှိ ရပါတယ်။

တဆက်တည်းမှာဘဲ ကချင်ပြည်နယ် နမ်ဆန်ယာန် အနီးတဝိုက်မှာ အောက်တိုဘာလ ၁၃ ရက်နေ့ K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွား ခဲ့သေးကြောင်း စုံစမ်း သိရှိရပါတယ်။

 ပြန်လွတ်လာတဲ့ ဇာဂနာ ဘာတွေပြောသွားပြီလဲ (အသံ) click



K.I.A ဌာနချုပ် လိုင်ဇာသို့ စစ်အစိုးရ စစ်အင်အားတိုးချဲ့

Thursday, October 13, 2011

ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A ဌာနချုပ်လိုင်ဇာသို့ စစ်အစိုးရ စစ်တပ်တို့မှ စစ်အင်အား တိုးချဲ့ စစ်ကြောင်းများချီတက်လာနေကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.A ဘက်မှလည်း ဌာနချုပ် အနီးရှိ နမ်ဆန်ယာန် ကျေးရွာ အနီးတဝိုက်များတွင် စစ်အင်အားများ အထူးစီမံ တိုးချနေပြီ ဖြစ်ကြောင်း K.I.A သတင်းများအရ သိရှိရပါတယ်။ ယခုချိန်မှာ နှစ်ဖက်စလုံးမှ စစ်အင်အားများ တိုးချဲ့နေပြီဖြစ်ရာ များမကြာမီ အတွင်းမှာ တိုက်ပွဲများ ဆက်တိုက် ပြင်းပြင်း ထန်ထန် ဖြစ်ပွား လာနိုင်ကြောင်း ဒေသခံများမှ ပြောကြား လာပါတယ်။

တဆက်တည်းမှာဘဲ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်သားများမှ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် ရှမ်းပြည်နယ် အရှေ့တောင် နမ်ခမ်းဇုံနယ် ပန်ဆဲကျေးရွာရှိ ပန်ဆဲပြည်သူ့စစ် စခန်းကို ဝင်ရောက်စီးနှင်း တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှုတွင် ပန်ဆဲ ပြည်သူ့စစ် (၅) ဦး ထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်မှ ရွာသားများကို လူသားဒိုင်း အဖြစ် အသုံးချ

Thursday, October 13, 2011

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီခွဲဝန်း ကျင်တွင် စကခ (၁၆) လက်အောက်ခံ ခမရ (၅၂၂) သည် နောင်ဟယ်ရွာ၊ မရစ်ရွာ များထဲသို့ ၀င်ရောက်ကာ  ရွာသားများပိုင် တရုတ် လက်ကိုင်ဖုန်း အားလုံးကို သိမ်းဆည်းလိုက်ကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်သည် ကျေးရွာနေ ပြည်သူများဖြစ်သော မ မာပွတ ( အသက်လေးဆယ် ကလေး ၇ ယောက်မိခင် ) မ ထုဆိုင်း ( အသက် ၃၀ ကလေး ၄ ယောက်မိခင်) မ လွမ်ချမ် ( အသက် ၄၀ ကလေး ၉ ယောက်မိခင်) မ ဘောင်ချမ်ဒဲ ( ကလေး ၆ ယောက်မိခင် ) တို့ အပါအ၀င် အမျိုးသမိး (၇) ဦးကို ကောင်းခွေ ကျေးရွာသို့ ဖမ်းဆီးသွားကြောင်း ယင်းရွာသားများမှ စုံစမ်းသိရှိရပါတယ်။

မြန်မာနိုင်ငံတော် သမ္မတများ

ကျေးရွာထဲမှ မြင်းလေးကောင်ကိုလည်း ဖမ်းဆီးသွားပြီး ၀န်တင်မြင်းအဖြစ် အသုံးပြုခဲ့ပြီး ဖမ်းဆီးထားသည့် အမျိုး သမီးများကိုလည်း အထမ်းသမားများ အဖြစ် အသုံးပြုခိုင်းစေခဲ့ ကြောင်း သိရပါတယ်။ ယင်းကဲ့သို့ ကျေးရွာနေ ပြည်သူများကို အဓ္ဓမ ခိုင်းစေခြင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ အတင်း အဓ္ဓမ ခေါ်ဆောင် သွားပြီး လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနေ တို့ကို ဆက်တိုက် ပြုလုပ်နေကြောင်း မျက်မြင်များမှ သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ် ခမရ  (၅၂၂) နှင့် K.I.A တပ်ရင်း ၃၆ တို့ ရှမ်းပြည်မြောက်ပိုင်း တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။

ဂျန်မိုင်ကောင် (ကုန်း) တိုက်ပွဲ

Thursday, October 13, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား အောက်တိုဘာလ ၁၂ ရက်နေ့ မိုင်ဂျာယာန် အနီးရှိ ဂျန်မိုက်ကောင် (ကုန်း) မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင် K.I.A ဘက်မှ (၂) ဦး ကျဆုံး သွားပြီး (၈) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။ စစ်အစိုးရ ဘက်မှာလည်း (၁၀) ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ခဲ့ကြောင်း K.I.A ရှေ့တန်း သတင်းများအရ သိရှိ ရပါတယ်။ ယခု ချိန်မှာတော့ စစ်အစိုးရ အခြေစိုက်တဲ့ ဂျန်မိုင်ကောင် (ကုန်း) စခန်းကို K.I.A တို့မှ သိမ်းပိုက် လိုက်နိုင်ပြီ ဖြစ်ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။ ယခုတိုက်ပွဲတွေဟာ K.I.A တို့မှ ပြန်လည် စခန်းသိမ်း တိုက်စစ် ဆင်နေခြင်းဖြစ်ပါတယ်။

တဆက်တည်းမှာဘဲ K.I.A တပ်ရင်း (၂၃) နယ်မြေဖြစ်တဲ့ နမ်ဆန်ခ (ချောင်း) ကျိန်းနမ့်ဇွပ်မှာ K.I.A တပ်ရင်းတွေနှင့် ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းပြီး စစ်အစိုးရ စစ်တပ်ကို အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှ ညနေပိုင်း အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲ အခြေ အနေများကို ဆက်လက်စုံစမ်းဆဲပါ…။

စစ်အစိုးရ စခန်း အတိုက်ခံရ

Wednesday, October 12, 2011

အောက်တိုဘာလ ၁၂ ရက်နေ့၊ ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A မိုင်ဂျာယာန် တပ်မဟာ လက်အောက်ခံ တပ်ရင်းတို့နှင့် K.I.A ပြည်သူ့စစ် (MHH) တို့ ပူးပေါင်းကာ မိုင်ဂျာယာန်အနီးရှိ ဂျန်မိုင်ကောင် (ကုန်း) မှာ အခြေစိုက် စခန်းချထားတဲ့ စစ်အစိုးရ စစ်တပ်ကို ဝင်ရောက် စီးနှင်းခဲ့ကြောင်း၊ ယင်းဝင်ရောက် စီးနှင်းရာတွင် စစ်တပ်ဘက်မှ လက်နက်များကို သိမ်းဆီးရရှိကြောင်း၊ စုံစမ်းသိရှိရပါတယ်။ ယင်းစခန်းမှ စစ်အစိုးရ စစ်သားများမှာ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရှိ ရပါတယ်။

မန်ဂျယ်တိုက်ပွဲ

Wednesday, October 12, 2011

ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A တပ်ရင်း (၂၇) နှင့် စစ်အစိုးရ စစ်တပ် ခလရ (၄၇) တို့ အကြား အောက်တိုဘာလ ၁၁ ရက်နေ့ မန်ဂျယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးသွားကြောင်း၊ စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲအခြအနေများကို ဆက်လက် စုံစမ်းနေပါတယ်။

စစ်အစိုးရ စစ်တပ် အချင်းချင်း ပစ်

အောက်တိုဘာလ ၉ ရက် ၂၀၁၁ K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၈) နယ်မြေဖြစ်တဲ့ မန်ဂျတ်နှင့် ဘန်လုန်တောင် အနီးတဝိုက်မှာ K.I.A တပ်ရင်း (၃၈) နှင့် စစ်အစိုးရ စစ်တပ် MOC-16 လက်အောက်ခံ ဆင်လီမုတ်လွမ်အခြေစိုက် LIB-240, ကွတ်ခိုင်အခြေစိုက် LIB-241, MOC-1 လက်အောက်ခံ ကျောက်မဲ အခြေစိုက် LIR -502 တို့ အကြား အောက်တိုဘာလ ၉ ရက် နေ့လည် ၁၂း၃၀ နာရီ ကနေ ၁း၃၀ ကျော်အထိ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ယင်းတိုက်ပွဲဖြစ်ပွားရာ စစ်အစိုးရ စစ်တပ်တို့ကို နောက်တန်းကနေ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ရာ ယင်းနောက်တန်း ပစ်ကူ လက်နက်ကြီးများမှာ K.I.A ဘက်သို့ မရောက်ဘဲ စစ်တပ်ရဲ့ ရှေ့တန်း နယ်မြေ များတွင်သာ ကျရောက်ခဲ့ရာ စစ်အစိုးရ ရှေ့တန်း စစ်သည်များမှာ ထိခိုက်မှု များပြား ခဲ့ကြောင်း၊ ရှေ့တန်းမှ နောက်တန်းသို့ ပြန်တိုက်ခိုက် ခဲ့ကြောင်း၊ အချင်းချင်း တိုက်ခိုက်ခြင်းဖြစ်ရာ အထိ အခိုက်များ ပိုမို များပြား ခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်တို့မှ မန်ဂျတ်၊ မန်ကန်၊ မုန်ဂို၊ ဘန်လော၊ ဘန်လွမ်၊ လွယ်ကန်၊ ဆဝန်၊ ဧဒင်၊ ပန်ဟွတ်၊ ပန်ဆတ် စသည့် ကျေးရွာများမှ ရွာသား (၆၀) ကျော်ကိုလည်း ဖမ်းဆီးပြီး ရှေ့တန်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းကျေးရွာများမှ အိမ်မွေးတရိစ္ဆာန်များ၊ ဈေးဆိုင်မှ ပစ္စည်းများ ကိုလည်း လုယူသုံးစွဲနေကြကြောင်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ ရှမ်းပြည်အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၇) နှင့် စစ်အစိုးရ စစ်တပ်အင်အား (၂၀၀) ကျော်ဟာ အောက်တိုဘာလ ၉ ရက် နေ့လည်ဝန်းကျင်ကစတင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အောက်တိုဘာလာ ၁၀ ရက် မနက် ၈ နာရီကျော်ထိ မုန်ဂျီကျေးရွာ အနီး မန်ဒိတ်နှင့် မန်ပြီကျေးရွာ အကြားက ဂျမာတောင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ယင်းတိုက်ပွဲတွင် စစ်အစိုးရ စစ်တပ်ဘက်မှ K.I.A ဝတ်စုံကိုဝတ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိ ရပါတယ်။  ယင်းတိုက်ပွဲဖြစ်ပွားနေစဉ်မှာဘဲ K.I.A ဘက်မှ နောက်ဆုတ်သွားခဲ့ပြီးနောက်မှာ K.I.A ဝတ်စုံကို ဝတ်ပြီး ရှေ့တန်းမှ တိုက်ခိုက်နေသော စစ်အစိုးရ စစ်သားများနှင့် စစ်တပ်တို့ အချင်းချင်း ပြန်လည် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှု များပြားခဲ့ပြီး ယင်းစစ်သည်များကို ရွာသားများကို အတင်းခေါ်ပြီး သယ်ယူ ပို့ဆောင်သွားကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်ရဲ့ ၁၀၅ မမ လက်နက်ကြီး ထိမှန်ပြီး ပလောင်တိုင်းရင်းသူ တစ်ဦး သေဆုံး သွားခဲ့ကြောင်း၊ ပလောင်တိုင်းရင်းသား တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ယခုချိန်တွင် ဆေးကုသ ခံယူနေကြောင်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ် (၄၀) ကျော်ထိခိုက်

Tuesday, October 11, 2011

အောက်တိုဘာလ ၉ ရက် မနေ့က ကချင်ပြည်နယ် နမ်လင်းပါမှာ ဖြစ်ပွားခဲ့တဲ့ K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲမှာ စစ်အစိုးရ စစ်တပ်ဘက်မှ (၄၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်း ထိခိုက်ခဲ့သော စစ်သားများရဲ့ ဇနီများမှာ ကုသနေသော ဆေးရုံတွင် လာရောက်ဝမ်းနည်း ငိုကြွေး နေကြကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ စစ်အစိုးရ စစ်တပ်တို့မှ လွန်ခဲ့သော အောက်တိုဘာလ ၇ ရက် နေ့တွင် ကချင်ပြည်နယ် ဘန်ခရောင်ကျေးရွာမှာ တောင်ယာလုပ်ကိုင်စားသောက်နေတဲ့ ဦး မရန်တူး ကို သူ့ရဲ့ တောင်ယာမှာဘဲ စစ်အစိုးရ စစ်တပ်တို့မှ အပြစ်မဲ့ ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်တပ်မှ ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီး

 Kachin IDPs students

အောက်တိုဘာလ ၉ ရက် နေ့ ကချင်ပြည်နယ် နမ်ဆန်ယာန် အနီးရှိ ရှဒန်ပါ နမ်ငေါင်ကျေးရွာမှ ဆောက်လုပ်ဆဲ စာသင်ကျောင်း တစ်ကျောင်းကို စစ်အစိုးရ စစ်တပ်မှ အပြစ်မဲ့ မီးရှို့ ဖျက်ဆီး လိုက်ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ် MOC-3 လက်အောက်ခံမှ စစ်သည် (၈၀) ကျော်တို့ဟာ ရှဒန်ပါ နမ်ငေါင်ကျေးရွာတွင် ဝင်ရောက်လာပြီး ယင်းကျေးရွာမှ ကလေးသူငယ်များ ပညာသင်ဖို့ ဆောက်လုပ်ဆဲ ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ပါတယ်။

တဆက်တည်းမှာဘဲ ယင်းကျေးရွာမှာ အလုပ်လုပ်ကိုင်စားသောက်နေတဲ့ တရုတ်လူမျိုး ၆ ဦးကိုလည် ဖမ်းဆီးပြီး စုံစမ်းမေးမြန်း ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း၊ ယင်းနမ်ငေါင် ရွာသားများရဲ့ ဆန်း တင်း (၇၀) ၊ စပါး တင်း (၉၀)၊ အိမ်မွေးဝက် (၈) ကောင်၊ မြန်မာငွေ ကျပ် (၄) သိန်း၊ တရုတ်ငွေ ယွန် (၂) သောင်းကျော်၊ တရုတ်ဖုန်း (၅) လုံး တို့ကို စစ်အစိုးရ စစ်တပ်တို့မှ သိမ်းဆီး သုံးစွဲနေကြောင်း ရွာနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။

Kachin Internally Displace People (IDPs) Photos

Monday, October 10, 2011


ဆက်လက်ကြည့်ရှုရန်...