ကင်မရာ ။ ။ ဇော်ရှန် (wunpawng ) ၊ ဆလိုင်းပီးပီး
တင်ဆက် ။ ။ သဲသဲ
မူပိုင် ။ ။ mizzima tv







Aid agencies in northern Myanmar say tens of thousands of ethnic Kachin people are facing food shortages and health problems.




November 21, 2011
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နောင်းပုံကျေးရွာအနီး အခြေစိုက် ခလရ ၃၇ တပ်ဧရိယာအနီးရှိ လူနေအိမ်နဲ့ အဆောက်အဦတွေကို နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး ရွှေ့ပြောင်းဖို့ စစ်တပ်က အမိန့်ထုတ်ထားတယ်လို့ မြစ်ကြီးနား ဒေသခံတဦးက ပြောပါတယ်။
“၃၇ နဲ့ ကပ်လျက်ရှိနေတဲ့ နေအိမ်၊ ကြက်ခြံတွေ၊ သစ်စက်တွေအားလုံးကို နိုဝင်ဘာ ၃ဝ ရက် နောက်ဆုံးထားပြီး အားလုံး ရွှေ့ပြောင်းရမယ်လို့ ခလရ ၃၇ က အမိန့် ထုတ်ပြန်တယ်။ အဲဒီဝန်းကျင်မှာ ကိုက် ၅ဝဝ အတွင်းကို တဲတတဲမှ ရှိတာ မမြင်ချင်ဘူးတဲ့။ လယ်သမားတွေက လယ်လာစိုက်လို့ရတယ်၊ လယ်လာသိမ်းလို့ရတယ်။ ဒါပေမယ့် ညအိပ် တာမျိုး၊ နေ့လယ် နားနေဖို့အတွက် ဘာအဆောက်အဦမှ မမြင်ချင်ဘူးလို့ ပြောတယ်။”
၁၉၉၅ ခုနှစ်လောက်မှစတင်၍ အဲဒီတပ်ဧရိယာအနီးနားမှာ မြေစာရင်းဌာနက တရားဝင် ကွက်သစ်တိုးချဲ့ခဲ့ပြီးနောက်ပိုင်း မြစ်ကြီးနားနဲ့ အနီးနားဒေသခံတွေက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်စက်တွေ လာရောက်လုပ်ကိုင် အခြေချနေကြတာလည်း ဖြစ်ပါတယ်။
အခြေကျနေပြီးဖြစ်တဲ့ အဲဒီနေရာကနေ မဖယ်ပေးချင်ပေမယ့် တပ်အမိန့်အရ ဖယ်ပေးတော့မယ်လို့ ဒေသခံက ပြောပါတယ်။
“နန်းကွေ့ကျေးရွာထဲကို ရွှေ့ပေါ့။ ဒါမှမဟုတ် နောင်းပုံကျေးရွာထဲကို ရွှေ့ပေါ့။ တပ်ဘေးမှာ မနေနဲ့ပေါ့။ သူတို့ကလည်း ခြံဝင်းလေးတွေနဲ့ နေတယ်ဆိုတော့ အခုဖယ်ပေးရမယ်ဆိုတော့ လျော်ကြေးက တပြားမှ မရဘူးလေ။ ကိုယ်နေတဲ့အိမ်ကို ဖျက်မယ်ဆိုလည်း ဖျက်ခ ကုန်ရဦးမယ်၊ နန်းကွေ့ရွာထဲမှာ သွားနေရင်လည်း ဆွေမျိုးတွေခြံထဲမှာ အိမ်သွားဆောက်နေရင်လည်း ဆောက်ခ ပြန်ကုန်မယ်လေ။ ရွှေ့ပြောင်းခ ကုန်မယ်လေ။ သူတို့က ရွှေ့ဖို့ အကုန်လုံး ဆုံးဖြတ်ကြပြီလေ။ တပ်အမိန့်ဆိုတော့လည်း ကြောက်တာကိုး။”
အခုလဆန်းပိုင်းက ခလရ ၃၇ က စစ်သည်နှစ်ဦး တပ်ဧရိယာအနီးရှိ လယ်ကွင်းတွေအတွင်း ငါးသွားရှာရမှ ပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း အခုလို စစ်တပ်နားက နေအိမ်အဆောက်အဦတွေ ဖယ်ပေးဖို့ အမိန့်ထုတ်လာတာလို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။
From - DVB
ဒေါ်စု ရွေးကောက်ပွဲ ဝင်မယ့် အပေါ် K.I.O ရဲ့ တုံ့ပြန်ချက် Click
Monday, November 21, 2011
ဆောင်းပါးရှင် - နတ်မောက်ခင်
21. 11. 2011
ဇော်ရှန်(wunpawng)
20/11/2011 ညနေပိုင်း 2:30 pm ကေအိုင်အေ ထိန်းချုပ်သည့် မိုင်ဂျာယာန် မှာ အဆိပ်မိုးများ ရွာလာတယ်လို့ ဒေသခံများက ပြောပါတယ် ။ ဒီသတင်းနှင့်ပါတ်သက်ပြီး wunpawng news မှ ကေအိုင်အေ ဌာန သို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း ဆက်သွယ်မှု မရသေးသည့် အတွက် သတင်း အပြည့်အစုံကို ဆက်လက်ဆက်သွယ်နေပါတယ် ။
WPNG
Monday, November 21, 2011
Sunday, November 20, 2011
နိုဝင်ဘာ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်၊ နောင်စန့်ကုန်း ကျေးရွာနေ ကချင်မိသားစုတစု အပါအဝင် ကျေးရွာသား ၉ ဦးကို နယ်မြေခံစစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့အင်အား ၃ဝ လောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီခေါ်ဆောင်သွားတဲ့အထဲက ပလောင်အမျိုးသားဖြစ်တဲ့ တရားဟောဆရာ ဦးမောင်သန်း၊ မိုင်လုံနဲ့ ကချင်မိသားစုဝင်တွေဖြစ်တဲ့ ဒေါ်မာဂျီနဲ့ ယော်ထန်းဆိုသူကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ယော်ဇုန်း အသက် ၄ဝ၊ ယော်တိန် ၃၅ နှစ်၊ ယော်ဆောင်း ၃၂ နှစ်၊ အောင်မိုင်၊ ၃၅ နှစ်၊ မာဒွတ် ၃ဝ နှစ်တို့ ၅ ဦးကိုတော့ နတ်စင်ကုန်း စစ်တပ်စခန်းအတွင်း အပြင်းအထန် ရိုက်နှက် စစ်ဆေးတာတွေ ခံနေရတယ်လို့ ပြန်လွတ်လာသူ တရားဟောဆရာ ဦးမောင်သန်းက ပြောပါတယ်။
“ဟိုမှာရောက်တဲ့ခါကျတော့ ငါးယောက်လုံးက အရိုက်ခံရတယ်ဗျ။ နှစ်ယောက်က သတိတောင် လစ်သွားတယ် ပြောတယ်။ အဲဒီ ၅ ဦး ရှိသေးတယ်၊ အားလုံး အိမ်ထောင်သည်တွေပါ။ ညီအကိုတွေ၊ ယောက်ဖတွေ၊ ဒီကောင်တွေက တမိသားစုပါဘဲဗျ။ အရိုက်ခံရတဲ့ သူ့တို့အမေကြီးက မုဆိုးမဗျ။ နောက်တယောက် ယော်ထန်း၊ ပြန်လာပြီ။ ယော်ထန်လည်း ဒေါ်မာဂျီနဲ့ ဆိုင်တယ်လေ။ သူ့သားအငယ်ဆုံး။ ယော်ထန်ကတော့ အရိုက်မခံရဘူး။ မိုင်းလုံလည်း အရိုက်မခံရဘူး။ သုံးယောက် လွတ်ခဲ့တယ် ဒီမနက်။ ဒီအဖွားကြီးပဲ အရိုက်ခံရတယ် မနေ့က။ အသက်က ၆ဝ ကျော်ရှိပြီ။ ပါးမှာ နည်းနည်း ယောင်နေတယ်ဗျ။”
အသက် ၇ဝ ကျော်ရှိပြီဖြစ်တဲ့ တရားဟောဆရာ ဦးမောင်သန်းကိုတော့ စစ်သားတွေက ကြိုးတုတ်တာ၊ ရိုက်နှက်တာတွေ မလုပ်ဘဲ အဲဒီ ကချင်မိသားစုဝင်တွေ အကြောင်းကိုသာ မေးမြန်းခဲ့ပြီး အဲဒီနေ့ ညနေပိုင်းကပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
“ကျနော့်မိသားစု သားသမီးတွေကိုပဲ မေးတယ်ဗျ။ တခြားကိစ္စ ဟိုကောင်တွေကလည်း ကျနော်အိမ်နီးချင်းတွေဆိုတော့ ဟိုကောင်တွေ အကြောင်းကို မေးတယ်ဗျ။ ဟိုလူငယ် အကြောင်းတွေ မေးတယ်ဆိုတော့ ရှင်းရှင်းပဲ ပြောတာပဲ။ ကျနော်မျက်စိမှာ မြင်ရသလောက် အဲလို အဲလိုပါလို့။ ကျနော်မျက်စိအောက်မှာတော့ သူတို့က လက်လုပ်လက်စားပဲ။ ကြုံရာကျပန်း အလုပ် လုပ်နေကြတဲ့သူတွေ။ ကျနော်တို့ သိရသလောက်ဆို ဘာမှ မပတ်သက်ဘူးဗျ။”
အဲဒီဒေသအတွင်း ကေအိုင်အေ(ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် တပ်မတော်)တို့ ဝင်ရောက် လှုပ်ရှားနေတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး မကြာခင်က နမ်းခမ်းရဲစခန်းရှေ့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ဒေသအတွင်း မသင်္ကာတဲ့သူတွေကို ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။
From - DVB
Saturday, November 19, 2011
KIAတပ်မဟာ(၃)နယ်မြေ မိုင်ဂျာယန်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးအမျိုးသမီးအစည်းအရုံး(KIWA) (မိုင်ဂျာယန်)မှ စည်းရုံးရေးမှူးဒေါ်မေလီအောင်ခေါင်းဆောင်တဲ့ အဖွဲ့ဝင် (၅) ဦးဟာ မော်တော်ယာဉ် (၂) စီးနဲ့အတူ ခင်ဒစ်ကျေးရွာကို နိုဝင်ဘာလ ၁၆ ရက်နေ့က ရောက်လာပါတယ်။ တိုက်နယ်မှူး ဘရန်အောင်နဲ့ KIO တပ်ဖွဲ့ဝင် (၃) ဦးတို့ ကြိုတင်စုစည်းထားတဲ့ ခင်ဒစ်၊ ဆိုင်မိုင်ပါနဲ့ ခိုင်ဘန်ရွာတွေကဒေသခံ ကချင် အမျိုးသမီး (၃၀) ဦးနဲ့တွေ့ဆုံပြီး ကချင် လွတ်မြောက်ရေး တပ်မတော်အတွက် အမျိုး သမီးစစ်မှုထမ်း အဖြစ် ၀င်ရောက် အမှုထမ်းကြဖို့ စည်းရုံးဟောပြောခဲ့တယ် လို့ မိုင်ဂျာယန်က လာတဲ့သတင်းတွေအရ သိရပါတယ်။