Sunday, November 20, 2011
အုန်းပြန့် ဒုက္ခသည် စခန်း
မြန်မာ-ထိုင်း နယ်စပ်ရှိ အုန်းပြန့် ဒုက္ခသည်စခန်းမှာ လာရောက်ခိုလုံနေကြတဲ့ ကချင် လူထုများမှ နိုဝင်ဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့ Kachin Fellowship Church (K.F.C) ဘုရားကျောင်းတွင် ကောက်သစ်စား ဆုတောင်းပွဲတော် ကျင်းပပြုလုပ်မည် ဖြစ်ပါတယ်။ အုန်းပြန့် စစ်ပြေး ဒုက္ခသည် စခန်းတွင် ကချင်လူမျိုး (၁၅၀) ဝန်းကျင် နေထိုင်ခိုလုံလျက်ရှိကြောင်း သိရှိရပါတယ်။
“ဟုတ်ပါတယ်.. ကျနော်တို့ အုန်းပြန့် စစ်ပြေးဒုက္ခသည် စခန်းမှာ လာရောက် ခိုလုံနေကြတဲ့ ကချင်လူမျိုး (၁၅၀) ဝန်းကျင် ရှိပါတယ်.. ကျနော်တို့ ဒီနေ့ ကောက်သစ်စား ဆုတောင်းပွဲတော်ကို ပြုလုပ်ပြီး ကချင် စစ်ပြေးဒုက္ခသည်များ အတွက် အထူး ဆုတောင်း ဆက်ကပ်သွားမှာပါ.. ကျနော်တို့ ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ .. ဒီလို ဒုက္ခသည် မှာ ရောက်ရှိနေတာတောင် တတ်နိုင်တဲ့ ဘက်ကနေ သတိရ အားပေး နေတဲ့ အကြောင်း ကို သိစေချင်တာပါဘဲ.. ကျနော်တို့ ဒီမှာ ရောက်ရှိနေတဲ့ ကချင် လူမျိုးတွေကတော့ ငွေဖြင့် မကူညီနိုင်ဘူးလေး.. ဒါကြောင့် တတ်နိုင်တဲ့ ဘက်ကနေ သွေးရင်း ညီအစ်ကိုများ ဖြစ်တဲ့အားလျော်စွာ ဆုတောင်းခြင်းဖြင့် ပါဝင် အားပေး ကူညီနေတာပါ..” ဟု အုန်းပြန့် စစ်ပြေး ဒုက္ခသည်မှာ ရောက်ရှိနေတဲ့ ကချင်များရဲ့ ကိုယ်စား ပြောပြလာပါတယ်။
ကောက်သစ်စား ဆုတောင်းပွဲတော်နှင့် တကွ ယခု ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း များတွင် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား လွန်ခဲ့တဲ့ ဇွန်လ (၉) ရက်နေ့က စတင်ပြီး စစ်ပွဲ ဖြစ်ပွားနေမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည် များနှင့် ပြည်သူလူထုများ အတွက်လည်း အလေးအနက် ဆုတောင်း ဆက်ကပ် သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
W.P Moses


No comments:
Post a Comment