Tuesday, November 8, 2011
ယနေ့ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့ရာ အစည်း အဝေးတွင် ပါတီဒု ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးညဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဒေါ်မေဝင်းမြင့် ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဝင်းမြင့် တို့ တက်ရောက် ခဲ့ကြသည်။
ဆုံးဖြတ်ချက်အရ NLD ဗဟိုကော်မတီဝင်များ အစည်းအဝေးကို တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ပါတီဗဟို ဦးစီး အဖွဲ့ဝင် (၁၀၆) ဦးနှင့် နိုဝင်ဘာလ ၁၈ ရက် အင်္ဂါနေ့ မနက်ပိုင်းတွင် အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်ချက် ယူမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားခဲ့သည်။ နိုဝင်ဘာလ ၁၈ ရက်နေ့  ရန်ကုန်မြို့ ရွှေတဂုံတိုင် လမ်းရှိ ရုံးချုပ်အစည်းအဝေးခန်းမတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

WPN
No comments:
Post a Comment