Friday, November 11, 2011

ဆဒုံးလဖိုင်ကျေးရွာသို့ စစ်အစိုးရ စစ်တပ်များ ရောက်ရှိလာ

Saturday, November 12, 2011
ဆဒုံး - လဖိုင် သို့ ချီတက်နေတဲ့ စစ်အစိုးရ စစ်သားများ..

နိုဝင်ဘာလ ၁၂ ရက် ဒီမနက်အစောကြီးမှာဘဲ ကချင်ပြည်နယ် ဝိုင်းမော် - ကန်ပိုင်တီး လမ်းမကြီး ဆဒုံး -လဖိုင်ကျေးရွာသို့ စစ်အစိုးရ စစ်တပ်များဟာ အင်အား အပြည့်နဲ့ ဝင်ရောက်လာပြီ ဖြစ်ကြောင်းမျက်မြင်များမှ ပြောကြားလာပါတယ်။ “ဟုတ်တယ်..စစ်သားတွေက အများကြီးဘဲ… လက်နက် အပြည့်..မြင်း တွေရောပါတယ်.. ကျနော် တွေ့တာတောင် အရောက် (၁၀၀) ကျော်မယ် ထင်တယ်.. စစ်တန်းကအရှည်ကြီးဘဲ.. ကျနော်တို့ အရမ်း စိုးရိမ်ပါတယ်.. စစ်အစိုးရမှ ရွာသားများကိုဖမ်းဆီးနှိပ်စက်မှာ နှင့် အမျိုးသမီးများကို အဓိမ္မကျင့်မှာကိုစိုးရိမ်ပူပန်မိတယ်.. ကျနော်တို့ ကြားနေ ရပါတယ်.. တခြား ကချင်ရွာတွေမှာဒီမျိုးလုပ်ခံနေရတယ် ဆိုတာကို… ဒီအတိုင်း ဆိုရင်တော့ ဒီ လဖိုင်နှင့် အနီး တဝိုက် ကျေးရွာတွေမှာစစ်ပွဲများ ပြင်းထန် လာမယ်ထင်တယ်.. ဒီနေရာတွေက K.I.A အတွက်လည်း အရေးပါတဲ့နေရာဖြစ်လို့ပါ..” ဟုပြောကြားလာပါတယ်။ 
 ဝိုင်းမော် - ကန်ပိုင်တီ ကားလမ်းမကြီး အတိုင်း စစ်အင်အား တိုးချဲ့နေတဲ့ စစ်အစိုးရ စစ်တပ်

 ကချင် စစ်ပြေးဒုက္ခသည်များ Kachin Internally Displace People (Kachin IDPs)

စစ်အစိုးရ စစ်တပ်မှစစ်အင်အားတိုးချဲ့လာမှုကြောင့် ဆဒုံးဘက်မှ ရွာသားများဟာ တရုတ်နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ဖို့စီစဉ်နေကြသလို.. တချို့တော့ တရုတ်နယ်စပ်သို့ ရောက်ရှိနေပြီလို့ သိရှိ ရပါတယ်။ “ကျနော်တို့ ထွက်ပြေးဖို့က တရုတ်နယ်စပ်ဘဲ ရှိတာဆိုတော့ အဲ့ဒီဘက်ဘဲ သွားရမှာပါ..ဒါပေမယ့် အခက်အခဲကတော့ရှိပါတယ်… တရုတ်အာဏာပိုင်တွေက သိပ်လက်မခံ ချင်ကြဘူး.. အများကြီးလည်း..တခါတည်း ဝင်လို့မရဘူး.. တအိမ်ထောင် နှစ်အိမ်ထောင်… ဒီလိုဘဲ ဝင်ခွင့် ပြုနေတယ်..ကျနော်တို့ ရွာသူရွာသားများ အင်မတန် ဒုက္ခရောက်နေပါတယ်… ” ဟု ရွာသားတစ်ဦးမှ ပြည်သူများကြုံတွေ့နေရတဲ့ အခက်အခဲ များကို ရင်ဖွင့်လာပါတယ်။

W.P Moses

No comments:

Post a Comment