Sunday, November 6, 2011

စစ်အစိုးရ စစ်တပ်နှင့် K.I.A အကြား တိုက်ပွဲကြောင့် ပြည်သူများ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်နေရ

Monday, November 7, 2011

 Kachin IDP

စစ်အစိုးရ စစ်တပ်နှင့် K.I.A တို့ အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ အကြားမှာ နိုဝင်ဘာလ ၆ ရက်နေ့ မှာ စစ်အစိုးရ စစ်တပ်မှ ဝိုင်းမော်မြို့နယ် ဝူယာန် ကျေးရွာနှင့် မုတ်ကျိတ် ကျေးရွာ အကြား ဦး လောင်ခူးလ (Lauhku La) ကို ဖမ်းဆီး ညှင်းပန်း နှိပ်စက်ပြီး သတ်ပစ်လိုက်ကြောင်း စုံစမ်း သိရှိ ရပါတယ်။ လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ် ကိုလည်း တစစီ ဖျက်ဆီးထားကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်တို့မှ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ ပြည်သူ (၆၀) လောက်ဟာ ယခုချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကျန်ရှိနေတဲ့ အိမ်သူအိမ်သား များမှာ ဘယ်လို လုပ်ရမှန်း မသိသဖြင့် စိုးရိမ် ပူပန်နေကြရပါတယ်။

W.P Moses

No comments:

Post a Comment